ရေသန့်ဗူးကိုင်ရင်း တန်းလန်းဖြင့် လှပတဲ့မှော်ဝင်ဂိုးတစ်ဂိုးသွင်းယူခဲ့တဲ့ ဒက်စ်ထရို

ဂျီနိုအာတိုက်စစ်မှူးမားသီးယာဒက်စ်ထရိုဟာစနေနေ့ညတုန်းကဗီရိုနာနှင့်သုံးဂိုးစီသရေကျတဲ့ပွဲစဉ်မှာဘယ်ဖက်လက်မှာရေသန့်ဗူးကိုင်ရင်းတန်းလန်းဖြင့်လှပတဲ့မှော်ဝင်ဂိုးတစ်ဂိုးကို သွင်းယူပြခဲ့ပါတယ်။

အသက်၃၀နှစ်ရှိအီတလီတိုက်စစ်မှူးဟာ Stadio Luigi Ferraris ကွင်းမှာဗီရိုနာနှင့်သုံးဂိုးစီသရေကျတဲ့ပွဲမှာဂျီနိုအာရဲ့ပထမဂိုးကိုလည်းသွင်းယူခဲ့တဲ့သူဖြစ်ပါတယ်။

ဂျီနိုအာကဗီရိုနာနှင့်၂ဂိုးစီသရေကျနေတဲ့ပွဲချိန်၈၅မိနစ်မှာသူဟာဗီရိုနာဧရိယာအပြင်ဘက်မှာဘောလုံးရရှိပြီးနောက်ဗီရိုနာနောက်ခံလူကိုရေးဂန်တာကိုလိမ်ခေါက်ကျော်ဖြတ်ပြီးနောက်ဂိုးသမားလိုရန်ဇိုမွန်တီပိုရဲ့အပေါ်ကနေ အသာကျော်မကာအပြီးပြည့်စုံဆုံးသွင်းယူခဲ့တာဖြစ်ပါတယ်။

ပိုပြီးတော့အံ့ဩစရာကောင်းတာကတော့ရိုးမားတိုက်စစ်မှူးဟောင်းဟာဂိုးသွင်းယူချိန်တွင်ရေသန့်ဗူးတစ်ဗူးကိုကိုင်ဆောင်ထားတာဖြစ်ပါတယ်။

ဂျီနိုအာ၈၅မိနစ်မှာဒက်စ်ထရိုရဲ့ဂိုးနဲ့ပွဲကိုပြန်လည်ဦးဆောင်နိုင်ခဲ့ပေမယ့်နာကျင်အချိန်ပိုမှာကာလီနစ်ကဗီရိုနာအတွက်ချေပဂိုးသွင်းခဲ့လို့၃ဂိုးစီသရေကျခဲ့ပါတယ်။

ပွဲအပြီးတွင်ရေသန့်ဗူးကိုင်ကာဂိုးသွင်းခဲ့မှုနဲ့ပတ်သက်ပြီးဒက်စ်ထရိုက “ပွဲပြီးခါနီးရောက်တော့ကျွန်တော်အရမ်းပင်ပန်းနေတယ်။နာကျင်နေတယ်။ရေသောက်နေခဲ့တာပါ။ရေသန့်ဗူးကိုဘယ်နေရာမှာပစ်ရမှန်းမသိတာနဲ့ကိုင်ထားလိုက်တာပါ”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

ေရသန႔္ဗူးကိုင္ရင္း တန္းလန္းျဖင့္ လွပတဲ့ေမွာ္ဝင္ဂိုးတစ္ဂိုးသြင္းယူခဲ့တဲ့ ဒက္စ္ထ႐ို

ဂ်ီႏိုအာတိုက္စစ္မႉးမားသီးယာဒက္စ္ထ႐ိုဟာစေနေန႔ညတုန္းကဗီ႐ိုနာႏွင့္သုံးဂိုးစီသေရက်တဲ့ပြဲစဥ္မွာဘယ္ဖက္လက္မွာေရသန႔္ဗူးကိုင္ရင္းတန္းလန္းျဖင့္လွပတဲ့ေမွာ္ဝင္ဂိုးတစ္ဂိုးကို သြင္းယူျပခဲ့ပါတယ္။

အသက္၃၀ႏွစ္ရွိအီတလီတိုက္စစ္မႉးဟာ Stadio Luigi Ferraris ကြင္းမွာဗီ႐ိုနာႏွင့္သုံးဂိုးစီသေရက်တဲ့ပြဲမွာဂ်ီႏိုအာရဲ႕ပထမဂိုးကိုလည္းသြင္းယူခဲ့တဲ့သူျဖစ္ပါတယ္။

ဂ်ီႏိုအာကဗီ႐ိုနာႏွင့္၂ဂိုးစီသေရက်ေနတဲ့ပြဲခ်ိန္၈၅မိနစ္မွာသူဟာဗီ႐ိုနာဧရိယာအျပင္ဘက္မွာေဘာလုံးရရွိၿပီးေနာက္ဗီ႐ိုနာေနာက္ခံလူကိုေရးဂန္တာကိုလိမ္ေခါက္ေက်ာ္ျဖတ္ၿပီးေနာက္ဂိုးသမားလိုရန္ဇိုမြန္တီပိုရဲ႕အေပၚကေန အသာေက်ာ္မကာအၿပီးျပည့္စုံဆုံးသြင္းယူခဲ့တာျဖစ္ပါတယ္။

ပိုၿပီးေတာ့အံ့ဩစရာေကာင္းတာကေတာ့႐ိုးမားတိုက္စစ္မႉးေဟာင္းဟာဂိုးသြင္းယူခ်ိန္တြင္ေရသန႔္ဗူးတစ္ဗူးကိုကိုင္ေဆာင္ထားတာျဖစ္ပါတယ္။

ဂ်ီႏိုအာ၈၅မိနစ္မွာဒက္စ္ထ႐ိုရဲ႕ဂိုးနဲ႔ပြဲကိုျပန္လည္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္နာက်င္အခ်ိန္ပိုမွာကာလီနစ္ကဗီ႐ိုနာအတြက္ေခ်ပဂိုးသြင္းခဲ့လို႔၃ဂိုးစီသေရက်ခဲ့ပါတယ္။

ပြဲအၿပီးတြင္ေရသန႔္ဗူးကိုင္ကာဂိုးသြင္းခဲ့မႈနဲ႔ပတ္သက္ၿပီးဒက္စ္ထ႐ိုက “ပြဲၿပီးခါနီးေရာက္ေတာ့ကြၽန္ေတာ္အရမ္းပင္ပန္းေနတယ္။နာက်င္ေနတယ္။ေရေသာက္ေနခဲ့တာပါ။ေရသန႔္ဗူးကိုဘယ္ေနရာမွာပစ္ရမွန္းမသိတာနဲ႔ကိုင္ထားလိုက္တာပါ”လို႔ေျပာၾကားခဲ့ပါတယ္။