ရုရှားလက်နက်ကြီးထိမှန်ကာ ရှက်တာဒိုးနက်စ်နည်းပြသေဆုံး

ယူကရိန်းကလပ်ရှက်တာဒိုးနက်စ်မှလူငယ်အသင်းနည်းပြတစ်ဦးဟာရုရှားရဲ့လက်နက်ကြီးထိမှန်သေဆုံးသွားခဲ့ပါတယ်။

ရှက်တာဒိုးနက်စ်ဟာသေဆုံးသွားခဲ့တဲ့လူငယ်အသင်းနည်းပြအမည်ကိုတော့ထုတ်ပြန်ကြေညာသွားခြင်းမရှိပါဘူး။

ဒါပေမဲ့ရှက်တာဒိုးနက်စ်အထွေထွေမန်နေဂျာဆာယီပယ်ကင်ကနောက်ထပ်လူများစွာမသေဆုံးမီ ရူးမိုက်နေတဲ့ရုရှားရဲ့ကျူးကျော်စစ်ကိုရပ်တန့်ပစ်ရမယ်လို့ဆိုသွားပါတယ်။

ရှက်တာဒိုးနက်စ်ဟာယူကရိန်းရဲ့အအောင်မြင်ဆုံးကလပ်များထဲမှတစ်ဦးဖြစ်ပြီးအမှတ်ပေးဖလား၁၃ကြိမ်ဆွတ်ခူးထားသလိုယူအီးအက်ဖ်အေဖလားဆွတ်ခူးခဲ့ဖူးတဲ့အသင်းလည်းဖြစ်ပါတယ်။

၎င်းတို့ဟာယူကရိန်းမြို့တော်ကိဗ်တွင်အခြေစိုက်ပြီးရုရှားကျူးကျော်စစ်မတိုင်မီ ယူကရိန်းပရီးမီးယားလိဂ်အားရမှတ်၂မှတ်ဖြတ်ကာဦးဆောင်နေတဲ့အသင်းလည်းဖြစ်ပါတယ်။

ယူကရိန်းပရီးမီးယားလိဂ်ဟာရုရှားကစစ်ကြေညာပြီးနောက်အနည်းဆုံးတစ်လရပ်နားထားကြောင်းကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကရှက်တာဒိုးနက်စ်နှင့်ဒိုင်နမိုကိဗ်တို့မှ ဘရာဇီးကစားသမား၁၂ဦးနှင့်မိသားစုဝင်များဟာဟိုတယ်တစ်ခုရဲ့အခန်းထဲတွင်ပိတ်မိနေခဲ့ပြီးယခုအခါယူကရိန်းမှထွက်ခွာသွားနိုင်ခဲ့ကြပြီဖြစ်ပါတယ်။

ZawGyi

႐ုရွားလက္နက္ႀကီးထိမွန္ကာ ရွက္တာဒိုးနက္စ္နည္းျပေသဆုံး

ယူကရိန္းကလပ္ရွက္တာဒိုးနက္စ္မွလူငယ္အသင္းနည္းျပတစ္ဦးဟာ႐ုရွားရဲ႕လက္နက္ႀကီးထိမွန္ေသဆုံးသြားခဲ့ပါတယ္။

ရွက္တာဒိုးနက္စ္ဟာေသဆုံးသြားခဲ့တဲ့လူငယ္အသင္းနည္းျပအမည္ကိုေတာ့ထုတ္ျပန္ေၾကညာသြားျခင္းမရွိပါဘူး။

ဒါေပမဲ့ရွက္တာဒိုးနက္စ္အေထြေထြမန္ေနဂ်ာဆာယီပယ္ကင္ကေနာက္ထပ္လူမ်ားစြာမေသဆုံးမီ ႐ူးမိုက္ေနတဲ့႐ုရွားရဲ႕က်ဴးေက်ာ္စစ္ကိုရပ္တန႔္ပစ္ရမယ္လို႔ဆိုသြားပါတယ္။

ရွက္တာဒိုးနက္စ္ဟာယူကရိန္းရဲ႕အေအာင္ျမင္ဆုံးကလပ္မ်ားထဲမွတစ္ဦးျဖစ္ၿပီးအမွတ္ေပးဖလား၁၃ႀကိမ္ဆြတ္ခူးထားသလိုယူအီးအက္ဖ္ေအဖလားဆြတ္ခူးခဲ့ဖူးတဲ့အသင္းလည္းျဖစ္ပါတယ္။

၎တို႔ဟာယူကရိန္းၿမိဳ႕ေတာ္ကိဗ္တြင္အေျခစိုက္ၿပီး႐ုရွားက်ဴးေက်ာ္စစ္မတိုင္မီ ယူကရိန္းပရီးမီးယားလိဂ္အားရမွတ္၂မွတ္ျဖတ္ကာဦးေဆာင္ေနတဲ့အသင္းလည္းျဖစ္ပါတယ္။

ယူကရိန္းပရီးမီးယားလိဂ္ဟာ႐ုရွားကစစ္ေၾကညာၿပီးေနာက္အနည္းဆုံးတစ္လရပ္နားထားေၾကာင္းေၾကညာခဲ့ပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကရွက္တာဒိုးနက္စ္ႏွင့္ဒိုင္နမိုကိဗ္တို႔မွ ဘရာဇီးကစားသမား၁၂ဦးႏွင့္မိသားစုဝင္မ်ားဟာဟိုတယ္တစ္ခုရဲ႕အခန္းထဲတြင္ပိတ္မိေနခဲ့ၿပီးယခုအခါယူကရိန္းမွထြက္ခြာသြားႏိုင္ခဲ့ၾကၿပီျဖစ္ပါတယ္။