ရုရှားရဲ့ယူကရိန်းကျူးကျော်မှုကို ထောက်ခံတဲ့ဆားဘီးယားကလပ် ရက်စတားဘဲလ်ဂရိတ်ပရိသတ်များ

ဆားဘီးယားကလပ် ရက်စတားဘဲလ်ဂရိတ်ရဲ့ပရိသတ်များဟာရက်စတားဘဲလ်ဂရိတ်ကဗိုဒိုဗစ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာရုရှားကယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲမှုထောက်ခံကြောင်းအော်ဟစ်ခဲ့ကြပါတယ်။

ဆားဘီးယားကလပ်ဟာ ရုရှားအစိုးရပိုင် Gazprom ရဲ့အင်္ကျီစပွန်ဆာရရှိထားတဲ့အသင်းဖြစ်ပြီး ၎င်းတို့ပရိသတ်များက ယင်းပွဲတွင် ‘ရုရှား’လို့သံပြိုင်အော်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဆားဘီးယားကလပ်ဟာ ၎င်းတို့ရဲ့အင်္ကျီရင်ဘတ်စပွန်ဆာ Gazprom နှင့်စာချုပ်ဖျက်သိမ်းရန်ငြင်းဆိုနေတဲ့ကလပ်လည်းဖြစ်ပါတယ်။ယင်းသို့ ရက်စတားက Gazprom နှင့်လမ်းခွဲရန်ငြင်းဆိုကာ ရုရှားအားထောက်ခံအားပေးနေမှုနဲ့အတူ ၎င်းတို့ရဲ့အခြားစပွန်ဆာရှင်များဟာစာချုပ်ဖျက်သိမ်းရန်ကြိုးပမ်းလာကြပါတယ်။

ရက်စတားဘဲလ်ဂရိတ်က Gazprom နှင့်လမ်းခွဲရန်ငြင်းဆိုပေမဲ့ ယူအီးအက်ဖ်အေကလည်းချန်ပီယံလိဂ်အဓိကစပွန်ဆာဖြစ်တဲ့ရုရှားစွမ်းအင်ကုမ္ပဏီနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်းကြေညာထားပါတယ်။

ရက်စတားဘဲလ်ဂရိတ်ဟာ Gazprom ကစပွန်ဆာပေးထားတဲ့ ကလပ်သုံးခုမှတစ်ခုဖြစ်ပါတယ်။ကျန်ကလပ်များကတော့ဇင်းနစ်နှင့်ရှော်လ်ကေးတို့ဖြစ်ပါတယ်။ရှော်လ်ကေးကတော့ယူကရိန်းကျူးကျော်မှုဖြစ်ပြီးနောက်၎င်းတို့နှင့်လမ်းခွဲကြောင်းကြေညာခဲ့ပါတယ်။

ZawGyi

႐ုရွားရဲ႕ယူကရိန္းက်ဴးေက်ာ္မႈကို ေထာက္ခံမႈေၾကာင့္ ဆားဘီးယားကလပ္ ရက္စတားဘဲလ္ဂရိတ္ပရိသတ္မ်ား ေထာက္ခံ

ဆားဘီးယားကလပ္ ရက္စတားဘဲလ္ဂရိတ္ရဲ႕ပရိသတ္မ်ားဟာရက္စတားဘဲလ္ဂရိတ္ကဗိုဒိုဗစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာ႐ုရွားကယူကရိန္းကိုက်ဴးေက်ာ္စစ္ဆင္ႏြဲမႈေထာက္ခံေၾကာင္းေအာ္ဟစ္ခဲ့ၾကပါတယ္။

ဆားဘီးယားကလပ္ဟာ ႐ုရွားအစိုးရပိုင္ Gazprom ရဲ႕အက်ႌစပြန္ဆာရရွိထားတဲ့အသင္းျဖစ္ၿပီး ၎တို႔ပရိသတ္မ်ားက ယင္းပြဲတြင္ ‘႐ုရွား’လို႔သံၿပိဳင္ေအာ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဆားဘီးယားကလပ္ဟာ ၎တို႔ရဲ႕အက်ႌရင္ဘတ္စပြန္ဆာ Gazprom ႏွင့္စာခ်ဳပ္ဖ်က္သိမ္းရန္ျငင္းဆိုေနတဲ့ကလပ္လည္းျဖစ္ပါတယ္။ယင္းသို႔ ရက္စတားက Gazprom ႏွင့္လမ္းခြဲရန္ျငင္းဆိုကာ ႐ုရွားအားေထာက္ခံအားေပးေနမႈနဲ႔အတူ ၎တို႔ရဲ႕အျခားစပြန္ဆာရွင္မ်ားဟာစာခ်ဳပ္ဖ်က္သိမ္းရန္ႀကိဳးပမ္းလာၾကပါတယ္။

ရက္စတားဘဲလ္ဂရိတ္က Gazprom ႏွင့္လမ္းခြဲရန္ျငင္းဆိုေပမဲ့ ယူအီးအက္ဖ္ေအကလည္းခ်န္ပီယံလိဂ္အဓိကစပြန္ဆာျဖစ္တဲ့႐ုရွားစြမ္းအင္ကုမၸဏီႏွင့္ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္းေၾကညာထားပါတယ္။

ရက္စတားဘဲလ္ဂရိတ္ဟာ Gazprom ကစပြန္ဆာေပးထားတဲ့ ကလပ္သုံးခုမွတစ္ခုျဖစ္ပါတယ္။က်န္ကလပ္မ်ားကေတာ့ဇင္းနစ္ႏွင့္ေရွာ္လ္ေကးတို႔ျဖစ္ပါတယ္။ေရွာ္လ္ေကးကေတာ့ယူကရိန္းက်ဴးေက်ာ္မႈျဖစ္ၿပီးေနာက္၎တို႔ႏွင့္လမ္းခြဲေၾကာင္းေၾကညာခဲ့ပါတယ္။