ရုရှားကို ထောက်ခံတဲ့အနေဖြင့် တရုတ်တွင် ယခုအပတ်ပရီးမီးယားလိဂ်ပွဲများကို ပြသမည်မဟုတ်

ယခုအပတ်ပရီးမီးယားလိဂ်ပွဲများကို ရုရှားကိုထောက်ခံကြောင်းပြသတဲ့အနေဖြင့်တရုတ်တွင်ထုတ်လွှင့်ပြသလာမှာမဟုတ်ကြောင်းသိရပါတယ်။

ပရီးမီးယားလိဂ်ဟာရုရှားကအိမ်နီးချင်းနိုင်ငံကိုအနိုင်ကျင့်ကျူးကျော်စစ်ဆင်နွဲပြီးနောက်ယူကရိန်းကိုဆက်တိုက်ထောက်ခံအားပေးမှုပြုလုပ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းတရုတ်ဟာသူတို့ရဲ့မဟာမိတ်ရုရှားကိုထောက်ခံအားပေးတဲ့အနေဖြင့် ယခုအပတ်ပရီးမီးယားလိဂ်ပွဲစဉ်ကိုထုတ်လွှင့်ပြသမှုမပြုလုပ်ရန်စီစဉ်နေတာလည်းဖြစ်ပါတယ်။

တရုတ်ကရုရှားရဲ့အကြီးမားဆုံး အပေါင်းအဖော်ဖြစ်ပြီး ဗလာဒီမာပူတင်ရဲ့ကျူးကျော်စစ်ကိုကန့်ကွက်ခြင်းမပြုတဲ့ထိပ်သီးနိုင်ငံလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာပြီးခဲ့တဲ့နွေကတည်းက တရုတ်တွင်ပရီးမီးယားလိဂ်ပွဲစဉ်များကိုထုတ်လွှင့်ပြသရန် iQiyi Sport နှင့်သဘောတူညီထားပါတယ်။၎င်းတို့ဟာ၂၀၂၄-၂၅အထိစာချုပ်ချုပ်ဆိုထားတာလည်းဖြစ်ပါတယ်။

တဖက်တွင်ပရီးမီးယားလိဂ်ကလပ်များဟာယခုအပတ်ပရီးမီးယားလိဂ်ပွဲများတွင်ယူကရိန်းကိုအားပေးကြောင်းပိုမိုပြသရန်စီစဉ်နေပါတယ်။ပရီးမီးယားလိဂ်အသင်းခေါင်းဆောင်များဟာယခုအပတ်ပွဲစဉ်များတွင်ယူကရိန်းအလံ အပြာနှင့်အဝါရောင်အလံပါ အသင်းခေါင်းဆောင်လက်ပတ်များကိုဝတ်ဆင်လာကြပါမယ်။

ZawGyi

႐ုရွားကို ေထာက္ခံတဲ့အေနျဖင့္ တ႐ုတ္တြင္ ယခုအပတ္ပရီးမီးယားလိဂ္ပြဲမ်ားကို ျပသမည္မဟုတ္

ယခုအပတ္ပရီးမီးယားလိဂ္ပြဲမ်ားကို ႐ုရွားကိုေထာက္ခံေၾကာင္းျပသတဲ့အေနျဖင့္တ႐ုတ္တြင္ထုတ္လႊင့္ျပသလာမွာမဟုတ္ေၾကာင္းသိရပါတယ္။

ပရီးမီးယားလိဂ္ဟာ႐ုရွားကအိမ္နီးခ်င္းႏိုင္ငံကိုအႏိုင္က်င့္က်ဴးေက်ာ္စစ္ဆင္ႏြဲၿပီးေနာက္ယူကရိန္းကိုဆက္တိုက္ေထာက္ခံအားေပးမႈျပဳလုပ္လာခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းတ႐ုတ္ဟာသူတို႔ရဲ႕မဟာမိတ္႐ုရွားကိုေထာက္ခံအားေပးတဲ့အေနျဖင့္ ယခုအပတ္ပရီးမီးယားလိဂ္ပြဲစဥ္ကိုထုတ္လႊင့္ျပသမႈမျပဳလုပ္ရန္စီစဥ္ေနတာလည္းျဖစ္ပါတယ္။

တ႐ုတ္က႐ုရွားရဲ႕အႀကီးမားဆုံး အေပါင္းအေဖာ္ျဖစ္ၿပီး ဗလာဒီမာပူတင္ရဲ႕က်ဴးေက်ာ္စစ္ကိုကန႔္ကြက္ျခင္းမျပဳတဲ့ထိပ္သီးႏိုင္ငံလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာၿပီးခဲ့တဲ့ေႏြကတည္းက တ႐ုတ္တြင္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားကိုထုတ္လႊင့္ျပသရန္ iQiyi Sport ႏွင့္သေဘာတူညီထားပါတယ္။၎တို႔ဟာ၂၀၂၄-၂၅အထိစာခ်ဳပ္ခ်ဳပ္ဆိုထားတာလည္းျဖစ္ပါတယ္။

တဖက္တြင္ပရီးမီးယားလိဂ္ကလပ္မ်ားဟာယခုအပတ္ပရီးမီးယားလိဂ္ပြဲမ်ားတြင္ယူကရိန္းကိုအားေပးေၾကာင္းပိုမိုျပသရန္စီစဥ္ေနပါတယ္။ပရီးမီးယားလိဂ္အသင္းေခါင္းေဆာင္မ်ားဟာယခုအပတ္ပြဲစဥ္မ်ားတြင္ယူကရိန္းအလံ အျပာႏွင့္အဝါေရာင္အလံပါ အသင္းေခါင္းေဆာင္လက္ပတ္မ်ားကိုဝတ္ဆင္လာၾကပါမယ္။