
ရုရှားကမိခင်နိုင်ငံကိုကျူးကျော်စစ်ဆင်နွဲလာပြီးနောက်ယူကရိန်းစတားယာရိုဆလပ်ဗ်ရာကစ်စကီးဟာဇင်းနစ်နှင့်စာချုပ်ဖျက်သိမ်းလိုက်ပါတယ်။
အသက်၃၂နှစ်ရှိနောက်ခံလူဟာမကြာသေးမီတုန်းကမိခင်နိုင်ငံကိုကျူးကျော်စစ်ဆင်နွဲလာတဲ့ရုရှားကိုဝေဖန်အပြစ်ဆင်မှုပြုလုပ်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ရုရှားပရီးမီးယားလိဂ်ထိပ်သီးဘက်ကစာချုပ်ဖျက်သိမ်းရန်သဘောတူညီလာခြင်းလည်းဖြစ်ပါတယ်။
ရှက်တာဒိုးနက်စ်စတားဟောင်းဟာအစောပိုင်းတုန်းကရက်အနည်းငယ်ကြာအနားပေးဖို့တောင်းဆိုပြီးနောက် နောက်ပိုင်းတွင်စာချုပ်ဖျက်သိမ်းရန်တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။
ယခုအခါဇင်းနစ်ကယူကရိန်းစတားနှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာလာပြီးစာချုပ်အတွင်းတွင်ရုရှား-ယူကရိန်းအရေးနှင့်ပတ်သက်ပြီးတစုံတရာထုတ်ပြန်သွားခြင်းမရှိပါဘူး။
ယူရိုဆလပ်ဗ်ရာကစ်ကီးဟာဇင်းနစ်အသင်းနှင့်အတူအမှတ်ပေးဖလား၃ကြိမ်၊အမှတ်ပေးဖလား၁ကြိမ်နှင့်စူပါဖလား၂ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ရာကစ်စကီးဟာယူကရိန်းလက်ရွေးစင်အသင်းအတွက်၅၄ပွဲကစားထားသူဖြစ်ပြီး၂၀၁၉ခုနှစ်တုန်းကဇင်းနစ်သို့ပြောင်းခဲ့သူဖြစ်ပါတယ်။
ရုရှားထိပ်သီးကလပ်ဇင်းနစ်ဟာ ရုရှားအစိုးရပိုင်ဆိုင်တဲ့ Gazprom ရဲ့ကျောထောက်နောက်ခံဖြင့်ရပ်တည်နေတဲ့ကလပ်ဖြစ်ပါတယ်။လို့ပြောကြားသွားပါတယ်။
Zawgyi
ရုရှားက ယူကရိန်းကျူးကျော်စစ်ဆင်နွဲပြီးနောက် ဇင်းနစ်နှင့် စာချုပ်ဖျက်သိမ်းလိုက်တဲ့ ယူကရိန်းစတားယာရိုဆလပ်ဗ်ရာကစ်စကီး