ရူဒီဂါအား ခံစစ်အတွက် နံပါတ်တစ်ပစ်မှတ်အဖြစ် ရီးရဲလ်မက်ဒရစ်သတ်မှတ်ထား

ရီးရဲလ်မက်ဒရစ်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ခံစစ်ကိုအားဖြည့်တဲ့အနေဖြင့်ချဲလ်ဆီးနောက်ခံလူအန်တိုနီယိုရူဒီဂါအားခေါ်ယူရန်နံပါတ်တစ်ပစ်မှတ်အဖြစ်သတ်မှတ်ထားကြောင်းသိရပါတယ်။

စပိန်ထိပ်သီးသတင်းစာ ABC ရဲ့ဖော်ပြချက်အရ ဥရောပဖလား၁၃ကြိမ်ရရီးရဲလ်မက်ဒရစ်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကအသင်းမှထွက်ခွာသွားတဲ့ရာဖေးလ်ဘာရိန်းနှင့်ဆာဂျီယိုရာမို့စ်တို့ရဲ့နေရာတွင်ရူဒီဂါနှင့်အစားထိုးရန်စီစဉ်ထားကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာနွေရာသီတုန်းကအသင်းခေါင်းဆောင်ရာမို့စ်ကိုပီအက်စ်ဂျီသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်လည်းကောင်း၊ဗာရိန်းကိုမန်ချက်စတာယူနိုက်တက်သို့လည်းကောင်းပေါင်၃၆သန်းဖြင့်ရောင်းချခဲ့ပါတယ်။

ရာမို့စ်နှင့်ဗာရိန်းတို့ဟာရီးရဲလ်မက်ဒရစ်တွင်၁၀နှစ်ကြာအတူတွဲကစားခဲ့ကြသူများလည်းဖြစ်ပါတယ်။၎င်းတို့နှစ်ဦးတွဲဖက်ပြီးလာလီဂါဖလား၃ကြိမ်နှင့်ချန်ပီယံလိဂ်ဖလား၄ကြိမ်ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။၎င်းတို့နှစ်ဦးလုံးတပြိုင်တည်းထွက်ခွာသွားမှုနဲ့အတူရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်တွင်အားနည်းချက်များဖြစ်လာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာမြို့ခံပြိုင်ဘက်အက်သလက်တီကို၊ဆိုစီဒက်တို့နှင့်အတူရမှတ်တူဂိုးကွာခြားချက်ဖြင့်ထိပ်ဆုံးတွင်ရပ်တည်နေသော်လည်း၈ပွဲတွင်၁၀ဂိုးအထိပေးထားရပါတယ်။

၂၀၁၇ခုနှစ်တွင်ရိုးမားမှချဲလ်ဆီးသို့ပေါင်၃၁.၅သန်းဖြင့်ပြောင်းလာခဲ့တဲ့ရူဒီဂါဟာသောမတ်စ်တူချယ်လက်အောက်တွင်ချဲလ်ဆီးရဲ့အဓိကနောက်ခံလူအဖြစ်ကစားနေပြီးချန်ပီယံလိဂ်ဖလားရရှိအောင်အဓိကနေရာမှကူညီခဲ့ပါတယ်။

ဂျာမနီအတွက်၄၈ပွဲကစားထားတဲ့ရူဒီဂါဟာယခုရာသီအကုန်တွင်ချဲလ်ဆီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးချဲလ်ဆီးတွင်ပျော်ရွှင်နေပေမယ့်စာချုပ်သစ်အတွက် လုပ်ခတိုးမြှင့်ရရှိလိုနေပါတယ်။

ရီးရဲလ်မက်ဒရစ်အနေဖြင့်အသက်၂၈နှစ်ရှိရူဒီဂါအားအလွယ်တကူခေါ်ယူနိုင်မှာတော့မဟုတ်ပါဘူး။ချဲလ်ဆီးကသူ့ကိုစာချုပ်သစ်ချုပ်ဆိုရေးလက်လျှော့ခြင်းမရှိသေးသလို ဘိုင်ယန်မြူးနစ်နှင့်ဂျူဗင်တပ်တို့ကလည်းတစ်ပတ်လုပ်ခပေါင်၄သိန်းအထိပေးကာခေါ်ယူရန်အသင့်ရှိနေပါတယ်။

