ဝက်စ်ဟမ်းပရိသတ်တစ်ဦးဟမြင်ခဲ့ဖူးသမျှလောင်းကြေးထပ်မှုထဲမှာရူးသွပ်စရာအကောင်းဆုံးလောင်းကြေးထပ်မှုပြုလုပ်ပြီးပေါင်၉၄၀၀၀အထိရရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့စူပါဆန်းဒေးပွဲစဉ်များကလောင်းကစားသမားများအတွက်အကြိုက်တွေ့တဲ့ပွဲစဉ်တွေမဟုတ်ပါဘူး။နော့ဝှစ်ချ်ကလိဒ်ယူနိုက်တက်ကိုဧည့်ခံကစားရမှာဖြစ်ပြီးဝက်စ်ဟမ်းကဗီလာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။
ဒါပေမယ့်ဝက်စ်ဟမ်းပရိသတ်တစ်ဦးဖြစ်တဲ့ဂျော်ဒန်ဟာတနင်္ဂနွေနေ့မှာဘယ်သူမှထင်မှတ်မထားတဲ့လောင်းကြေးထပ်မှုပြုလုပ်ခဲ့ပါတယ်။သူဟာတနင်္ဂနွေနေ့ညပွဲနှစ်ပွဲမှာအဝါကတ်ပြသခံရမယ့်ကစားသမားလေးဦးကိုလောင်းကြေးထပ်ခဲ့တာဖြစ်ပါတယ်။
သူဟာ Bet365 မှာကန်နီမက်ကလိန်း၊ဂျက်ဟာရီဆင်၊ဂျွန်မက်ဂင်း၊ပါဘလိုဖော်နယ်တို့အဝါကတ်ထိမယ်ဆိုပြီး၂၅ပေါင်လောင်းခဲ့ပါတယ်။
ယင်းအတွက်လောင်းကြေးဖွင့်ထားမှုက၃၇၇၄/၁ဖြစ်ပါတယ်။တကယ်တမ်းမှာလည်းအံ့ဩစရာကောင်းလောက်အောင်သူမှန်းဆထားသလိုဖြစ်လာခဲ့သလို ကံလည်းအထူးကောင်းခဲ့တယ်လို့ဆိုရပါမယ်။
မက်ကလိန်းနှင့်ဟာရီဆင်တို့ကစောစောစီးစီးကစားတဲ့နော့ဝှစ်ချ်နှင့်လိဒ်ပွဲမှာအဝါကတ်ထိခဲ့ကြပါတယ်။
ဗီလာကိုဝက်စ်ဟမ်းက၄-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာလည်းသူထင်မှတ်ထားသလိုဘဲဖြစ်လာခဲ့ပါတယ်။ပွဲချိန်၇၉မိနစ်မှာနာကမ်ဘာကိုဖော်နယ်ကဖျက်ထုတ်မှုအတွက်အဝါကတ်ပြသခံခဲ့ရပြီးနှစ်ဖက်ကစားသမားအချင်းများရာမှာပါဝင်တဲ့မက်ဂင်လည်းအဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။
ဝက်စ်ဟမ်းဟာ၄ဂိုးသွင်းပြီးအဖိုးတန်ရမှတ်၃မှတ်ကိုဗီလာပါ့ခ်မှာရယူသွားခဲ့ပါတယ်။ဂျော်ဒန်ဟာလည်းလောင်းကြေးအောင်ပြီးပေါင်၉၄၀၀၀ရရှိသွားပါတယ်။
ZawGyi
ရူးသွပ်စရာကောင်းတဲ့ လောင်းကြေးထပ်ပြီး ပေါင် ၉၄၀၀၀ အထိ ရရှိသွားတဲ့ ဝက်စ်ဟမ်းပရိသတ်
မက်ကလိန်းနှင့်ဟာရီဆင်တို့ကစောစောစီးစီးကစားတဲ့နော့ဝှစ်ခ်ျနှင့်လိဒ်ပွဲမှာအဝါကတ်ထိခဲ့ကြပါတယ်။