ရုရှားဆန်ရှင်ကြောင့် ဗလာဆစ်ရဲ့ပြောင်းရွှေ့ကြေး အရစ်ကျငွေ စီအက်စ်ကေအေသို့ ပေးရန် ပိတ်ပင်ခံရဖို့ ရှိတဲ့ ဝက်စ်ဟမ်း
ဗြိတိန်ကရုရှားကိုအရေးယူပိတ်ဆို့မှုပြုလုပ်လာမှုနဲ့အတူ ဝက်စ်ဟမ်းဟာနီကိုလာဗလာဆစ်အတွက်ပြောင်းရွှေ့ကြေးအရစ်ကျငွေအား စီအက်စ်ကေအေမော်စကိုသို့ပေးရန် ပိတ်ပင်ခြင်းခံလာရဖို့ရှိနေပါတယ်။
ဝက်စ်ဟမ်းဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တုန်းက ဗလာဆစ်ိကုပြောင်းရွှေ့ကြေးပေါင် ၂၆သန်းဖြင့် ရုရှားကလပ်စီအက်စ်ကေအေမော်စကိုထံမှဝယ်ယူခဲ့ပါတယ်။ဒါပေမဲ့ဝက်စ်ဟမ်းဟာဗလာဆစ်အတွက်ပြောင်းရွှေ့ကြေးကိုငွေအပြည့်အစုံမပေးရသေးဘဲအရစ်ကျပေးနေပါတယ်။
ရုရှားကယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲလာပြီးနောက်ဘိုရစ်ဂျွန်ဆင်အစိုးရဟာရုရှားကိုစီးပွားရေးပိတ်ဆို့မှုပြုလုပ်လာပါတယ်။
ဒါကြောင့်လည်းအင်္ဂလိပ်ကလပ်များအနေဖြင့်ရုရှားကလပ်များနှင့်အလုပ်လုပ်ခွင့်ပိတ်ပင်ခံလာရဖို့ရှိပါတယ်။
ယင်းရဲ့ရလဒ်အနေနဲ့ဝက်စ်ဟမ်းဟာဗလာဆစ်ရဲ့ပြောင်းရွှေ့ကြေးအရစ်ကျငွေအား လာမယ့်ဩဂုတ်လတွင်ပေးရမှာဖြစ်ပေမဲ့ တားဆီးခံရလာရဖို့ရှိပါတယ်။
အက်ဖ်အေဟာလည်းဗြိတိန်အစိုးရကဲ့သို့ပင်ကလပ်များကို ရုရှားကလပ်များနှင့်အလုပ်မလုပ်ရန်တားဆီးဖို့ရှိပါတယ်။ဒါပေမဲ့ယင်းသို့ပြောင်းရွှေ့ကြေးငွေ ပေးမှုမှာအက်ဖ်အေနဲ့မဆိုင်ဘဲဖီဖာရဲ့ဆုံးဖြတ်ချက်နှင့်သာသက်ဆိုင်နေပါတယ်။
ဗလာဆစ်ဟာယခုရာသီမှာဝက်စ်ဟမ်းအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၂၄ပွဲကစားထားပြီး၁ဂိုးသွင်းယူထားပါတယ်။
ZawGyi