ရေဗူးတွင် ပြိုင်ဘက်အသင်းရဲ့ပင်နယ်တီအစီအစဉ်ကို ကပ်ပြီး ကာကွယ်မှု ပြုလုပ်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်သူရဲကောင်းဘရစ်ဆမ်ဘာ

ဘရစ်ဆမ်ဘာဟာမနေ့ညတုန်းကရှက်ဖီးလ်ယူနိုက်တက်ကိုအနိုင်ရရှိတဲ့ချန်ပီယံရှစ်ပလေးအော့ဖ်ဆီမီးဖိုင်နယ်တွင်ပင်နယ်တီသူရဲကောင်းဖြစ်ခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ဟာပထမအကျော့တုန်းက၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပေမဲ့လည်းအိမ်ကွင်းတွင်၂-၁ဖြင့်အနိုင်ပြန်လည်ရယူနိုင်ခဲ့ပါတယ်။နှစ်ကျော့ပေါင်းရလဒ်၃-၃ဖြစ်ပြီးနောက်အချိန်ပိုကန်ရာတွင်လည်းဂိုးမသွင်းနိုင်မှုနဲ့အတူ ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်တွင်နော်တင်ဟမ်ဖောရက်စ်ဂိုးသမားဆမ်ဘာဟာအိုလီနော်ဝုဒ်၊ကော်နာဟူရီဟိန်း၊ဂစ်ဘ်ဝှိုက်တို့ရဲ့ပင်နယ်တီတို့ကိုကာကွယ်ကာနော်တင်ဟမ်ဖောရက်စ်အတွက်နိုင်ပွဲကိုဆောင်ကျဉ်းပေးခဲ့ပါတယ်။

ဆမ်ဘာဟာရှက်ဖီးလ်ယူနိုက်တက်ရဲ့ပင်နယ်တီအစီအစဉ်များကိုရေဗူးတွင်ကပ်ပြီးအကူအညီရယူခဲ့တာတွေ့ရပါတယ်။

ပွဲအပြီးတွင်ဆမ်ဘာရဲ့ရေဗူးကိုရိုက်ကူးထားတဲ့ဓာတ်ပုံအွန်လိုင်းတွင်ထွက်ပေါ်လာပါတယ်။ယင်းစာထဲတွင်ရှက်ဖီးလ်ယူနိုက်တက်အသင်းမှကစားသမားများကန်သွင်းမယ့်ပင်နယ်တီအစီအစဉ်များကိုခန့်မှန်းရေးသားထားတာတွေ့ရပါတယ်။

ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲရောက်နော်တင်ဟမ်ဖောရက်စ်ဟာလာမယ့်တနင်္ဂနွေနေ့တွင်ပရီးမီးယားလိဂ်သို့တက်ရောက်ရေးဗိုလ်လုပွဲအဖြစ်ဟက်ဒါဖီးလ်တောင်းနှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ေရဗူးတြင္ ၿပိဳင္ဘက္အသင္းရဲ႕ပင္နယ္တီအစီအစဥ္ကို ကပ္ၿပီး ကာကြယ္မႈ ျပဳလုပ္ခဲ့တဲ့ ေနာ္တင္ဟမ္ေဖာရက္စ္သူရဲေကာင္းဘရစ္ဆမ္ဘာ

ဘရစ္ဆမ္ဘာဟာမေန႔ညတုန္းကရွက္ဖီးလ္ယူႏိုက္တက္ကိုအႏိုင္ရရွိတဲ့ခ်န္ပီယံရွစ္ပေလးေအာ့ဖ္ဆီမီးဖိုင္နယ္တြင္ပင္နယ္တီသူရဲေကာင္းျဖစ္ခဲ့ပါတယ္။

ေနာ္တင္ဟမ္ေဖာရက္စ္ဟာပထမအေက်ာ့တုန္းက၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ေပမဲ့လည္းအိမ္ကြင္းတြင္၂-၁ျဖင့္အႏိုင္ျပန္လည္ရယူႏိုင္ခဲ့ပါတယ္။ႏွစ္ေက်ာ့ေပါင္းရလဒ္၃-၃ျဖစ္ၿပီးေနာက္အခ်ိန္ပိုကန္ရာတြင္လည္းဂိုးမသြင္းႏိုင္မႈနဲ႔အတူ ပင္နယ္တီအဆုံးအျဖတ္ကန္ခဲ့ရပါတယ္။

ပင္နယ္တီအဆုံးအျဖတ္တြင္ေနာ္တင္ဟမ္ေဖာရက္စ္ဂိုးသမားဆမ္ဘာဟာအိုလီေနာ္ဝုဒ္၊ေကာ္နာဟူရီဟိန္း၊ဂစ္ဘ္ဝႈိက္တို႔ရဲ႕ပင္နယ္တီတို႔ကိုကာကြယ္ကာေနာ္တင္ဟမ္ေဖာရက္စ္အတြက္ႏိုင္ပြဲကိုေဆာင္က်ဥ္းေပးခဲ့ပါတယ္။

ဆမ္ဘာဟာရွက္ဖီးလ္ယူႏိုက္တက္ရဲ႕ပင္နယ္တီအစီအစဥ္မ်ားကိုေရဗူးတြင္ကပ္ၿပီးအကူအညီရယူခဲ့တာေတြ႕ရပါတယ္။

ပြဲအၿပီးတြင္ဆမ္ဘာရဲ႕ေရဗူးကို႐ိုက္ကူးထားတဲ့ဓာတ္ပုံအြန္လိုင္းတြင္ထြက္ေပၚလာပါတယ္။ယင္းစာထဲတြင္ရွက္ဖီးလ္ယူႏိုက္တက္အသင္းမွကစားသမားမ်ားကန္သြင္းမယ့္ပင္နယ္တီအစီအစဥ္မ်ားကိုခန႔္မွန္းေရးသားထားတာေတြ႕ရပါတယ္။

ခ်န္ပီယံရွစ္ပေလးေအာ့ဖ္ဗိုလ္လုပြဲေရာက္ေနာ္တင္ဟမ္ေဖာရက္စ္ဟာလာမယ့္တနဂၤေႏြေန႔တြင္ပရီးမီးယားလိဂ္သို႔တက္ေရာက္ေရးဗိုလ္လုပြဲအျဖစ္ဟက္ဒါဖီးလ္ေတာင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။