ရောက်ပြီး တစ်နှစ်အကြာမှာဘဲ လုပ်ခနှစ်ဆတိုးပြီး ဒိုင်ယက်စ်ကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ မန်စီးတီး

ရူဘင်ဒိုင်ယက်စ်ဟာမန်စီးတီးနှင့်ခြောက်နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ပရီးမီးယားလိဂ်ချန်ပီယံလိဂ်ဟာအသင်းရဲ့အရေးအပါဆုံးကစားသမားများထဲတွင်လုပ်ခအနည်းဆုံးဖြစ်နေတဲ့ဒိုင်ယက်စ်ကိုလုပ်ခတိုးမြှင့်ပြီးစာချုပ်သစ်ချုပ်ဆိုရန်ယခုလအစောပိုင်းကတည်းကဆွေးနွေးလာခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့မန်စီးတီးဟာယခင်တုန်းကတစ်ပတ်လုပ်ခပေါင်၉၀၀၀၀သာရရှိလာခဲ့တဲ့ရူဘင်ရူဘင်ဒိုင်ယက်စ်ကိုလုပ်ခနှစ်ဆတိုးပြီးခြောက်နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အသက်၂၄နှစ်ရှိဒိုင်ယက်စ်က “ကျွန်တော့်ကိုကစားသမားတစ်ဦးအဖြစ်ပိုပြီးတော့တိုးတက်လာအောင်ကူညီပေးတဲ့ပက်နဲ့နည်းပြတွေကိုကျေးဇူးတင်ပါတယ်။သူတို့ကကျွန်တော်ကိုကောင်းသထက်ကောင်းအောင်တွန်းအားပေးနေခဲ့ကြတာပါ။ဒီအသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ပြီးခဲ့တဲ့ရာသီတုန်းကအောင်မြင်မှုရယူနိုင်ခဲ့မှုတွေကကြီးကျယ်လှပါတယ်။နောက်ထပ်အများကြီးအောင်မြင်မှုရဖို့ဆာလောင်နေပါတယ်။အခု ဒီရာသီမှာအသင်းကိုအောင်မြင်မှုရအောင်ထပ်ပြီးတော့ကြိုးပမ်းပေးသွားချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ရူဘင်ဒိုင်ယက်စ်ဟာပြီးခဲ့တဲ့ရာသီတုန်းကမန်စီးတီးသို့ရောက်လာပြီးနောက်ပရီးမီးယားလိဂ်ဖလား၊လိဂ်ဖလားတို့ရရှိအောင်ကူညီခဲ့တဲ့အပြင်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်းပို့ဆောင်ပေးခဲ့သူဖြစ်ပါတယ်။

ZawGyi

ေရာက္ၿပီး တစ္ႏွစ္အၾကာမွာဘဲ လုပ္ခႏွစ္ဆတိုးၿပီး ဒိုင္ယက္စ္ကို ႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္တဲ့ မန္စီးတီး

႐ူဘင္ဒိုင္ယက္စ္ဟာမန္စီးတီးႏွင့္ေျခာက္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။ပရီးမီးယားလိဂ္ခ်န္ပီယံလိဂ္ဟာအသင္းရဲ႕အေရးအပါဆုံးကစားသမားမ်ားထဲတြင္လုပ္ခအနည္းဆုံးျဖစ္ေနတဲ့ဒိုင္ယက္စ္ကိုလုပ္ခတိုးျမႇင့္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ယခုလအေစာပိုင္းကတည္းကေဆြးေႏြးလာခဲ့တာျဖစ္ပါတယ္။

ယခုအခါမွာေတာ့မန္စီးတီးဟာယခင္တုန္းကတစ္ပတ္လုပ္ခေပါင္၉၀၀၀၀သာရရွိလာခဲ့တဲ့႐ူဘင္႐ူဘင္ဒိုင္ယက္စ္ကိုလုပ္ခႏွစ္ဆတိုးၿပီးေျခာက္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

အသက္၂၄ႏွစ္ရွိဒိုင္ယက္စ္က “ကြၽန္ေတာ့္ကိုကစားသမားတစ္ဦးအျဖစ္ပိုၿပီးေတာ့တိုးတက္လာေအာင္ကူညီေပးတဲ့ပက္နဲ႔နည္းျပေတြကိုေက်းဇူးတင္ပါတယ္။သူတို႔ကကြၽန္ေတာ္ကိုေကာင္းသထက္ေကာင္းေအာင္တြန္းအားေပးေနခဲ့ၾကတာပါ။ဒီအသင္းရဲ႕အစိတ္အပိုင္းတစ္ခုအျဖစ္ၿပီးခဲ့တဲ့ရာသီတုန္းကေအာင္ျမင္မႈရယူႏိုင္ခဲ့မႈေတြကႀကီးက်ယ္လွပါတယ္။ေနာက္ထပ္အမ်ားႀကီးေအာင္ျမင္မႈရဖို႔ဆာေလာင္ေနပါတယ္။အခု ဒီရာသီမွာအသင္းကိုေအာင္ျမင္မႈရေအာင္ထပ္ၿပီးေတာ့ႀကိဳးပမ္းေပးသြားခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

႐ူဘင္ဒိုင္ယက္စ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကမန္စီးတီးသို႔ေရာက္လာၿပီးေနာက္ပရီးမီးယားလိဂ္ဖလား၊လိဂ္ဖလားတို႔ရရွိေအာင္ကူညီခဲ့တဲ့အျပင္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔လည္းပို႔ေဆာင္ေပးခဲ့သူျဖစ္ပါတယ္။