ရုရှားလက်ရွေးစင်အသင်းနှင့်ကလပ်များကို FIFA 22 မှဖယ်ရှား

EA Sportsဟာရုရှားကယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲလာပြီးနောက် ရုရှားလက်ရွေးစင်အသင်းနှင့်ကလပ်များအား FIFA 22 မှဖယ်ရှားမှုပြုလုပ်လာပါတယ်။

ရုရှားသမ္မတဗလာဒီမာပူတင်ဟာပြီးခဲ့တဲ့ကြာသပတေးနေ့မှစတင်ကာအိမ်နီးချင်းယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲလာပါတယ်။

ဖီဖာနှင့်ယူအီးအက်ဖ်အေတို့ကရုရှားလက်ရွေးစင်အသင်းများနှင့်ကလပ်များအား နောက်ထပ်ကြေညာချက်အသစ်မထုတ်ပြန်မီအချိန်အထိ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုပိတ်ပင်လာပါတယ်။

ယခုအခါ EA Sports ကလည်းရုရှားအသင်းများကို ၎င်းတို့ရဲ့ဂိမ်းမှဖယ်ရှားမှုပြုလုပ်လာပါတယ်။

EA Sports ဟာ FIFA 22 ၊ FIFA Mobile နှင့် FIFA Online တို့မှ ရုရှားလက်ရွေးစင်အသင်းနှင့်ရုရှားကလပ်အားလုံးတို့ကိုဖယ်ရှားမှုပြုလုပ်လိုက်တာဖြစ်ပါတယ်။

ရုရှားဟာဖီဖာရဲ့ပိတ်ပင်မှုကြောင့်ယခုလတွင်ကစားရမယ့်ပိုလန်နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲပလေးအော့ဖ်ဆီမီးဖိုင်နယ်နှင့်ပွဲကိုကစားနိုင်တော့မှာမဟုတ်ပါဘူး။ဒါ့အပြင်ရုရှားအမျိုးသမီးအသင်းမှာလည်းအင်္ဂလန်တွင်ကျင်းပမယ့်ယူရို၂၀၂၂ပြိုင်ပွဲတွင်ယှဉ်ပြိုင်နိုင်တော့မှာမဟုတ်တော့ပါဘူး။

ဒါ့အပြင် ဥရောပပြိုင်ပွဲများတွင်တစ်သင်းတည်းသောအသင်းအဖြစ်ကျန်တော့တဲ့စပါးတပ်မော်စကိုမှာလည်းယူရိုပါလိဂ်ပြိုင်ပွဲမှထွက်ထားရပါတယ်။

ZawGyi

႐ုရွားလက္ေ႐ြးစင္အသင္းႏွင့္ကလပ္မ်ားကို FIFA 22 မွဖယ္ရွား

EA Sportsဟာ႐ုရွားကယူကရိန္းကိုက်ဴးေက်ာ္စစ္ဆင္ႏြဲလာၿပီးေနာက္ ႐ုရွားလက္ေ႐ြးစင္အသင္းႏွင့္ကလပ္မ်ားအား FIFA 22 မွဖယ္ရွားမႈျပဳလုပ္လာပါတယ္။

႐ုရွားသမၼတဗလာဒီမာပူတင္ဟာၿပီးခဲ့တဲ့ၾကာသပေတးေန႔မွစတင္ကာအိမ္နီးခ်င္းယူကရိန္းကိုက်ဴးေက်ာ္စစ္ဆင္ႏြဲလာပါတယ္။

ဖီဖာႏွင့္ယူအီးအက္ဖ္ေအတို႔က႐ုရွားလက္ေ႐ြးစင္အသင္းမ်ားႏွင့္ကလပ္မ်ားအား ေနာက္ထပ္ေၾကညာခ်က္အသစ္မထုတ္ျပန္မီအခ်ိန္အထိ ၿပိဳင္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မႈပိတ္ပင္လာပါတယ္။

ယခုအခါ EA Sports ကလည္း႐ုရွားအသင္းမ်ားကို ၎တို႔ရဲ႕ဂိမ္းမွဖယ္ရွားမႈျပဳလုပ္လာပါတယ္။

EA Sports ဟာ FIFA 22 ၊ FIFA Mobile ႏွင့္ FIFA Online တို႔မွ ႐ုရွားလက္ေ႐ြးစင္အသင္းႏွင့္႐ုရွားကလပ္အားလုံးတို႔ကိုဖယ္ရွားမႈျပဳလုပ္လိုက္တာျဖစ္ပါတယ္။

႐ုရွားဟာဖီဖာရဲ႕ပိတ္ပင္မႈေၾကာင့္ယခုလတြင္ကစားရမယ့္ပိုလန္ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲပေလးေအာ့ဖ္ဆီမီးဖိုင္နယ္ႏွင့္ပြဲကိုကစားႏိုင္ေတာ့မွာမဟုတ္ပါဘူး။ဒါ့အျပင္႐ုရွားအမ်ိဳးသမီးအသင္းမွာလည္းအဂၤလန္တြင္က်င္းပမယ့္ယူ႐ို၂၀၂၂ၿပိဳင္ပြဲတြင္ယွဥ္ၿပိဳင္ႏိုင္ေတာ့မွာမဟုတ္ေတာ့ပါဘူး။

ဒါ့အျပင္ ဥေရာပၿပိဳင္ပြဲမ်ားတြင္တစ္သင္းတည္းေသာအသင္းအျဖစ္က်န္ေတာ့တဲ့စပါးတပ္ေမာ္စကိုမွာလည္းယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွထြက္ထားရပါတယ္။