ရုရှားတတိယတန်းကလပ် ကာမစ်ဇ်ရဲ့ကမ်းလှမ်းမှုရရှိထားတဲ့ UFC စတားခါဘစ်

ခါဘစ်ဟာရုရှားတတိယတန်းကလပ်အက်ဖ်စီကာမစ်ဇ်မှာကစားဖို့ကမ်းလှမ်းမှုရရှိထားကြောင်းသိရပါတယ်။UFC စတားဟာဒူဘိုင်းမှစပါးတပ်မော်စကိုလေ့ကျင့်ရေးကျောင်းပွဲတစ်ပွဲမှာသူ့ဘောလုံးကျွမ်းကျင်မှုကိုပြသခဲ့ပြီးတဲ့ နောက်တတိယတန်းကလပ်ရဲ့ကမ်းလှမ်းမှုရရှိလာတာလည်းဖြစ်ပါတယ်။

ကာမစ်ဇ်က “ကျွန်တော်တို့အသင်းရဲ့အစိတ်အပိုင်းအဖြစ်ဘောလုံးသမားဘဝပွဲထွက်ဖို့ကမ်းလှမ်းလိုက်ပါတယ်။ ကျွန်တော်တို့ကပွဲတိုင်းကိုအနိုင်အတွက်ဘဲကစားပါတယ်။ အားလုံးအဆင်ပြေသွားရင်ထောက်ခံချက်ပေးသွားဖို့အဆင်သင့်ပါပဲ။ခင်ဗျားဘက်ကနေ့စွဲ သတ်မှတ်လိုက်ဖို့ဘဲလိုပါတယ်”လို့ဆိုသွားပါတယ်။

ကာမစ်ဇ်ဟာဖေဖော်ဝါရီလ၁၂ရက်နေ့တွင်စတင်မယ့်နိုဗိုရိုဆက်တွင်ပြုလုပ်မယ့်သုံးပတ်ကြာစခန်းသွင်းလေ့ကျင့် မှုအစီအစဉ်မှာခါဘစ်ကိုထည့်သွင်းဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။

အသက်၃၂နှစ်ရှိခါဘစ်ဟာရီးရဲလ်မက်ဒရစ်အာမခံပရိသတ်တစ်ဦးဖြစ်ပြီးဘောလုံးဝါသနာအိုးတစ်ဦးလည်း ဖြစ်ပါတယ်။

သူဟာUFC ကစားသမားဘဝမှာပွဲ၃၀ထိုးရာမှာပွဲ၃၀လုံးအနိုင်ရရှိခဲ့ပြီးကစားသမားဘဝမှအနားယူထားသူလည်းဖြစ် ပါတယ်။

ZawGyi

႐ုရွားတတိယတန္းကလပ္ ကာမစ္ဇ္ရဲ႕ကမ္းလွမ္းမႈရရွိထားတဲ့ UFC စတားခါဘစ္

ခါဘစ္ဟာ႐ုရွားတတိယတန္းကလပ္အက္ဖ္စီကာမစ္ဇ္မွာကစားဖို႔ကမ္းလွမ္းမႈရရွိထားေၾကာင္းသိရပါတယ္။UFC စတားဟာဒူဘိုင္းမွစပါးတပ္ေမာ္စကိုေလ့က်င့္ေရးေက်ာင္းပြဲတစ္ပြဲမွာသူ႔ေဘာလုံးကြၽမ္းက်င္မႈကိုျပသခဲ့ၿပီးတဲ့ ေနာက္တတိယတန္းကလပ္ရဲ႕ကမ္းလွမ္းမႈရရွိလာတာလည္းျဖစ္ပါတယ္။

ကာမစ္ဇ္က “ကြၽန္ေတာ္တို႔အသင္းရဲ႕အစိတ္အပိုင္းအျဖစ္ေဘာလုံးသမားဘဝပြဲထြက္ဖို႔ကမ္းလွမ္းလိုက္ပါတယ္။ ကြၽန္ေတာ္တို႔ကပြဲတိုင္းကိုအႏိုင္အတြက္ဘဲကစားပါတယ္။ အားလုံးအဆင္ေျပသြားရင္ေထာက္ခံခ်က္ေပးသြားဖို႔အဆင္သင့္ပါပဲ။ခင္ဗ်ားဘက္ကေန႔စြဲ သတ္မွတ္လိုက္ဖို႔ဘဲလိုပါတယ္”လို႔ဆိုသြားပါတယ္။

ကာမစ္ဇ္ဟာေဖေဖာ္ဝါရီလ၁၂ရက္ေန႔တြင္စတင္မယ့္ႏိုဗို႐ိုဆက္တြင္ျပဳလုပ္မယ့္သုံးပတ္ၾကာစခန္းသြင္းေလ့က်င့္ မႈအစီအစဥ္မွာခါဘစ္ကိုထည့္သြင္းဖို႔ ႀကိဳးစားေနတာလည္းျဖစ္ပါတယ္။

အသက္၃၂ႏွစ္ရွိခါဘစ္ဟာရီးရဲလ္မက္ဒရစ္အာမခံပရိသတ္တစ္ဦးျဖစ္ၿပီးေဘာလုံးဝါသနာအိုးတစ္ဦးလည္း ျဖစ္ပါတယ္။

သူဟာUFC ကစားသမားဘဝမွာပြဲ၃၀ထိုးရာမွာပြဲ၃၀လုံးအႏိုင္ရရွိခဲ့ၿပီးကစားသမားဘဝမွအနားယူထားသူလည္းျဖစ္ ပါတယ္။