ရုရှားရဲ့ကျူးကျော်စစ်ကို ကာကွယ်ရန် ယူကရိန်းစစ်တပ်သို့ ဝင်ရောက်လိုက်တဲ့ အာဆင်နယ်စတားဟောင်းလုဇနီ

အာဆင်နယ်နောက်ခံလူဟောင်းအိုလက်လုဇနီဟာယူကရိန်းသို့ပြန်လာပြီး ရုရှားရဲ့မိခင်နိုင်ငံအပေါ်ကျူးကျော်စစ်ကိုကာကွယ်ရန်ယူကရိန်းစစ်တပ်ထဲသို့ဝင်ရောက်ခဲ့ပါတယ်။

လုဇနီက၎င်းတို့မှာကိုယ့်ကိုယ်ကိုကာကွယ်ရေးအတွက်ဘယ်တော့မှလက်လျှော့သွားမှာမဟုတ်ကြောင်းကြုံးဝါးသွားပါတယ်။

အသက်၅၃နှစ်ရှိလုဇနီရဲ့နိုင်ငံကို ဗလာဒီမာပူတင်ကပြီးခဲ့တဲ့လမှစတင်ပြီးကျူးကျော်စစ်ဆင်နွဲခဲ့ပါတယ်။

ယူကရိန်းလက်ဝှေ့သမားများဖြစ်ကြတဲ့ဗီတာလီ၊ဝလာဒီမာကလစ်ရှ်ကို၊ဗာဆယ်လီလိုမာချန်ကိုတို့ဟာလည်းလက်နက်ကိုင်ကာမိခင်နိုင်ငံကိုကာကွယ်နေပါတယ်။

ဒါ့အပြင်ဘောလုံးသမားဆိုင်ယာတီအာတီမန်ကို၊ရှရှစ်ရဲ့ယူကရိန်းနည်းပြယူရီဗာနီဒူ၊အိုလံပစ်စတားများဖြစ်ကြတဲ့ဒီမီထရိုပဒရူချီနီ၊ဒီမီထရိုမာဇူချိုနှင့်တင်းနစ်သမားဆာဂီစတက်ဟိုစကီးတို့ဟာလည်းယူကရိန်းစစ်တပ်သို့ဝင်ရောက်ထားပါတယ်။

လုဇနီက “အခြားနိုင်ငံကိုချစ်တဲ့ယူကရိန်းသားတွေလိုပဲကျွန်တော်လည်း ယူကရိန်းမှာပါ။ကျွန်တော်တို့အားလုံးအမိမြေကိုကာကွယ်နေကြပါတယ်။Territorial Defence Forceတပ်ထဲသို့ဝင်ထားပါတယ်။အခြေအနေကတော့ရုတ်ရုတ်သဲသဲပါ။တစ်နေ့ ဥဩလေးချက်အော်တယ်။ညလည်းအော်တယ်။လူတွေ ဗုံးခိုကျင်းထဲမှာပုန်းနေကြတယ်။ကလေးတွေကတော့ဘာဖြစ်နေတယ်ဆိုတာနားမလည်ကြဘူး။သူတို့အရမ်းကြောက်နေကြတယ်။မြို့တွေ၊ရွာတွေ ဖျက်ဆီးခံနေရတယ်။လူတွေဟာဂက်စ်မရှိ၊လျှပ်စစ်မရှိ၊ရေနဲ့အစားအစာမရှိဘဲနေထိုင်နေရတယ်။ဒါပေမဲ့ကျွန်တော်တို့နိုင်ငံသားတွေမကြုံဖူးတဲ့စည်းလုံးမှုရှိနေကြတယ်။ဘယ်တော့မှအရှုံးမပေးဘူး။လူတိုင်းကတတ်နိုင်တဲ့ဘက်ကကူညီနေကြတယ်”လို့ပြောကြားသွားပါတယ်။

လုဇနီဟာအာဆင်နယ်တွင်၁၉၉၉ခုနှစ်မှ၂၀၀၃ခုနှစ်အထိကစားခဲ့ဖူးသူဖြစ်ပြီးပရီးမီးယားလိဂ်ဖလားနှင့်အက်ဖ်အေဖလားတို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။သူဟာဝုဗ်မှာလည်းတစ်ရာသီကစားခဲ့ပါသေးတယ်။

ZawGyi

႐ုရွားရဲ႕က်ဴးေက်ာ္စစ္ကို ကာကြယ္ရန္ ယူကရိန္းစစ္တပ္သို႔ ဝင္ေရာက္လိုက္တဲ့ အာဆင္နယ္စတားေဟာင္းလုဇနီ

