ရုရှားရဲ့ကျူးကျော်စစ်ကြောင့် စကော့တလန်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲကို ရွှေ့ဆိုင်းပေးရန် ယူကရိန်းတောင်းဆို

ယူကရိန်းဟာစကော့တလန်နှင့်ရင်ဆိုင်ကစားရမယ့်ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်ကိုဇွန်လသို့ရွှေ့ဆိုင်းပေးရန်တောင်းဆိုမှုပြုလုပ်လာပါတယ်။

စတိဗ်ကလပ်ခ်ရဲ့စကော့တလန်ဟာယခုလနှောင်းပိုင်းမှာယူကရိန်းကိုဧည့်ခံကစားရမှာဖြစ်ပြီးယင်းပွဲအနိုင်ရရှိလျှင်ပလေးအော့ဖ်ဗိုလ်လုပွဲမှာဝေးလ်(သို့မဟုတ်)ဩစတြီးယားနှင့်ရင်ဆိုင်ရပါမယ်။

အနိုင်ရရှိတဲ့အသင်းမှာယခုနှစ်နှောင်းပိုင်းတွင်ကျင်းပမယ့်ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပါမယ်။

ဒါပေမဲ့ယခုအခါမှာတော့ယူကရိန်းဟာရုရှားရဲ့ကျူးကျော်စစ်ဆင်နွဲခံရမှုနဲ့အတူပွဲကိုရွှေ့ဆိုင်းပေးရန်ဖီဖာထံသို့တောင်းဆိုလာပြီဖြစ်ပါတယ်။

ယူကရိန်းဟာ၈ရက်တိုင်တိုင်ရုရှားရဲ့ကျုးကျော်ခံရစဉ်အတွင်းအပြစ်မဲ့ပြည်သူသုံးထောင်နီးပါးသေဆုံးထားရာဖီဖာဟာစာနာထောက်ထားသောအားဖြင့်ရွှေ့ဆိုင်းပေးလာဖို့ရှိပါတယ်။အကယ်၍စကော့တလန်-ယူကရိန်းပွဲကိုရွှေ့ဆိုင်းရမည်ဆိုပါကဝေးလ်နှင့်ဩစတြီးယားပွဲကိုလည်းရွှေ့ဆိုင်းလာဖို့ရှိပါတယ်။

ယူကရိန်းနည်းပြအိုလက်ဇန္ဒားပီထရာကော့ဗ်ကမူစကော့တလန်နှင့်ပွဲကစားရေးနှင့်ပတ်သက်ပြီးပြည်တွင်းကစားသမားများနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ထားပြီးဖြစ်ကြောင်းဆိုထားပါတယ်။

ဖီဖာဟာကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်မှရုရှားကိုထုတ်ပယ်ထားပြီးဖြစ်ကာပိုလန်ကို ပလေးအော့ဖ်ဗိုလ်လုပွဲတက်ခွင့်ပေးမပေးကိုလည်းဆုံးဖြတ်ရပါဦးမယ်။အကယ်၍ဖီဖာအနေဖြင့်ပိုလန်ကိုဗိုလ်လုပွဲတက်ခွင့်မပေးပါက အုပ်စုတတိယနေရာရရှိခဲ့တဲ့ဆလိုဗက်ကီးယားကိုပိုလန်နှင့်ကစားစေဖွယ်ရှိပါတယ်။

ZawGyi

႐ုရွားရဲ႕က်ဴးေက်ာ္စစ္ေၾကာင့္ စေကာ့တလန္ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲကို ေ႐ႊ႕ဆိုင္းေပးရန္ ယူကရိန္းေတာင္းဆို

ယူကရိန္းဟာစေကာ့တလန္ႏွင့္ရင္ဆိုင္ကစားရမယ့္ကမာၻ႔ဖလားပေလးေအာ့ဖ္ပြဲစဥ္ကိုဇြန္လသို႔ေ႐ႊ႕ဆိုင္းေပးရန္ေတာင္းဆိုမႈျပဳလုပ္လာပါတယ္။

စတိဗ္ကလပ္ခ္ရဲ႕စေကာ့တလန္ဟာယခုလေႏွာင္းပိုင္းမွာယူကရိန္းကိုဧည့္ခံကစားရမွာျဖစ္ၿပီးယင္းပြဲအႏိုင္ရရွိလွ်င္ပေလးေအာ့ဖ္ဗိုလ္လုပြဲမွာေဝးလ္(သို႔မဟုတ္)ဩစႀတီးယားႏွင့္ရင္ဆိုင္ရပါမယ္။

အႏိုင္ရရွိတဲ့အသင္းမွာယခုႏွစ္ေႏွာင္းပိုင္းတြင္က်င္းပမယ့္ကာတာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ပါမယ္။

ဒါေပမဲ့ယခုအခါမွာေတာ့ယူကရိန္းဟာ႐ုရွားရဲ႕က်ဴးေက်ာ္စစ္ဆင္ႏြဲခံရမႈနဲ႔အတူပြဲကိုေ႐ႊ႕ဆိုင္းေပးရန္ဖီဖာထံသို႔ေတာင္းဆိုလာၿပီျဖစ္ပါတယ္။

ယူကရိန္းဟာ၈ရက္တိုင္တိုင္႐ုရွားရဲ႕က်ဳးေက်ာ္ခံရစဥ္အတြင္းအျပစ္မဲ့ျပည္သူသုံးေထာင္နီးပါးေသဆုံးထားရာဖီဖာဟာစာနာေထာက္ထားေသာအားျဖင့္ေ႐ႊ႕ဆိုင္းေပးလာဖို႔ရွိပါတယ္။အကယ္၍စေကာ့တလန္-ယူကရိန္းပြဲကိုေ႐ႊ႕ဆိုင္းရမည္ဆိုပါကေဝးလ္ႏွင့္ဩစႀတီးယားပြဲကိုလည္းေ႐ႊ႕ဆိုင္းလာဖို႔ရွိပါတယ္။

ယူကရိန္းနည္းျပအိုလက္ဇႏၵားပီထရာေကာ့ဗ္ကမူစေကာ့တလန္ႏွင့္ပြဲကစားေရးႏွင့္ပတ္သက္ၿပီးျပည္တြင္းကစားသမားမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ထားၿပီးျဖစ္ေၾကာင္းဆိုထားပါတယ္။

ဖီဖာဟာကမာၻ႔ဖလားေျခစစ္ပြဲပေလးေအာ့ဖ္မွ႐ုရွားကိုထုတ္ပယ္ထားၿပီးျဖစ္ကာပိုလန္ကို ပေလးေအာ့ဖ္ဗိုလ္လုပြဲတက္ခြင့္ေပးမေပးကိုလည္းဆုံးျဖတ္ရပါဦးမယ္။အကယ္၍ဖီဖာအေနျဖင့္ပိုလန္ကိုဗိုလ္လုပြဲတက္ခြင့္မေပးပါက အုပ္စုတတိယေနရာရရွိခဲ့တဲ့ဆလိုဗက္ကီးယားကိုပိုလန္ႏွင့္ကစားေစဖြယ္ရွိပါတယ္။