ရုရှားရဲ့ကျူးကျော်စစ်ကို Speak Out မလုပ်တဲ့ ပွဲအများဆုံးကစားထားတဲ့ တိုင်မိုချက်ခ်ကို ယူကရိန်းဘောလုံးအဖွဲ့ချုပ်အရေးယူ

ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဟာရုရှားကယူကရိန်းနိုင်ငံအားကျူးကျော်စစ်ဆင်နွဲမှုနဲ့ပတ်သက်ပြီး Speak Out မလုပ်တဲ့အပြင်ဇင်းနစ်တွင်ပင်ဆက်လက်အလုပ်လုပ်နေတဲ့ ယူကရိန်းအသင်းခေါင်းဆောင်ဟောင်းအနာတိုလီတိုင်မိုချက်ခ်ကိုအရေးယူမှုပြုလုပ်လာပါတယ်။

တိုင်မိုချက်ခ်ဟာယူကရိန်းဘောလုံးသမိုင်းတွင်အကြီးကျယ်ဘောလုံးသမားအဖြစ်အင်ဒရေရှက်ဗ်ချင်ကိုအားကျော်ဖြတ်ကာရွေးချယ်ခြင်းခံခဲ့ရဖူးသူဖြစ်ပါတယ်။

သူဟာယူကရိန်းလက်ရွေးစင်အသင်းအတွက်၁၄၄ပွဲကစားပေးခဲ့ကာပွဲအများဆုံးကစားထားသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ကာအသင်းခေါင်းဆောင်အဖြစ်လေးနှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒါပေမဲ့အသက်၄၂နှစ်ရှိတိုင်မိုချက်ခ်ဟာဇင်းနစ်အသင်းတွင်လက်ထောက်နည်းပြအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်နေမှုနဲ့အတူ ယူကရိန်းဂန္ထဝင်ဆိုတဲ့ဂုဏ်ပုဒ်ပျောက်ဆုံးရတော့မှာဖြစ်ပါတယ်။

ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဟာတိုင်မိုချက်ခ်ကိုCode of Ethics and Fair Play ကိုချိုးဖောက်တယ်ဆိုပြီးယူကရိန်းတွင်ရယူနိုင်ခဲ့တဲ့အောင်မြင်မှုအားလုံးပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ရှက်တာဒိုးနက်စ်ကွင်းလယ်ကစားသမားဟောင်းဟာယူကရိန်းအမှတ်ပေးဖလား၃ကြိမ်၊ရှုံးထွက်ဖလား၃ကြိမ်၊စူပါဖလား၁ကြိမ်ဆွတ်ခူးခဲ့ဖူးပါတယ်။

ဒါ့အပြင်ယူကရိန်းဘောလုံးအဖွဲ့ချုပ်ဟာလက်ရွေးစင်အတွက်၁၄၄ပွဲကစားထားမှုကိုလည်းဖယ်ရှားလိုက်တဲ့အပြင်နိုင်ငံတော်ကချီးမြှင့်ထားမှုအားလုံးကိုလည်းဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။

အက်ဖ်အေဟာတိုင်မိုချက်ခ်ကိုဇင်းနစ်မှာအလုပ်လုပ်မလုပ်နိုင်အောင် ယူအီးအက်ဖ်အေလိုင်စင်ကိုလည်းဖယ်ရှားလိုနေပါတယ်။

ZawGyi

႐ုရွားရဲ႕က်ဴးေက်ာ္စစ္ကို Speak Out မလုပ္တဲ့ ပြဲအမ်ားဆုံးကစားထားတဲ့ တိုင္မိုခ်က္ခ္ကို ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္အေရးယူ

ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ႐ုရွားကယူကရိန္းႏိုင္ငံအားက်ဴးေက်ာ္စစ္ဆင္ႏြဲမႈနဲ႔ပတ္သက္ၿပီး Speak Out မလုပ္တဲ့အျပင္ဇင္းနစ္တြင္ပင္ဆက္လက္အလုပ္လုပ္ေနတဲ့ ယူကရိန္းအသင္းေခါင္းေဆာင္ေဟာင္းအနာတိုလီတိုင္မိုခ်က္ခ္ကိုအေရးယူမႈျပဳလုပ္လာပါတယ္။

တိုင္မိုခ်က္ခ္ဟာယူကရိန္းေဘာလုံးသမိုင္းတြင္အႀကီးက်ယ္ေဘာလုံးသမားအျဖစ္အင္ဒေရရွက္ဗ္ခ်င္ကိုအားေက်ာ္ျဖတ္ကာေ႐ြးခ်ယ္ျခင္းခံခဲ့ရဖူးသူျဖစ္ပါတယ္။

သူဟာယူကရိန္းလက္ေ႐ြးစင္အသင္းအတြက္၁၄၄ပြဲကစားေပးခဲ့ကာပြဲအမ်ားဆုံးကစားထားသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ကာအသင္းေခါင္းေဆာင္အျဖစ္ေလးႏွစ္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

ဒါေပမဲ့အသက္၄၂ႏွစ္ရွိတိုင္မိုခ်က္ခ္ဟာဇင္းနစ္အသင္းတြင္လက္ေထာက္နည္းျပအျဖစ္ဆက္လက္တာဝန္ထမ္းေဆာင္ေနမႈနဲ႔အတူ ယူကရိန္းဂႏၴဝင္ဆိုတဲ့ဂုဏ္ပုဒ္ေပ်ာက္ဆုံးရေတာ့မွာျဖစ္ပါတယ္။

ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဟာတိုင္မိုခ်က္ခ္ကိုCode of Ethics and Fair Play ကိုခ်ိဳးေဖာက္တယ္ဆိုၿပီးယူကရိန္းတြင္ရယူႏိုင္ခဲ့တဲ့ေအာင္ျမင္မႈအားလုံးျပန္လည္႐ုတ္သိမ္းလိုက္ၿပီျဖစ္ပါတယ္။

ရွက္တာဒိုးနက္စ္ကြင္းလယ္ကစားသမားေဟာင္းဟာယူကရိန္းအမွတ္ေပးဖလား၃ႀကိမ္၊ရႈံးထြက္ဖလား၃ႀကိမ္၊စူပါဖလား၁ႀကိမ္ဆြတ္ခူးခဲ့ဖူးပါတယ္။

ဒါ့အျပင္ယူကရိန္းေဘာလုံးအဖြဲ႕ခ်ဳပ္ဟာလက္ေ႐ြးစင္အတြက္၁၄၄ပြဲကစားထားမႈကိုလည္းဖယ္ရွားလိုက္တဲ့အျပင္ႏိုင္ငံေတာ္ကခ်ီးျမႇင့္ထားမႈအားလုံးကိုလည္းဖယ္ရွားလိုက္ၿပီျဖစ္ပါတယ္။

အက္ဖ္ေအဟာတိုင္မိုခ်က္ခ္ကိုဇင္းနစ္မွာအလုပ္လုပ္မလုပ္ႏိုင္ေအာင္ ယူအီးအက္ဖ္ေအလိုင္စင္ကိုလည္းဖယ္ရွားလိုေနပါတယ္။