ရုန်းကန်နေရမှုကြောင့် စာအိတ်ထဲတွင် ကျည်ဆန်တစ်တောင့်ပေးပို့ခံရကာ ခြိမ်းခြောက်ခံနေရတဲ့ ဆမ်းဒိုးရီးယား

ဆမ်ဒိုးရီးယားအသင်းတာဝန်ရှိသူများဟာစီးရီးအေမှတန်းမဆင်းရရေးရုန်းကန်နေရမှုကြောင့်ကျည်ဆန်တစ်တောင့်ပါစာအိမ်ပေးပို့ခံရကာခြိမ်းခြောက်ခြင်းခံရမှုကြောင့်အကြီးအကျယ်တုန်လှုပ်နေကြပါတယ်။

ဆမ်ဒိုးရီးယားဟာစီးရီးအေအမှတ်ပေးဇယားအဆင့်၁၉နေရာတွင်ရပ်တည်နေပြီးတန်းဆင်းဇုန်ပြင်ပမှအသင်းနှင့်ရမှတ်၉မှတ်အထိကွာဟနေပါတယ်။

Rai ရဲ့ဖော်ပြချက်အရ Corte Lambrischini ရှိဆမ်ဒိုးရီးယားရဲ့ရုံးချုပ်သို့ ကျည်ဆန်တစ်တောင့်ပါစာအိတ်ရောက်လာပြီးအသက်အန္တရာယ်ခြိမ်းခြောက်ခံလာရကြောင်းသိရပါတယ်။

ဆမ်ဒိုးရီးယားပရိသတ်၇၀ဝန်းကျင်တိုဟာကလပ်ပိုင်ရှင်ဟောင်းဂါရိုနီမွန်ဒီနီမိသားစုကိုဆန္ဒပြမှုပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ရဲတပ်ဖွဲ့ဝင်များကကျည်ဆန်ပေးပို့ခြိမ်းခြောက်မှုမှာပရိသတ်များရဲ့ဆန္ဒပြမှုနှင့်ဆက်စပ်မှုမရှိကြောင်းဆိုထားပါတယ်။

လက်ရှိကလပ်ပိုင်ရှင်ဖာရီရိုဟာ၂၀၂၁ခုနှစ်တုန်းကစီးပွားရေးလုပ်ငန်းများတွင်ငွေကြေးခဝါချမှုပြုလုပ်ခြင်းကြောင့်ဥက္ကဌရာထူးမှနုတ်ထွက်ထားရပါတယ်။

ZawGyi

႐ုန္းကန္ေနရမႈေၾကာင့္ စာအိတ္ထဲတြင္ က်ည္ဆန္တစ္ေတာင့္ေပးပို႔ခံရကာ ၿခိမ္းေျခာက္ခံေနရတဲ့ ဆမ္းဒိုးရီးယား

ဆမ္ဒိုးရီးယားအသင္းတာဝန္ရွိသူမ်ားဟာစီးရီးေအမွတန္းမဆင္းရေရး႐ုန္းကန္ေနရမႈေၾကာင့္က်ည္ဆန္တစ္ေတာင့္ပါစာအိမ္ေပးပို႔ခံရကာၿခိမ္းေျခာက္ျခင္းခံရမႈေၾကာင့္အႀကီးအက်ယ္တုန္လႈပ္ေနၾကပါတယ္။

ဆမ္ဒိုးရီးယားဟာစီးရီးေအအမွတ္ေပးဇယားအဆင့္၁၉ေနရာတြင္ရပ္တည္ေနၿပီးတန္းဆင္းဇုန္ျပင္ပမွအသင္းႏွင့္ရမွတ္၉မွတ္အထိကြာဟေနပါတယ္။

Rai ရဲ႕ေဖာ္ျပခ်က္အရ Corte Lambrischini ရွိဆမ္ဒိုးရီးယားရဲ႕႐ုံးခ်ဳပ္သို႔ က်ည္ဆန္တစ္ေတာင့္ပါစာအိတ္ေရာက္လာၿပီးအသက္အႏၲရာယ္ၿခိမ္းေျခာက္ခံလာရေၾကာင္းသိရပါတယ္။

ဆမ္ဒိုးရီးယားပရိသတ္၇၀ဝန္းက်င္တိုဟာကလပ္ပိုင္ရွင္ေဟာင္းဂါ႐ိုနီမြန္ဒီနီမိသားစုကိုဆႏၵျပမႈျပဳလုပ္ခဲ့ၾကပါတယ္။ဒါေပမဲ့ရဲတပ္ဖြဲ႕ဝင္မ်ားကက်ည္ဆန္ေပးပို႔ၿခိမ္းေျခာက္မႈမွာပရိသတ္မ်ားရဲ႕ဆႏၵျပမႈႏွင့္ဆက္စပ္မႈမရွိေၾကာင္းဆိုထားပါတယ္။

လက္ရွိကလပ္ပိုင္ရွင္ဖာရီ႐ိုဟာ၂၀၂၁ခုႏွစ္တုန္းကစီးပြားေရးလုပ္ငန္းမ်ားတြင္ေငြေၾကးခဝါခ်မႈျပဳလုပ္ျခင္းေၾကာင့္ဥကၠဌရာထူးမွႏုတ္ထြက္ထားရပါတယ္။