ရောက်တာ တစ်နှစ်သာရှိနေသေးတဲ့ Player Of The Year ကစားသမားကို လုပ်ခတိုးကာစာချုပ်သစ်ချုပ်မယ့် မန်စီးတီး

မန်စီးတီးဟာအသင်းသို့ရောက်လာတာတစ်နှစ်သာရှိသေးတဲ့ရူဘင်ဒိုင်ယက်စ်အားလုပ်ခများစွာတိုးမြှင့်ပြီးစာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးနေပြီဖြစ်ကြောင်းသိရပါတယ်။

ပေါ်တူဂီလက်ရွေးစင်ဗဟိုနောက်ခံလူဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဘင်ဖီကာမှပေါင်၆၁သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပြီးပထမရာသီတွင်ပင်မန်စီးတီးအားပရီးမီးယားလိဂ်ဖလားရရှိအောင်အဓိကစွမ်းဆောင်နိုင်မှုကြောင့် Premier League Player Of The Year ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက်၂၄နှစ်ရှိပေါ်တူဂီစတားဟာပရီးမီးယားလိဂ်ဖလားအပြင်ကာရာဘောင်းဖလားဆွတ်ခူးအောင်လည်းကူညီခဲ့တဲ့အပြင်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်းပို့ဆောင်ပေးခဲ့ပါတယ်။

ရူဘင်ဒိုင်ယက်စ်ဟာလက်ရှိအချိန်တွင်မန်စီးတီးတွင်တစ်ပတ်လုပ်ခပေါင်၉၀၀၀၀မျှသာရရှိနေပြီးမန်စီးတီးပထမအသင်းကစားသမားများထဲတွင်လုပ်ခအနည်းဆုံးရရှိတဲ့ကစားသမားများထဲမှတစ်ဦးဖြစ်နေပါတယ်။

ဒါကြောင့်လည်းမန်စီးတီးဟာရူဘင်ဒိုင်ယက်စ်ကိုကလပ်ရဲ့အရေးပါတဲ့ကစားသမားများအစုရရှိတဲ့ပမာဏအတိုင်းပေါင်၂၅၀၀၀၀အထိတိုးမြှင့်ပေးကာစာချုပ်သစ်ချုပ်ဆိုရန်စီစဉ်နေပါတယ်။

မန်စီးတီးဟာမကြာသေးမီတုန်းကရူဘင်ဒိုင်ယက်စ်ရဲ့ဗဟိုခံစစ်ကစားဖော်ဂျွန်စတုန်းကိုတစ်ပတ်လုပ်ခပေါင်၂၅၀၀၀၀အထိတိုးမြှင့်ကာစာချုပ်သစ်ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။

ZawGyi

ေရာက္တာ တစ္ႏွစ္သာရွိေနေသးတဲ့ Player Of The Year ကစားသမားကို လုပ္ခတိုးကာစာခ်ဳပ္သစ္ခ်ဳပ္မယ့္ မန္စီးတီး

မန္စီးတီးဟာအသင္းသို႔ေရာက္လာတာတစ္ႏွစ္သာရွိေသးတဲ့႐ူဘင္ဒိုင္ယက္စ္အားလုပ္ခမ်ားစြာတိုးျမႇင့္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ေဆြးေႏြးေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ဗဟိုေနာက္ခံလူဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဘင္ဖီကာမွေပါင္၆၁သန္းျဖင့္ေျပာင္းလာခဲ့သူျဖစ္ၿပီးပထမရာသီတြင္ပင္မန္စီးတီးအားပရီးမီးယားလိဂ္ဖလားရရွိေအာင္အဓိကစြမ္းေဆာင္ႏိုင္မႈေၾကာင့္ Premier League Player Of The Year ဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အသက္၂၄ႏွစ္ရွိေပၚတူဂီစတားဟာပရီးမီးယားလိဂ္ဖလားအျပင္ကာရာေဘာင္းဖလားဆြတ္ခူးေအာင္လည္းကူညီခဲ့တဲ့အျပင္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔လည္းပို႔ေဆာင္ေပးခဲ့ပါတယ္။

႐ူဘင္ဒိုင္ယက္စ္ဟာလက္ရွိအခ်ိန္တြင္မန္စီးတီးတြင္တစ္ပတ္လုပ္ခေပါင္၉၀၀၀၀မွ်သာရရွိေနၿပီးမန္စီးတီးပထမအသင္းကစားသမားမ်ားထဲတြင္လုပ္ခအနည္းဆုံးရရွိတဲ့ကစားသမားမ်ားထဲမွတစ္ဦးျဖစ္ေနပါတယ္။

ဒါေၾကာင့္လည္းမန္စီးတီးဟာ႐ူဘင္ဒိုင္ယက္စ္ကိုကလပ္ရဲ႕အေရးပါတဲ့ကစားသမားမ်ားအစုရရွိတဲ့ပမာဏအတိုင္းေပါင္၂၅၀၀၀၀အထိတိုးျမႇင့္ေပးကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္စီစဥ္ေနပါတယ္။

မန္စီးတီးဟာမၾကာေသးမီတုန္းက႐ူဘင္ဒိုင္ယက္စ္ရဲ႕ဗဟိုခံစစ္ကစားေဖာ္ဂြၽန္စတုန္းကိုတစ္ပတ္လုပ္ခေပါင္၂၅၀၀၀၀အထိတိုးျမႇင့္ကာစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီးျဖစ္ပါတယ္။