ရုပ်သံလွှင့်ခွင့် မဝယ်ယူဘဲ ကမ္ဘာ့ဖလားပွဲစဉ်များကို ခိုးထုတ်လွှင့်ပြသနေတဲ့ မြောက်ကိုရီးယား

မြောက်ကိုရီးယားအာဏာပိုင်တို့ဟာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအားနိုင်ငံတွင်းထုတ်လွှင့်ပြသခွင့်အားဝယ်ယူခြင်းမပြုလုပ်ဘဲအခမဲ့ထုတ်လွှင့်ပြသလျက်ရှိနေကြောင်းသိရပါတယ်။

ယခုနှစ်၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကိုတနင်္ဂနွေနေ့တုန်းကအိမ်ရှင်ကာတာကအီကွေဒေါအသင်းကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ကာစတင်ခဲ့ပါတယ်။

အိမ်ရှင်ကာတာဟာဗလန်စီယာရဲ့သွင်းဂိုးနှစ်ဂိုးကြောင့်အီကွေဒေါကိုရှုံးနိမ့်ကာကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင်အုပ်စုအဖွင့်ပွဲရှုံးပွဲကြုံတွေ့တဲ့ ပထမဆုံးကမ္ဘာ့ဖလားအိမ်ရှင်အသင်းဖြစ်လာခဲ့ပါတယ်။

ယခုအခါကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်အချို့ကစားလာခဲ့ကြပြီးဖြစ်ပါတယ်။

ဒါပေမဲ့မြောက်ကိုရီးယားအာဏာပိုင်တို့ဟာနိုင်ငံတွင်းတွင်ကမ္ဘာ့ဖလားပြိုင်ပွဲကိုထုတ်လွှင့်ပြသခွင့်အားတရားဝင်ဝယ်ယူခြင်းမပြုလုပ်ဘဲ Korea Central TV (KCTV)မှတဆင့်ထုတ်လွှင့်ပြသနေပါတယ်။

KCTV ကိုမြောက်ကိုရီးယားရဲ့မြို့တော်ပြုံယမ်းမှထုတ်လွှင့်တာဖြစ်ပြီး မြောက်ကိုရီးယားအာဏာပိုင်ရုပ်သံလိုင်းဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာကမ္ဘာတွင်စစ်အာဏာရှင်စနစ်အရှည်ဆုံးနိုင်ငံများထဲမှတစ်ခုဖြစ်ပြီး ကမ်မိသားစုမျိုးဆက်သုံးဆက်အထိနိုင်ငံကိုထိန်းချုပ်အုပ်ချုပ်လာခဲ့ကြပါတယ်။

လက်ရှိမြောက်ကိုရီးယားခေါင်းဆောင်မှာကမ်ဂျုံအန်ဖြစ်ပြီးယူနိုက်တက်အမာခံပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ၁၉၆၆နှင့်၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲတို့ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ဖူးပါတယ်။

ZawGyi

႐ုပ္သံလႊင့္ခြင့္ မဝယ္ယူဘဲ ကမာၻ႔ဖလားပြဲစဥ္မ်ားကို ခိုးထုတ္လႊင့္ျပသေနတဲ့ ေျမာက္ကိုရီးယား

ေျမာက္ကိုရီးယားအာဏာပိုင္တို႔ဟာ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအားႏိုင္ငံတြင္းထုတ္လႊင့္ျပသခြင့္အားဝယ္ယူျခင္းမျပဳလုပ္ဘဲအခမဲ့ထုတ္လႊင့္ျပသလ်က္ရွိေနေၾကာင္းသိရပါတယ္။

ယခုႏွစ္၂၀၂၂ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကိုတနဂၤေႏြေန႔တုန္းကအိမ္ရွင္ကာတာကအီေကြေဒါအသင္းကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ကာစတင္ခဲ့ပါတယ္။

အိမ္ရွင္ကာတာဟာဗလန္စီယာရဲ႕သြင္းဂိုးႏွစ္ဂိုးေၾကာင့္အီေကြေဒါကိုရႈံးနိမ့္ကာကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတြင္အုပ္စုအဖြင့္ပြဲရႈံးပြဲႀကဳံေတြ႕တဲ့ ပထမဆုံးကမာၻ႔ဖလားအိမ္ရွင္အသင္းျဖစ္လာခဲ့ပါတယ္။

ယခုအခါကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕အုပ္စုပြဲစဥ္အခ်ိဳ႕ကစားလာခဲ့ၾကၿပီးျဖစ္ပါတယ္။

ဒါေပမဲ့ေျမာက္ကိုရီးယားအာဏာပိုင္တို႔ဟာႏိုင္ငံတြင္းတြင္ကမာၻ႔ဖလားၿပိဳင္ပြဲကိုထုတ္လႊင့္ျပသခြင့္အားတရားဝင္ဝယ္ယူျခင္းမျပဳလုပ္ဘဲ Korea Central TV (KCTV)မွတဆင့္ထုတ္လႊင့္ျပသေနပါတယ္။

KCTV ကိုေျမာက္ကိုရီးယားရဲ႕ၿမိဳ႕ေတာ္ၿပဳံယမ္းမွထုတ္လႊင့္တာျဖစ္ၿပီး ေျမာက္ကိုရီးယားအာဏာပိုင္႐ုပ္သံလိုင္းျဖစ္ပါတယ္။

ေျမာက္ကိုရီးယားဟာကမာၻတြင္စစ္အာဏာရွင္စနစ္အရွည္ဆုံးႏိုင္ငံမ်ားထဲမွတစ္ခုျဖစ္ၿပီး ကမ္မိသားစုမ်ိဳးဆက္သုံးဆက္အထိႏိုင္ငံကိုထိန္းခ်ဳပ္အုပ္ခ်ဳပ္လာခဲ့ၾကပါတယ္။

လက္ရွိေျမာက္ကိုရီးယားေခါင္းေဆာင္မွာကမ္ဂ်ဳံအန္ျဖစ္ၿပီးယူႏိုက္တက္အမာခံပရိသတ္တစ္ဦးလည္းျဖစ္ပါတယ္။

ေျမာက္ကိုရီးယားဟာ၁၉၆၆ႏွင့္၂၀၁၀ကမာၻ႔ဖလားၿပိဳင္ပြဲတို႔ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့ဖူးပါတယ္။