ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကို အားပေးတဲ့ ဘီလာရုစ်ကို ယူအီးအက်ဖ်အေ အရေးယူပြီ

ယူအီးအက်ဖ်အေဟာရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကိုထောက်ခံအားပေးတဲ့ဘီလာရုစ်ရဲ့လက်ရွေးစင်အသင်းနှင့်ကလပ်များအား ယူအီးအက်ဖ်အေကကျင်းပတဲ့ပွဲများတွင်အိမ်ကွင်းလက်ခံကစားခွင့်ပိတ်ပင်လိုက်ပါတယ်။

ဘီလာရုစ်အစိုးရဟာရုရှားရဲ့အိမ်နီးချင်းနိုင်ငံယူကရိန်းအားကျူးကျော်စစ်ဆင်နွဲမှုကိုထောက်ခံအားပေးနေပါတယ်။

၎င်းတို့ဟာ ဗလာဒီမာပူတင်ရဲ့လုပ်ရပ်ကို အရေးယူရန် ယူအန်တွေ့ဆုံပွဲတွင် ဆီးရီးယား၊အဲရီထရီယာ၊မြောက်ကိုရီးယားတို့နဲ့အတူ ကန့်ကွက်မဲပေးခဲ့တဲ့ လေးနိုင်ငံတည်းတွင်ပါဝင်ပါတယ်။

ယခုအခါယူအီးအက်ဖ်အေဟာ၎င်းတို့ကြီးမှူးကျင်းပတဲ့ဘောလုံးပြိုင်ပွဲတွင် ဘီလာရုစ်လက်ရွေးစင်အသင်းများနှင့်ကလပ်များအအနေဖြင့် အိမ်ကွင်းပွဲစဉ်များအားလုံးကိုကြားကွင်းတွင်သာကစားရန်ဆုံးဖြတ်လာပြီဖြစ်ပါတယ်။

ဖီဖာဟာယူကရိန်းကျူးကျော်စစ်ဆင်နွဲတဲ့ရုရှားကိုကမ္ဘာ့ဖလားခြေစစ်ပွဲမှထုတ်ပယ်ထားပြီးဖြစ်ပါတယ်။ဒါ့အပြင်ရုရှားအသင်းအားလုံးဟာ ယူအီးအက်ဖ်အေကကျင်းပတဲ့ပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံထားရပါတယ်။

ဒါကြောင့်လည်းစပါးတပ်မော်စကိုမှာယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်မှအထုတ်ခံထားကာ ပြိုင်ဘက်ရက်ဘူးလ်လိုက်ဇစ်မှာကွာတားဖိုင်နယ်သို့တက်သွားပြီဖြစ်ပါတယ်။

ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ဆင်နွဲတဲ့ပထမ၈ရက်အတွင်းတွင်အပြစ်မဲ့ယူကရိန်းပြည်သူနှစ်ထောင်ကျော်သေဆုံးထားပြီးဖြစ်ပါတယ်။

ZawGyi

႐ုရွားရဲ႕ယူကရိန္းက်ဴးေက်ာ္စစ္ကို အားေပးတဲ့ ဘီလာ႐ုစ္ကို ယူအီးအက္ဖ္ေအ အေရးယူၿပီ

ယူအီးအက္ဖ္ေအဟာ႐ုရွားရဲ႕ယူကရိန္းက်ဴးေက်ာ္စစ္ကိုေထာက္ခံအားေပးတဲ့ဘီလာ႐ုစ္ရဲ႕လက္ေ႐ြးစင္အသင္းႏွင့္ကလပ္မ်ားအား ယူအီးအက္ဖ္ေအကက်င္းပတဲ့ပြဲမ်ားတြင္အိမ္ကြင္းလက္ခံကစားခြင့္ပိတ္ပင္လိုက္ပါတယ္။

ဘီလာ႐ုစ္အစိုးရဟာ႐ုရွားရဲ႕အိမ္နီးခ်င္းႏိုင္ငံယူကရိန္းအားက်ဴးေက်ာ္စစ္ဆင္ႏြဲမႈကိုေထာက္ခံအားေပးေနပါတယ္။

၎တို႔ဟာ ဗလာဒီမာပူတင္ရဲ႕လုပ္ရပ္ကို အေရးယူရန္ ယူအန္ေတြ႕ဆုံပြဲတြင္ ဆီးရီးယား၊အဲရီထရီယာ၊ေျမာက္ကိုရီးယားတို႔နဲ႔အတူ ကန႔္ကြက္မဲေပးခဲ့တဲ့ ေလးႏိုင္ငံတည္းတြင္ပါဝင္ပါတယ္။

ယခုအခါယူအီးအက္ဖ္ေအဟာ၎တို႔ႀကီးမႉးက်င္းပတဲ့ေဘာလုံးၿပိဳင္ပြဲတြင္ ဘီလာ႐ုစ္လက္ေ႐ြးစင္အသင္းမ်ားႏွင့္ကလပ္မ်ားအအေနျဖင့္ အိမ္ကြင္းပြဲစဥ္မ်ားအားလုံးကိုၾကားကြင္းတြင္သာကစားရန္ဆုံးျဖတ္လာၿပီျဖစ္ပါတယ္။

ဖီဖာဟာယူကရိန္းက်ဴးေက်ာ္စစ္ဆင္ႏြဲတဲ့႐ုရွားကိုကမာၻ႔ဖလားေျခစစ္ပြဲမွထုတ္ပယ္ထားၿပီးျဖစ္ပါတယ္။ဒါ့အျပင္႐ုရွားအသင္းအားလုံးဟာ ယူအီးအက္ဖ္ေအကက်င္းပတဲ့ၿပိဳင္ပြဲမ်ားတြင္ပါဝင္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္ခံထားရပါတယ္။

ဒါေၾကာင့္လည္းစပါးတပ္ေမာ္စကိုမွာယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္မွအထုတ္ခံထားကာ ၿပိဳင္ဘက္ရက္ဘူးလ္လိုက္ဇစ္မွာကြာတားဖိုင္နယ္သို႔တက္သြားၿပီျဖစ္ပါတယ္။

႐ုရွားရဲ႕ယူကရိန္းက်ဴးေက်ာ္စစ္ဆင္ႏြဲတဲ့ပထမ၈ရက္အတြင္းတြင္အျပစ္မဲ့ယူကရိန္းျပည္သူႏွစ္ေထာင္ေက်ာ္ေသဆုံးထားၿပီးျဖစ္ပါတယ္။