ZawGyi

႐ူဒီဂါအား ခံစစ္အတြက္ နံပါတ္တစ္ပစ္မွတ္အျဖစ္ ရီးရဲလ္မက္ဒရစ္သတ္မွတ္ထား

ရီးရဲလ္မက္ဒရစ္ဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ခံစစ္ကိုအားျဖည့္တဲ့အေနျဖင့္ခ်ဲလ္ဆီးေနာက္ခံလူအန္တိုနီယို႐ူဒီဂါအားေခၚယူရန္နံပါတ္တစ္ပစ္မွတ္အျဖစ္သတ္မွတ္ထားေၾကာင္းသိရပါတယ္။

စပိန္ထိပ္သီးသတင္းစာ ABC ရဲ႕ေဖာ္ျပခ်က္အရ ဥေရာပဖလား၁၃ႀကိမ္ရရီးရဲလ္မက္ဒရစ္ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကအသင္းမွထြက္ခြာသြားတဲ့ရာေဖးလ္ဘာရိန္းႏွင့္ဆာဂ်ီယိုရာမို႔စ္တို႔ရဲ႕ေနရာတြင္႐ူဒီဂါႏွင့္အစားထိုးရန္စီစဥ္ထားေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာေႏြရာသီတုန္းကအသင္းေခါင္းေဆာင္ရာမို႔စ္ကိုပီအက္စ္ဂ်ီသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လည္းေကာင္း၊ဗာရိန္းကိုမန္ခ်က္စတာယူႏိုက္တက္သို႔လည္းေကာင္းေပါင္၃၆သန္းျဖင့္ေရာင္းခ်ခဲ့ပါတယ္။

ရာမို႔စ္ႏွင့္ဗာရိန္းတို႔ဟာရီးရဲလ္မက္ဒရစ္တြင္၁၀ႏွစ္ၾကာအတူတြဲကစားခဲ့ၾကသူမ်ားလည္းျဖစ္ပါတယ္။၎တို႔ႏွစ္ဦးတြဲဖက္ၿပီးလာလီဂါဖလား၃ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္ဖလား၄ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ၾကပါတယ္။၎တို႔ႏွစ္ဦးလုံးတၿပိဳင္တည္းထြက္ခြာသြားမႈနဲ႔အတူရီးရဲလ္မက္ဒရစ္ဗဟိုခံစစ္တြင္အားနည္းခ်က္မ်ားျဖစ္လာပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာၿမိဳ႕ခံၿပိဳင္ဘက္အက္သလက္တီကို၊ဆိုစီဒက္တို႔ႏွင့္အတူရမွတ္တူဂိုးကြာျခားခ်က္ျဖင့္ထိပ္ဆုံးတြင္ရပ္တည္ေနေသာ္လည္း၈ပြဲတြင္၁၀ဂိုးအထိေပးထားရပါတယ္။

၂၀၁၇ခုႏွစ္တြင္႐ိုးမားမွခ်ဲလ္ဆီးသို႔ေပါင္၃၁.၅သန္းျဖင့္ေျပာင္းလာခဲ့တဲ့႐ူဒီဂါဟာေသာမတ္စ္တူခ်ယ္လက္ေအာက္တြင္ခ်ဲလ္ဆီးရဲ႕အဓိကေနာက္ခံလူအျဖစ္ကစားေနၿပီးခ်န္ပီယံလိဂ္ဖလားရရွိေအာင္အဓိကေနရာမွကူညီခဲ့ပါတယ္။

ဂ်ာမနီအတြက္၄၈ပြဲကစားထားတဲ့႐ူဒီဂါဟာယခုရာသီအကုန္တြင္ခ်ဲလ္ဆီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးခ်ဲလ္ဆီးတြင္ေပ်ာ္႐ႊင္ေနေပမယ့္စာခ်ဳပ္သစ္အတြက္ လုပ္ခတိုးျမႇင့္ရရွိလိုေနပါတယ္။

ရီးရဲလ္မက္ဒရစ္အေနျဖင့္အသက္၂၈ႏွစ္ရွိ႐ူဒီဂါအားအလြယ္တကူေခၚယူႏိုင္မွာေတာ့မဟုတ္ပါဘူး။ခ်ဲလ္ဆီးကသူ႔ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးလက္ေလွ်ာ့ျခင္းမရွိေသးသလို ဘိုင္ယန္ျမဴးနစ္ႏွင့္ဂ်ဴဗင္တပ္တို႔ကလည္းတစ္ပတ္လုပ္ခေပါင္၄သိန္းအထိေပးကာေခၚယူရန္အသင့္ရွိေနပါတယ္။