အာဆင္နယ္ေနာက္ခံလူေဟာင္းအိုလက္လုဇနီဟာယူကရိန္းသို႔ျပန္လာၿပီး ႐ုရွားရဲ႕မိခင္ႏိုင္ငံအေပၚက်ဴးေက်ာ္စစ္ကိုကာကြယ္ရန္ယူကရိန္းစစ္တပ္ထဲသို႔ဝင္ေရာက္ခဲ့ပါတယ္။

လုဇနီက၎တို႔မွာကိုယ့္ကိုယ္ကိုကာကြယ္ေရးအတြက္ဘယ္ေတာ့မွလက္ေလွ်ာ့သြားမွာမဟုတ္ေၾကာင္းႀကဳံးဝါးသြားပါတယ္။

အသက္၅၃ႏွစ္ရွိလုဇနီရဲ႕ႏိုင္ငံကို ဗလာဒီမာပူတင္ကၿပီးခဲ့တဲ့လမွစတင္ၿပီးက်ဴးေက်ာ္စစ္ဆင္ႏြဲခဲ့ပါတယ္။

ယူကရိန္းလက္ေဝွ႔သမားမ်ားျဖစ္ၾကတဲ့ဗီတာလီ၊ဝလာဒီမာကလစ္ရွ္ကို၊ဗာဆယ္လီလိုမာခ်န္ကိုတို႔ဟာလည္းလက္နက္ကိုင္ကာမိခင္ႏိုင္ငံကိုကာကြယ္ေနပါတယ္။

ဒါ့အျပင္ေဘာလုံးသမားဆိုင္ယာတီအာတီမန္ကို၊ရွရွစ္ရဲ႕ယူကရိန္းနည္းျပယူရီဗာနီဒူ၊အိုလံပစ္စတားမ်ားျဖစ္ၾကတဲ့ဒီမီထ႐ိုပဒ႐ူခ်ီနီ၊ဒီမီထ႐ိုမာဇူခ်ိဳႏွင့္တင္းနစ္သမားဆာဂီစတက္ဟိုစကီးတို႔ဟာလည္းယူကရိန္းစစ္တပ္သို႔ဝင္ေရာက္ထားပါတယ္။

လုဇနီက “အျခားႏိုင္ငံကိုခ်စ္တဲ့ယူကရိန္းသားေတြလိုပဲကြၽန္ေတာ္လည္း ယူကရိန္းမွာပါ။ကြၽန္ေတာ္တို႔အားလုံးအမိေျမကိုကာကြယ္ေနၾကပါတယ္။Territorial Defence Forceတပ္ထဲသို႔ဝင္ထားပါတယ္။အေျခအေနကေတာ့႐ုတ္႐ုတ္သဲသဲပါ။တစ္ေန႔ ဥဩေလးခ်က္ေအာ္တယ္။ညလည္းေအာ္တယ္။လူေတြ ဗုံးခိုက်င္းထဲမွာပုန္းေနၾကတယ္။ကေလးေတြကေတာ့ဘာျဖစ္ေနတယ္ဆိုတာနားမလည္ၾကဘူး။သူတို႔အရမ္းေၾကာက္ေနၾကတယ္။ၿမိဳ႕ေတြ၊႐ြာေတြ ဖ်က္ဆီးခံေနရတယ္။လူေတြဟာဂက္စ္မရွိ၊လွ်ပ္စစ္မရွိ၊ေရနဲ႔အစားအစာမရွိဘဲေနထိုင္ေနရတယ္။ဒါေပမဲ့ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြမႀကဳံဖူးတဲ့စည္းလုံးမႈရွိေနၾကတယ္။ဘယ္ေတာ့မွအရႈံးမေပးဘူး။လူတိုင္းကတတ္ႏိုင္တဲ့ဘက္ကကူညီေနၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

လုဇနီဟာအာဆင္နယ္တြင္၁၉၉၉ခုႏွစ္မွ၂၀၀၃ခုႏွစ္အထိကစားခဲ့ဖူးသူျဖစ္ၿပီးပရီးမီးယားလိဂ္ဖလားႏွင့္အက္ဖ္ေအဖလားတို႔ဆြတ္ခူးႏိုင္ခဲ့ပါတယ္။သူဟာဝုဗ္မွာလည္းတစ္ရာသီကစားခဲ့ပါေသးတယ္။