ရုရှားကို တိုက်ခိုက်ရန် ယူကရိန်းစစ်တပ်ထဲ ဝင်လိုက်တဲ့ ရှက်တာဒိုးနက်နောက်ခံလူကော်နီယန်ကို

ရှက်တာဒိုးနက်နောက်ခံလူဗစ်တာကော်နီယန်ကိုဟာရုရှားရဲ့ကျူးကျော်စစ်အား ခုခံတိုက်ခိုက်ရန်အတွက်ယူကရိန်းစစ်တပ်ထဲသို့ဝင်ရောက်လာပါတယ်။

အသက်၂၃နှစ်ရှိနောက်တန်းအစွန်လူဟာပြီးခဲ့တဲ့နှစ်တုန်းကချက်နှင့်ပွဲတွင် ယူကရိန်းလက်ရွေးစင်အတွက် ပထမဆုံးပွဲကစားခွင့်ရပြီးနောက် ၂ ပွဲကစားထားသူလည်းဖြစ်ပါတယ်။သူဟာယူကရိန်းစစ်တပ်ထဲသို့ဝင်ရောက်လာတဲ့နောက်ဆုံးဘောလုံးသမားလည်းဖြစ်ပါတယ်။

၎င်းက “ကျွန်တော်ယူကရိန်းမှာပါ။စစ်တပ်ကိုကူညီနေတယ်။ယူကရိန်းအောင်မြင်ပါစေ။မအလရုရှားတွေကိုဖျက်ဆီးပစ်ကြတယ်။ယူကရိန်းအောင်မြင်ပါစေ”လို့ပြောကြားသွားပါတယ်။

ဝလာဒီမာနှင့်ဗီတာလီကလစ်ချ်ကိုညီနောင်အပါအဝင်ယူကရိန်းအားကစားသမားအမြောက်အမြားတို့ဟာယူကရိန်းကိုကာကွယ်ရန်စစ်တပ်ထဲသို့ ဝင်ရောက်ထားကြပြီးလည်းဖြစ်ပါတယ်။

ပူတင်က ယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲလာပြီးနောက်ကိဗင်မြို့တော်ဝန်အဖြစ်၂၀၁၄ခုနှစ်ကတည်းကတာဝန်ထမ်းဆောင်လာတဲ့ကလစ်ချ်ကိုက လက်နက်ကိုင်ကာ ရုရှားကိုတိုက်ပွဲဝင်သွားမယ်လို့ကြေညာထားပါတယ်။

ZawGyi

႐ုရွားကို တိုက္ခိုက္ရန္ ယူကရိန္းစစ္တပ္ထဲ ဝင္လိုက္တဲ့ ရွက္တာဒိုးနက္ေနာက္ခံလူေကာ္နီယန္ကို

ရွက္တာဒိုးနက္ေနာက္ခံလူဗစ္တာေကာ္နီယန္ကိုဟာ႐ုရွားရဲ႕က်ဴးေက်ာ္စစ္အား ခုခံတိုက္ခိုက္ရန္အတြက္ယူကရိန္းစစ္တပ္ထဲသို႔ဝင္ေရာက္လာပါတယ္။

အသက္၂၃ႏွစ္ရွိေနာက္တန္းအစြန္လူဟာၿပီးခဲ့တဲ့ႏွစ္တုန္းကခ်က္ႏွင့္ပြဲတြင္ ယူကရိန္းလက္ေ႐ြးစင္အတြက္ ပထမဆုံးပြဲကစားခြင့္ရၿပီးေနာက္ ၂ ပြဲကစားထားသူလည္းျဖစ္ပါတယ္။သူဟာယူကရိန္းစစ္တပ္ထဲသို႔ဝင္ေရာက္လာတဲ့ေနာက္ဆုံးေဘာလုံးသမားလည္းျဖစ္ပါတယ္။

၎က “ကြၽန္ေတာ္ယူကရိန္းမွာပါ။စစ္တပ္ကိုကူညီေနတယ္။ယူကရိန္းေအာင္ျမင္ပါေစ။မအလ႐ုရွားေတြကိုဖ်က္ဆီးပစ္ၾကတယ္။ယူကရိန္းေအာင္ျမင္ပါေစ”လို႔ေျပာၾကားသြားပါတယ္။

ဝလာဒီမာႏွင့္ဗီတာလီကလစ္ခ်္ကိုညီေနာင္အပါအဝင္ယူကရိန္းအားကစားသမားအေျမာက္အျမားတို႔ဟာယူကရိန္းကိုကာကြယ္ရန္စစ္တပ္ထဲသို႔ ဝင္ေရာက္ထားၾကၿပီးလည္းျဖစ္ပါတယ္။

ပူတင္က ယူကရိန္းကိုက်ဴးေက်ာ္စစ္ဆင္ႏြဲလာၿပီးေနာက္ကိဗင္ၿမိဳ႕ေတာ္ဝန္အျဖစ္၂၀၁၄ခုႏွစ္ကတည္းကတာဝန္ထမ္းေဆာင္လာတဲ့ကလစ္ခ်္ကိုက လက္နက္ကိုင္ကာ ႐ုရွားကိုတိုက္ပြဲဝင္သြားမယ္လို႔ေၾကညာထားပါတယ္။