ဒီဘောလုံးပရိသတ်ကတော့လီဗာပူးကိုဒီရာသီမှာဘာအခွင့်အရေးမှမရှိတော့ဘူးလို့ယူဆနေပုံရပါတယ်။
ဩဇီမှဘောလုံးပရိသတ်တစ်ဦးဟာလီဗာပူးကိုပရီးမီးယားလိဂ်ထိပ်ဆုံးလေးသင်းစာရင်းမဝင်ရုံသာမက ကလော့ပ်ရဲ့အသင်းကိုတန်းဆင်းရမယ်လို့ပါယုံကြည်နေပါတယ်။
ပုံမှန်ဆိုဒီလောင်းကြေးမျိုးဘယ်သူမှမလောင်းပါဘူး။ဟုတ်ပါဘူး။အဲဗာတန်ပရိသတ်တစ်ဦးဖြစ်ပါတယ်။သူဟာလီဗာပူးကိုလာမယ့်ရာသီမှာချန်ပီယံရှစ်မှာကစားရမယ်ဆိုပြီး ဒေါ်လာ၃၀၀လောင်းကြေးထပ်လာပါတယ်။
ယင်းပရိသတ်ဟာလွန်ခဲ့တဲ့လအနည်းငယ်တုန်းကမှချန်ပီယံလိဂ်ဖလား၊ပရီးမီးယားလိဂ်ဖလား၊အက်ဖ်အေဖလားနှင့်ခါရာဘောင်ဖလား လေးလုံးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ ကလော့ပ်ရဲ့လီဗာပူးကိုပရီးမီးယားလိဂ်မှတန်းဆင်းရမယ်လို့ယုံကြည်နေပါတယ်။
ယင်းပရိသတ်ဟာ လီဗာပူးကိုတန်းဆင်းရမယ်ဆိုပြီး 1/1000 ဖြင့်လောင်းကြေးဖွင့်လှစ်ထားမှုမှာဒေါ်လာ၃၀၀လောင်းကြေးထပ်လာတာဖြစ်ပါတယ်။
တကယ်လို့များသူ့ဟောကိန်းအတိုင်းလီဗာပူးတန်းဆင်းရမယ်ဆိုရင်တော့ သူဟာဒေါ်လာ၃၀၀၃၀၀(ပေါင်၁၆၇၄၁၇)ရရှိလာပါမယ်။
သူဟာယူနိုက်တက်ကလီဗာပူးကို၂-၁ဂိုးဖြင့်အနိုင်ယူလိုက်ပြီးအဆင့်၁၆နေရာသို့ရောက်သွားပြီးတဲ့နောက်လောင်းကြေးထပ်လာတာဖြစ်ပါတယ်။ယင်းမတိုင်မီလီဗာပူးဟာဘုန်းမောက်ကို၉-၀ဖြင့်လည်းကောင်း၊နယူးကာဆယ်ကိုလည်းကောင်းအနိုင်ယူခဲ့တာပါ။
တဖက်တွင်လီဗာပူးဟာချန်ပီယံမန်စီးတီးကိုအနိုင်ယူခဲ့သလိုအမှတ်ပေးဇယားအောက်ဆုံးမှနော်တင်ဟမ်ဖောရက်စ်ကိုလည်းရှုံးထားပြန်ပါတယ်။
ZawGyi
ရုန်းကန်နေရတဲ့ လီဗာပူးကို တန်းဆင်းရမယ်ဆိုပြီး 1/1000 ဖြင့် ကြေးထပ်သူ တစ်ဦးပေါ်ပေါက်လာ