ရူဒီဂါရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ကြောင်း ဘိုင်ယန်နည်းပြနာဂယ်မန်းဝန်ခံ

ဘိုင်ယန်မြူးနစ်နည်းပြနာဂယ်မန်းကအန်တိုနီယိုရူဒီဂါအားလူသိရှင်ကြားချီးကျူးပြောကြားကာချဲလ်ဆီးနောက်ခံလူရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ကြောင်းဖွင့်ဟလာပါတယ်။

အသက်၂၈နှစ်ရှိဂျာမနီလက်ရွေးစင်နောက်ခံလူဟာဇန်နဝါရီလတွင်ချဲလ်ဆီးသို့တူချယ်ရောက်လာပြီးနောက်အဓိကကစားသမားအဖြစ်ခြေစွမ်းပြကစားလာခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာလာမယ့်ဇွန်လမှာချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပါတယ်။

ချဲလ်ဆီးဟာရူဒီဂါကိုစာချုပ်သက်တမ်းတိုးရန်ကြိုးပမ်းနေသော်လည်းကစားသမားဘက်မှတစ်ပတ်လုပ်ခပေါင်၁၈၀၀၀၀အထိရရှိလိုနေပါတယ်။လက်ရှိအချိန်မှာသူဟာချဲလ်ဆီးတွင်တစ်ပတ်လုပ်ခပေါင်၁၀၀၀၀၀သာရရှိနေသူဖြစ်ပါတယ်။

နာဂယ်မန်းက “အပြောင်းအရွှေ့ဈေးကွက်ပြင်ပရောက်နေချိန်မှာအခြားကလပ်နဲ့စာချုပ်ချုပ်ရှိတဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးကျွန်တော်မပြောချင်ပါဘူး။ဒါပေမယ့်ကျွန်တော်ကရူဒီဂါရဲ့ဘောလုံးပရိသတ်တစ်ဦးဖြစ်ပါတယ်။သူဟာအရမ်းစိတ်လှုပ်ရှားစရာကောင်းလောက်အောင်တိုးတက်နေတဲ့သူဖြစ်ပါတယ်။သောမတ်စ်တူချယ်ဟာချဲလ်ဆီးကိုကိုင်တွယ်ပြီးနောက်သူ့ကိုအကောင်းဆုံးကိုင်တွယ်လာနိုင်ပါတယ်။အခုဆိုရင်သူဟာချဲလ်ဆီးခံစစ်မှာအရမ်းအရေးပါတဲ့သူတွေထဲကတစ်ဦးဖြစ်နေပါပြီ။သူမှာကောင်းမွန်တဲ့တိုက်ပွဲဝင်စိတ်ဓာတ်ရှိသလိုခံစစ်သမားကောင်းတစ်ဦးလည်းဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

အစောပိုင်းတုန်းကရူဒီဂါဟာဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့ရန်ဆွေးနွေးနေကြောင်းသတင်းထွက်ခဲ့ဖူးပါတယ်။ဒါပေမယ့်ဂျာမနီလက်ရွေးစင်နောက်ခံလူကိုယ်တိုင်ကချဲလ်ဆီးနှင့်စာချုပ်သစ်ချုပ်ရေးဆွေးနွေးမှုအပြင်မည်သည့်ကလပ်နှင့်မျှဆွေးနွေးမှုမရှိကြောင်းဆိုထားပါတယ်။သူ့ကိုရီးရဲလ်မက်ဒရစ်ကလည်းခေါ်ယူလိုနေပါတယ်။

ZawGyi

႐ူဒီဂါရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ေၾကာင္း ဘိုင္ယန္နည္းျပနာဂယ္မန္းဝန္ခံ

ဘိုင္ယန္ျမဴးနစ္နည္းျပနာဂယ္မန္းကအန္တိုနီယို႐ူဒီဂါအားလူသိရွင္ၾကားခ်ီးက်ဴးေျပာၾကားကာခ်ဲလ္ဆီးေနာက္ခံလူရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္ေၾကာင္းဖြင့္ဟလာပါတယ္။

အသက္၂၈ႏွစ္ရွိဂ်ာမနီလက္ေ႐ြးစင္ေနာက္ခံလူဟာဇန္နဝါရီလတြင္ခ်ဲလ္ဆီးသို႔တူခ်ယ္ေရာက္လာၿပီးေနာက္အဓိကကစားသမားအျဖစ္ေျခစြမ္းျပကစားလာခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာလာမယ့္ဇြန္လမွာခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ႐ူဒီဂါကိုစာခ်ဳပ္သက္တမ္းတိုးရန္ႀကိဳးပမ္းေနေသာ္လည္းကစားသမားဘက္မွတစ္ပတ္လုပ္ခေပါင္၁၈၀၀၀၀အထိရရွိလိုေနပါတယ္။လက္ရွိအခ်ိန္မွာသူဟာခ်ဲလ္ဆီးတြင္တစ္ပတ္လုပ္ခေပါင္၁၀၀၀၀၀သာရရွိေနသူျဖစ္ပါတယ္။

နာဂယ္မန္းက “အေျပာင္းအေ႐ႊ႕ေဈးကြက္ျပင္ပေရာက္ေနခ်ိန္မွာအျခားကလပ္နဲ႔စာခ်ဳပ္ခ်ဳပ္ရွိတဲ့ကစားသမားေတြနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္မေျပာခ်င္ပါဘူး။ဒါေပမယ့္ကြၽန္ေတာ္က႐ူဒီဂါရဲ႕ေဘာလုံးပရိသတ္တစ္ဦးျဖစ္ပါတယ္။သူဟာအရမ္းစိတ္လႈပ္ရွားစရာေကာင္းေလာက္ေအာင္တိုးတက္ေနတဲ့သူျဖစ္ပါတယ္။ေသာမတ္စ္တူခ်ယ္ဟာခ်ဲလ္ဆီးကိုကိုင္တြယ္ၿပီးေနာက္သူ႔ကိုအေကာင္းဆုံးကိုင္တြယ္လာႏိုင္ပါတယ္။အခုဆိုရင္သူဟာခ်ဲလ္ဆီးခံစစ္မွာအရမ္းအေရးပါတဲ့သူေတြထဲကတစ္ဦးျဖစ္ေနပါၿပီ။သူမွာေကာင္းမြန္တဲ့တိုက္ပြဲဝင္စိတ္ဓာတ္ရွိသလိုခံစစ္သမားေကာင္းတစ္ဦးလည္းျဖစ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အေစာပိုင္းတုန္းက႐ူဒီဂါဟာဘိုင္ယန္ျမဴးနစ္သို႔ေျပာင္းေ႐ႊ႕ရန္ေဆြးေႏြးေနေၾကာင္းသတင္းထြက္ခဲ့ဖူးပါတယ္။ဒါေပမယ့္ဂ်ာမနီလက္ေ႐ြးစင္ေနာက္ခံလူကိုယ္တိုင္ကခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ေရးေဆြးေႏြးမႈအျပင္မည္သည့္ကလပ္ႏွင့္မွ်ေဆြးေႏြးမႈမရွိေၾကာင္းဆိုထားပါတယ္။သူ႔ကိုရီးရဲလ္မက္ဒရစ္ကလည္းေခၚယူလိုေနပါတယ္။