ရုရှားနှင့်ယူကရိန်းမှနိုင်ငံခြားသားကစားသမားများနှင့်နည်းပြများအတွက် အထူးအပြောင်းအရွှေ့ဖွင့်လှစ်ပေးလာတဲ့ ဖီဖာ

ဖီဖာဟာယူကရိန်းနှင့်ရုရှားကလပ်များမှနိုင်ငံခြားသားကစားသမားများနှင့်နည်းပြများအနေဖြင့် ယာယီထွက်ခွာပြီးကလပ်သစ်များနှင့်စာချုပ်သစ်ချုပ်ဆိုနိုင်တဲ့အထူးအပြောင်းအရွှေ့ဖွင့်လှစ်ပေးလာပါတယ်။

ရုရှားနှင့်ယူကရိန်းတို့မှနိုင်ငံခြားသားကစားသမားများဟာရုရှားကယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲလာပြီးနောက် နိုင်ငံခြားသားကစားသမားများနှင့်နည်းပြများကိုအကူအညီပေးရန်ဖိအားပေးခြင်းခံလာရပါတယ်။

ယခုအခါမှာတော့ဖီဖာဟာရုရှားနှင့်ယူကရိန်းမှနိုင်ငံခြားသားကစားသမားများနှင့်နည်းပြများအနေဖြင့်ကလပ်များနှင့်လာမယ့်ဇွန်လအထိစာချုပ်ယာယီရပ်ဆိုင်းမှုပြုလုပ်နိုင်ပါတယ်။

ဒါကြောင့်လည်းရုရှားမှနိုင်ငံခြားသားကစားသမားများအနေဖြင့်ကလပ်နှင့် ချုပ်ဆိုထားတဲ့စာချုပ်ကိုနှစ်ဦးသဘောတူဖျက်သိမ်းမှုမပြုလုပ်နိုင်လျှင်လည်း လာမယ့်ဇွန်လအထိစာချုပ်ကိုယာယီရပ်ဆိုင်းထားနိုင်ပါမယ်။

၎င်းတို့ဟာလာမယ့်ဧပြီလ၇ရက်နေ့မတိုင်မီကလပ်သစ်နှင့်စာချုပ်ချုပ်ဆိုနိုင်ပါမယ်။ဒါပေမဲ့ကလပ်များဟာရုရှားနှင့်ယူကရိန်းမှနိုင်ငံခြားသားကစားသမားများကိုခေါ်ယူရာမှာနှစ်ဦးထက်ပိုပြီးခေါ်ယူနိုင်မှာမဟုတ်ပါဘူး။

လက်ရှိအချိန်တွင်ခရက်စ်နိုဒါမှနည်းပြဖာကီမှာရာထူးမှနုတ်ထွက်ထားပြီးဖြစ်သလိုနိုင်ငံခြားသားကစားသမားများမှာလည်းစာချုပ်ရပ်ဆိုင်းခြင်းခံထားရပါတယ်။

ZawGyi

႐ုရွားႏွင့္ယူကရိန္းမွႏိုင္ငံျခားသားကစားသမားမ်ားႏွင့္နည္းျပမ်ားအတြက္ အထူးအေျပာင္းအေ႐ႊ႕ဖြင့္လွစ္ေပးလာတဲ့ ဖီဖာ

ဖီဖာဟာယူကရိန္းႏွင့္႐ုရွားကလပ္မ်ားမွႏိုင္ငံျခားသားကစားသမားမ်ားႏွင့္နည္းျပမ်ားအေနျဖင့္ ယာယီထြက္ခြာၿပီးကလပ္သစ္မ်ားႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္တဲ့အထူးအေျပာင္းအေ႐ႊ႕ဖြင့္လွစ္ေပးလာပါတယ္။

႐ုရွားႏွင့္ယူကရိန္းတို႔မွႏိုင္ငံျခားသားကစားသမားမ်ားဟာ႐ုရွားကယူကရိန္းကိုက်ဴးေက်ာ္စစ္ဆင္ႏြဲလာၿပီးေနာက္ ႏိုင္ငံျခားသားကစားသမားမ်ားႏွင့္နည္းျပမ်ားကိုအကူအညီေပးရန္ဖိအားေပးျခင္းခံလာရပါတယ္။

ယခုအခါမွာေတာ့ဖီဖာဟာ႐ုရွားႏွင့္ယူကရိန္းမွႏိုင္ငံျခားသားကစားသမားမ်ားႏွင့္နည္းျပမ်ားအေနျဖင့္ကလပ္မ်ားႏွင့္လာမယ့္ဇြန္လအထိစာခ်ဳပ္ယာယီရပ္ဆိုင္းမႈျပဳလုပ္ႏိုင္ပါတယ္။

ဒါေၾကာင့္လည္း႐ုရွားမွႏိုင္ငံျခားသားကစားသမားမ်ားအေနျဖင့္ကလပ္ႏွင့္ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ကိုႏွစ္ဦးသေဘာတူဖ်က္သိမ္းမႈမျပဳလုပ္ႏိုင္လွ်င္လည္း လာမယ့္ဇြန္လအထိစာခ်ဳပ္ကိုယာယီရပ္ဆိုင္းထားႏိုင္ပါမယ္။

၎တို႔ဟာလာမယ့္ဧၿပီလ၇ရက္ေန႔မတိုင္မီကလပ္သစ္ႏွင့္စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ပါမယ္။ဒါေပမဲ့ကလပ္မ်ားဟာ႐ုရွားႏွင့္ယူကရိန္းမွႏိုင္ငံျခားသားကစားသမားမ်ားကိုေခၚယူရာမွာႏွစ္ဦးထက္ပိုၿပီးေခၚယူႏိုင္မွာမဟုတ္ပါဘူး။

လက္ရွိအခ်ိန္တြင္ခရက္စ္ႏိုဒါမွနည္းျပဖာကီမွာရာထူးမွႏုတ္ထြက္ထားၿပီးျဖစ္သလိုႏိုင္ငံျခားသားကစားသမားမ်ားမွာလည္းစာခ်ဳပ္ရပ္ဆိုင္းျခင္းခံထားရပါတယ္။