ရူဒီဂါကိုဆွဲဆိတ်ပြီးအကျင့်ဟောင်းတွေမပျောက်သေးကြောင်းပြသခဲ့တဲ့လူးဝစ်ဆွာရက်ဇ်

လူးဝစ်ဆွာရက်ဇ်ဟာမနေ့ညတုန်းကချဲလ်ဆီးအားရှုံးနိမ့်တဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ချဲလ်ဆီးနောက်ခံလူရူဒီဂါကို ဆွဲဆိတ်မှုအတွက်ပရိသတ်များရဲ့အပြင်းအထန်ဝေဖန်ခြင်းခံနေရပါတယ်။

အင်္ဂါနေ့ညတုန်းကကစားတဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင်ဆွာရက်ဇ်နှင့်ရူဒီဂါတို့ဟာ ဘောလုံးလုကြစဉ်အချင်းများခဲ့ကြပါတယ်။ဆွာရက်ဇ်ဟာဘောလုံးယှဉ်လုနေစဉ်ရူဒီဂါရဲ့ပေါင်ကြောကိုဆွဲဆိတ်ခဲ့ ကြောင်းတွေ့ရပါတယ်။

ဂျာမနီနောက်ခံလူဟာဒေါသထွက်ကာလူးဝစ်ဆွာရက်ဇ်ကိုတွန်းခဲ့ပါတယ်။ဥရုဂွေးတိုက်စစ်မှူးဟာရယ်မောပြီးနောက်ချဲလ်ဆီးနောက်ခံလူကိုပြန်လည်ဆောင့်တွန်းမှုပြုလုပ်ခဲ့ပါတယ်။

ကစားသမားနှစ်ဦးလုံးဟာယင်းဖြစ်ရပ်အတွက်ဒိုင်လူကြီးဒေါက်တာဖီးလစ်ဘိုင်ရိုင့်ချ်ရဲ့အရေးယူခြင်းမခံခဲ့ရပါဘူး။ဒါပေမယ့်ယခင်တုန်းကပြိုင်ဘက်ကစားသမားများကိုလူမျိုးရေးခွဲခြား၊ကိုက်ခြင်းစတဲ့လက်မခံနိုင်စရာအပြုအမူများ ပြုလုပ်ခဲ့တဲ့ဆွာရက်ဇ်ဟာယင်းဖြစ်ရပ်ကြောင့်ဆိုရှယ်မီဒီယာမှာအပြင်းအထန်တိုက်ခိုက်ခြင်းခံနေရပါတယ်။

အက်သလက်တီကိုနှင့်ချဲလ်ဆီးတို့ပွဲစဉ်တွင်ချဲလ်ဆီးအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုတိုက်စစ်မှူးဂီရောက်ကနောက်ပြန်ကန်ချက်ဖြင့်သွင်းယူသွားခဲ့ပါတယ်။

ZawGyi

႐ူဒီဂါကိုဆြဲဆိတ္ၿပီးအက်င့္ေဟာင္းေတြမေပ်ာက္ေသးေၾကာင္းျပသခဲ့တဲ့လူးဝစ္ဆြာရက္ဇ္

လူးဝစ္ဆြာရက္ဇ္ဟာမေန႔ညတုန္းကခ်ဲလ္ဆီးအားရႈံးနိမ့္တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ခ်ဲလ္ဆီးေနာက္ခံလူ႐ူဒီဂါကို ဆြဲဆိတ္မႈအတြက္ပရိသတ္မ်ားရဲ႕အျပင္းအထန္ေဝဖန္ျခင္းခံေနရပါတယ္။

အဂၤါေန႔ညတုန္းကကစားတဲ့ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္ဆြာရက္ဇ္ႏွင့္႐ူဒီဂါတို႔ဟာ ေဘာလုံးလုၾကစဥ္အခ်င္းမ်ားခဲ့ၾကပါတယ္။ဆြာရက္ဇ္ဟာေဘာလုံးယွဥ္လုေနစဥ္႐ူဒီဂါရဲ႕ေပါင္ေၾကာကိုဆြဲဆိတ္ခဲ့ ေၾကာင္းေတြ႕ရပါတယ္။

ဂ်ာမနီေနာက္ခံလူဟာေဒါသထြက္ကာလူးဝစ္ဆြာရက္ဇ္ကိုတြန္းခဲ့ပါတယ္။ဥ႐ုေဂြးတိုက္စစ္မႉးဟာရယ္ေမာၿပီးေနာက္ခ်ဲလ္ဆီးေနာက္ခံလူကိုျပန္လည္ေဆာင့္တြန္းမႈျပဳလုပ္ခဲ့ပါတယ္။

ကစားသမားႏွစ္ဦးလုံးဟာယင္းျဖစ္ရပ္အတြက္ဒိုင္လူႀကီးေဒါက္တာဖီးလစ္ဘိုင္႐ိုင့္ခ်္ရဲ႕အေရးယူျခင္းမခံခဲ့ရပါဘူး။ဒါေပမယ့္ယခင္တုန္းကၿပိဳင္ဘက္ကစားသမားမ်ားကိုလူမ်ိဳးေရးခြဲျခား၊ကိုက္ျခင္းစတဲ့လက္မခံႏိုင္စရာအျပဳအမူမ်ား ျပဳလုပ္ခဲ့တဲ့ဆြာရက္ဇ္ဟာယင္းျဖစ္ရပ္ေၾကာင့္ဆိုရွယ္မီဒီယာမွာအျပင္းအထန္တိုက္ခိုက္ျခင္းခံေနရပါတယ္။

အက္သလက္တီကိုႏွင့္ခ်ဲလ္ဆီးတို႔ပြဲစဥ္တြင္ခ်ဲလ္ဆီးအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုတိုက္စစ္မႉးဂီေရာက္ကေနာက္ျပန္ကန္ခ်က္ျဖင့္သြင္းယူသြားခဲ့ပါတယ္။