ရုပ်သံတိုက်ရိုက်ထုတ်လွှင့်နေစဉ် ဂရက်ဇ်မန်းအား ဒဏ်ရာရရှိအောင် တမင်ပြုလုပ်ရန် တောင်းဆိုမှုအား အလှပဆုံးတုံ့ပြန်ခဲ့တဲ့ ဖီးလစ်

ဂျိုအာဖီးလစ်ဟာရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်နေစဉ်အက်သလက်တီကိုမက်ဒရစ်ကစားဖော်အန်တိုနီဂရက်ဇ်မန်းအားဒဏ်ရာရရှိစေရန်တမင်ပြုလုပ်ရန်တောင်းဆိုခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာအလှပဆုံးတုံ့ပြန်မှုပြုလုပ်နိုင်ခဲ့ပါတယ်။

ဂရက်ဇ်မန်းဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာနှစ်ရာသီကြာကစားလာခဲ့တဲ့ဘာစီလိုနာမှအသင်းဟောင်းအက်သလက်တီကိုသို့အငှားဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၁၉ခုနှစ်တုန်းကအက်သလက်တီကိုအားစွန့်ခွာကာဘာစီလိုနာသို့ပြောင်းခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်ပရိသတ်များဟာဂရက်ဇ်မန်းပြန်ရောက်လာမှုအပေါ်အမြင်မကြည်ဖြစ်နေကြပါတယ်။

ဂရက်ဇ်မန်းနေရာမှာအစားထိုးခြင်းခံခဲ့ရတဲ့ဂျိုအာဖီးလစ်ဟာကြာသပတေးနေ့တုန်းကလေ့ကျင့်ရေးကွင်းသို့လာစဉ်က “ဂျိုအာရေး၊ဂရက်ဇ်မန်းကိုနင်းပစ်လိုက်။သူ့ကိုဒဏ်ရာရအောင်လုပ်ပစ်လိုက်။ဒါဆိုရင်မင်းကိုကျော်ပြီးသူပွဲထွက်ခွင့်ရတော့မှာမဟုတ်တော့ဘူး”လို့ပြောဆိုခံခဲ့ရပါတယ်။

ချက်ချင်းပင်အသက်၂၁နှစ်ရှိပေါ်တူဂီလက်ရွေးစင်က “ဂရက်ဇ်မန်းကို မင်း ပိုပြီးတော့တလေးတစားရှိသင့်တယ်”လို့တုံ့ပြန်ခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်ကစားသမားဂရက်ဇ်မန်းဟာကြားရက်တုန်းကပေါ်တိုနှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာပရိသတ်များရဲ့လှောင်ပြောင်မှုများနှင့်ရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi

႐ုပ္သံတိုက္႐ိုက္ထုတ္လႊင့္ေနစဥ္ ဂရက္ဇ္မန္းအား ဒဏ္ရာရရွိေအာင္ တမင္ျပဳလုပ္ရန္ ေတာင္းဆိုမႈအား အလွပဆုံးတုံ႔ျပန္ခဲ့တဲ့ ဖီးလစ္

ဂ်ိဳအာဖီးလစ္ဟာ႐ုပ္သံတိုက္႐ိုက္ထုတ္လႊင့္မႈျပဳလုပ္ေနစဥ္အက္သလက္တီကိုမက္ဒရစ္ကစားေဖာ္အန္တိုနီဂရက္ဇ္မန္းအားဒဏ္ရာရရွိေစရန္တမင္ျပဳလုပ္ရန္ေတာင္းဆိုျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္ေပၚတူဂီလက္ေ႐ြးစင္ကစားသမားဟာအလွပဆုံးတုံ႔ျပန္မႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဂရက္ဇ္မန္းဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔မွာႏွစ္ရာသီၾကာကစားလာခဲ့တဲ့ဘာစီလိုနာမွအသင္းေဟာင္းအက္သလက္တီကိုသို႔အငွားျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္တုန္းကအက္သလက္တီကိုအားစြန႔္ခြာကာဘာစီလိုနာသို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္ပရိသတ္မ်ားဟာဂရက္ဇ္မန္းျပန္ေရာက္လာမႈအေပၚအျမင္မၾကည္ျဖစ္ေနၾကပါတယ္။

ဂရက္ဇ္မန္းေနရာမွာအစားထိုးျခင္းခံခဲ့ရတဲ့ဂ်ိဳအာဖီးလစ္ဟာၾကာသပေတးေန႔တုန္းကေလ့က်င့္ေရးကြင္းသို႔လာစဥ္က “ဂ်ိဳအာေရး၊ဂရက္ဇ္မန္းကိုနင္းပစ္လိုက္။သူ႔ကိုဒဏ္ရာရေအာင္လုပ္ပစ္လိုက္။ဒါဆိုရင္မင္းကိုေက်ာ္ၿပီးသူပြဲထြက္ခြင့္ရေတာ့မွာမဟုတ္ေတာ့ဘူး”လို႔ေျပာဆိုခံခဲ့ရပါတယ္။

ခ်က္ခ်င္းပင္အသက္၂၁ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္က “ဂရက္ဇ္မန္းကို မင္း ပိုၿပီးေတာ့တေလးတစားရွိသင့္တယ္”လို႔တုံ႔ျပန္ခဲ့ပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကစားသမားဂရက္ဇ္မန္းဟာၾကားရက္တုန္းကေပၚတိုႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္မွာပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈမ်ားႏွင့္ရင္ဆိုင္ခဲ့ရသူလည္းျဖစ္ပါတယ္။