
မန်ချက်စတာယူနိုက်တက်နှင့်အာဆင်နယ်ဂန္ထဝင်ရောဘင်ဗန်ပါစီဟာသူ့ရဲ့ဖစ်ဘုတ်စာမျက်နှာအဟက်ခံရပြီးဟက်ကာကအပြာကားတင်ခဲ့ပြီးနောက် ထုတ်ပြန်ကြေညာချက်ပြုလုပ်လာခဲ့ရပါတယ်။
ရောဘတ်ဗန်ပါစီရဲ့ဖစ်ဘုတ်ပေ့ချ်မှာ Follower ၁၈သန်းအထိရှိပြီးယင်းစာမျက်နှာတွင်အပြာကားတစ်ကားတင်လာမှုကြောင့်အားလုံးအံ့ဩသင့်ခဲ့ရပါတယ်။
Star ရဲ့ဖော်ပြမှုအရရော်ဘင်ဗန်ပါစီရဲ့ဖစ်ဘုတ်ပေ့ချ်တွင်ဗီဒီယိုင်ဖိုင်လေးဖိုင်တင်လာတာဖြစ်ပါတယ်။
ဒါကြောင့်လည်းဗန်ပါစီကယင်းပို့စ်များကိုတင်သူမှာသူမဟုတ်ဘဲပေ့ချ်ကိုဟက်သွားတဲ့ ဟက်ကာကတင်ခဲ့ခြင်းဖြစ်ကြောင်းတွစ်တာကနေရှင်းလင်းမှုပြုလုပ်လာခဲ့ရပါတယ်။
ဗန်ပါစီဟာ၂၀၁၉ခုနှစ်တွင်ကစားသမားဘဝစတင်ရာဖီယင်နုတွင်ကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။
သူဟာအင်္ဂလန်တွင်ကစားစဉ်အတွင်းယူနိုက်တက်၊အာဆင်နယ်တို့နှင့်အတူ ပရီးမီးယားလိဂ်ဖလား၊အက်ဖ်အေဖလားတို့ဆွတ်ခူးခဲ့ဖူးပါတယ်။
လက်ရှိအချိန်တွင်သူဟာအသက်၁၆နှစ်အရွယ်ရှိသားဖြစ်သူရှာကီးရယ်ကိုဘောလုံးသမားကောင်းတစ်ဦးဖြစ်အောင်ပျိုးထောင်နေပါတယ်။သားဖြစ်သူဟာဖီယင်နုယူ-၁၇အသင်းအတွက်၁၃ပွဲကစားထားရာမှာ၁၆ဂိုးသွင်းထားပြီးဖခင်ဖြစ်သူရဲ့ခြေရာနင်းနိုင်မဲ့အလားအလာကောင်းပြသနေပါတယ်။
ZawGyi
ရောဘင်ဗန်ပါစီရဲ့ဖစ်ဘုတ်ပေ့ခ်ျကို ဟက်ပြီး အပြာကားတင်ခဲ့တဲ့ ဟက်ကာ
ရောဘတ်ဗန်ပါစီရဲ့ဖစ်ဘုတ်ပေ့ခ်ျမှာ Follower ၁၈သန်းအထိရှိပြီးယင်းစာမျက်နှာတွင်အပြာကားတစ်ကားတင်လာမှုကြောင့်အားလုံးအံ့ဩသင့်ခဲ့ရပါတယ်။
Star ရဲ့ဖော်ပြမှုအရရော်ဘင်ဗန်ပါစီရဲ့ဖစ်ဘုတ်ပေ့ခ်ျတွင်ဗီဒီယိုင်ဖိုင်လေးဖိုင်တင်လာတာဖြစ်ပါတယ်။
ဒါကြောင့်လည်းဗန်ပါစီကယင်းပို့စ်များကိုတင်သူမှာသူမဟုတ်ဘဲပေ့ခ်ျကိုဟက်သွားတဲ့ ဟက်ကာကတင်ခဲ့ခြင်းဖြစ်ကြောင်းတွစ်တာကနေရှင်းလင်းမှုပြုလုပ်လာခဲ့ရပါတယ်။