ရုပ်သံလွှင့်ခွင့် ရောင်းချမှုကြောင့် ပီအက်စ်ဂျီပိုင်ရှင်ကို ဆွစ်ဇာလန်တရားရုံးကထောင်ချရန် ကြိုးပမ်းလာ

ဆွစ်ဇာလန်တရားရုံးတစ်ခုဟာပီအက်စ်ဂျီအသင်းပိုင်ရှင်နက်စ်ဆာအယ်ခီလိုင်ဖီကို ထောင်ဒဏ်၂နှစ်ချမှတ်ရန်ကြိုးပမ်းလာပါတယ်။

Le Parisien ရဲ့ဖော်ပြချက်အရ ဆွစ်ဇာလန်အစိုးရစုံစမ်းစစ်ဆေးရေးမှူးခရစ္စတီနာကက်စတဲလ်လိုတီဟာအယ်ခီလိုင်ဖီကိုဘက်လိုက်ဆုံးဖြတ်မှုဖြင့် ထောင်ဒဏ်၂၈လချမှတ်ရန်တောင်းဆိုလာတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်စုံစမ်းစစ်ဆေးရေးမှူးဟာဖီဖာအထွေထွေအတွင်းရေးမှူးဟောင်းဂျီရိုမီဗယ်လ်ကီကိုလည်းထောင်ဒဏ်၃၅နှစ်ချမှတ်သင့်ကြောင်းတရားရုံးတွင်လျှောက်ထားပါတယ်။

အယ်ခီလိုင်ဖီဟာ၂၀၂၀ခုနှစ်တုန်းကဖီဖာအထွေထွေအတွင်းရေးမှူးဟောင်းဂျီရိုမီဗယ်လ်ကီကိုရုပ်သံလွှင့်ခွင့်နှင့်ပတ်သက်ပြီးဘက်လိုက်ဆုံးဖြတ်မှုဖြင့် စွဲချက်တင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အယ်ခီလိုင်ဖီဟာ ရုပ်သံကုမ္ပဏီ beIN Sport ရဲ့အကြီးအကဲတစ်ဦးဖြစ်ပြီး ပေါင်၁.၆၆သန်းတန်ဖိုးရှိ ရုပ်သံလွှင့်ခွင့်ကို ၁၈လကြာငွေကြေးတစ်ပြားမှမပေးဘဲထုတ်လွှင့်ပြသမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ရုပ်သံလွှင့်ခွင့် ရောင်းချမှုကြောင့် ပီအက်စ်ဂျီပိုင်ရှင်ကို ဆွစ်ဇာလန်တရားရုံးကို ထောင်ချရန် ကြိုးပမ်းလာ




