ရေကူးကန်ဘေးပါတီပွဲတွင် ဟိုတယ်ဝန်ထမ်းမယ်နဲ့ ပျော်ပါးခဲ့တဲ့ ဒိန်းမတ်စတားများ

ဒိန်းမတ်စတားများဟာအရေးပါတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ ရေကူးကန်ဘေးပါတီတွင်ဝတ်လစ်စလစ်အမျိုးသမီးများနှင့်ပျော်ပါးနေခဲ့မှုအတွက် ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ရဲ့စုံစမ်းစစ်ဆေးမှုနှင့်ရင်ဆိုင်နေရပါတယ်။

ဒိန်းမတ်လက်ရွေးစင်ကစားသမားများဟာပြီးခဲ့တဲ့အပတ်တုန်းကမော်ဒိုဗာရှိဟိုတယ်တွင်တည်းခိုစဉ်အတွင်းဟိုတယ်ဝန်ထမ်းမယ်များနှင့်ပျော်ပါးခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒိန်းမတ်ဟာပြီးခဲ့တဲ့စနေနေ့တုန်းကမော်ဒိုဗာရဲ့မြို့တော်ချီဆီနူသို့သွားရောက်ကာကမ္ဘာ့ဖလားခြေစစ်ပွဲကစားခဲ့ကြပါတယ်။၎င်းတို့ဟာကမ္ဘာ့ဖလားခြေစစ်ပွဲသွားကစားစဉ် Hotel Marienlyst တွင်တည်းခိုခဲ့ကြပါတယ်။

ဒိန်းမတ်အသင်းတွင်ချဲလ်ဆီးမှအင်ဒရေခရစ်တင်ဆင်၊စပါးစ်ရဲ့ဟိုဘတ်၊လက်စတာမှရှမိုက်ကယ်နှင့်ဗက်စ်တာဂတ်၊ဘရန့်ဖို့ဒ်မှနော်ဂတ်နှင့်မားသီးယပ်စ်ဂျန်ဆင်တို့လည်းပါဝင်ခဲ့ကြပါတယ်။

ဟိုတယ်မန်နေဂျာမိုက်ကယ်လော်ရစ်ဆင်ဟာဒိန်းမတ်ကစားသမားများရဲ့ပါတီပွဲသို့ ခင်မင်ရင်းနှီးစွာသွားရောက်ကာပျော်ပါးခဲ့တဲ့ဝန်ထမ်းများအပေါ်အကြီးအကျယ်ဒေါသထွက်နေပြီးဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ကိုလည်းတိုင်ကြားမှုပြုလုပ်ခဲ့ပါတယ်။

ဒိန်းမတ်ကစားသမားများဟာအရေးပါတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီပါတီပွဲပြုလုပ်ခဲ့ပေမယ့်မော်ဒိုဗာကို၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။၎င်းတို့ဟာအင်္ဂါနေ့တုန်းကဩစတြီးယားကို၁-၀ဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။

ZawGyi

ေရကူးကန္ေဘးပါတီပြဲတြင္ ဟိုတယ္ဝန္ထမ္းမယ္နဲ႔ ေပ်ာ္ပါးခဲ့တဲ့ ဒိန္းမတ္စတားမ်ား

ဒိန္းမတ္စတားမ်ားဟာအေရးပါတဲ့ကမာၻ႔ဖလားေျခစစ္ပြဲမတိုင္မီ ေရကူးကန္ေဘးပါတီတြင္ဝတ္လစ္စလစ္အမ်ိဳးသမီးမ်ားႏွင့္ေပ်ာ္ပါးေနခဲ့မႈအတြက္ ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕စုံစမ္းစစ္ေဆးမႈႏွင့္ရင္ဆိုင္ေနရပါတယ္။

ဒိန္းမတ္လက္ေ႐ြးစင္ကစားသမားမ်ားဟာၿပီးခဲ့တဲ့အပတ္တုန္းကေမာ္ဒိုဗာရွိဟိုတယ္တြင္တည္းခိုစဥ္အတြင္းဟိုတယ္ဝန္ထမ္းမယ္မ်ားႏွင့္ေပ်ာ္ပါးခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဒိန္းမတ္ဟာၿပီးခဲ့တဲ့စေနေန႔တုန္းကေမာ္ဒိုဗာရဲ႕ၿမိဳ႕ေတာ္ခ်ီဆီႏူသို႔သြားေရာက္ကာကမာၻ႔ဖလားေျခစစ္ပြဲကစားခဲ့ၾကပါတယ္။၎တို႔ဟာကမာၻ႔ဖလားေျခစစ္ပြဲသြားကစားစဥ္ Hotel Marienlyst တြင္တည္းခိုခဲ့ၾကပါတယ္။

ဒိန္းမတ္အသင္းတြင္ခ်ဲလ္ဆီးမွအင္ဒေရခရစ္တင္ဆင္၊စပါးစ္ရဲ႕ဟိုဘတ္၊လက္စတာမွရွမိုက္ကယ္ႏွင့္ဗက္စ္တာဂတ္၊ဘရန႔္ဖို႔ဒ္မွေနာ္ဂတ္ႏွင့္မားသီးယပ္စ္ဂ်န္ဆင္တို႔လည္းပါဝင္ခဲ့ၾကပါတယ္။

ဟိုတယ္မန္ေနဂ်ာမိုက္ကယ္ေလာ္ရစ္ဆင္ဟာဒိန္းမတ္ကစားသမားမ်ားရဲ႕ပါတီပြဲသို႔ ခင္မင္ရင္းႏွီးစြာသြားေရာက္ကာေပ်ာ္ပါးခဲ့တဲ့ဝန္ထမ္းမ်ားအေပၚအႀကီးအက်ယ္ေဒါသထြက္ေနၿပီးဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကိုလည္းတိုင္ၾကားမႈျပဳလုပ္ခဲ့ပါတယ္။

ဒိန္းမတ္ကစားသမားမ်ားဟာအေရးပါတဲ့ကမာၻ႔ဖလားေျခစစ္ပြဲမတိုင္မီပါတီပြဲျပဳလုပ္ခဲ့ေပမယ့္ေမာ္ဒိုဗာကို၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။၎တို႔ဟာအဂၤါေန႔တုန္းကဩစႀတီးယားကို၁-၀ဂိုးျဖင့္အႏိုင္ရရွိကာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ခဲ့ပါတယ္။