ရောဘတ်အင်ကီကဲ့သို့ကိုယ့်ကိုယ်ကိုအဆုံးစီရင်ပြောဆိုခံခဲ့ရတဲ့အာဆင်နယ်ဂိုးသမားလီနို

အာဆင်နယ်ဂိုးသမားဘန့်လီနိုကဂျာမနီဂိုးသမားဟောင်းရောဘတ်အန်ကီကဲ့သို့ကိုယ့်ကိုယ်ကိုအဆုံးစီရင်ရန်ဆိုရှယ်မီဒီယာတွင်ပြောကြားခြင်းခံရကြောင်းဖွင့်ဟပြောကြားလာပါတယ်။

အသက်၃၂နှစ်ရှိအန်ကီဟာ၂၀၀၉ခုနှစ်တုန်းကစိတ်ကျဝေဒနာခံစားရပြီးနောက်ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။အန်ကီဟာဘာစီလိုနာ၊ဘင်ဖီကာ၊မိုချင်ဂလက်ဘတ်၊ဟန်နိုဗာတို့တွင်ကစားခဲ့သူဖြစ်ပြီးသူ့ရဲ့အဆုံးစီရင်မှု ကြောင့်ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံးတုန်လှုပ်ခဲ့ကြရပါတယ်။

အသက်၂၈နှစ်ရှိအာဆင်နယ်ဂိုးသမားကအသင်းဟောင်းလေဗာကူဆင်တွင်ကစားစဉ်တုန်းကပွဲတစ်ပွဲတွင်အကောင်းဆုံးလက်စွမ်းမပြနိုင်ခဲ့ပြီးနောက်ကိုယ့်ကိုယ်ကိုအဆုံးစီရင်ရန်ပြောကြားခြင်းခံခဲ့ရကြောင်းဆိုသွားပါတယ်။

၎င်းက “အွန်လိုင်းမှာဆဲဆိုပြောကြားမှုခံရတာနဲ့ပတ်သက်ပြီးဒီမှာ(အင်္ဂလန်)ရောဂျာမနီမှာပါကြုံခဲ့ရပါတယ်။ဒါတွေ နဲ့ပတ်သက်ပြီးစိတ်ထဲမှာတစ်ခုဘဲရှိတယ်။ရူးကြောင်မူးကြောင်နိုင်တယ်လို့ဘဲထင်တယ်။ပွဲဆိုးတစ်ပွဲနဲ့ကြုံခဲ့ရတယ်။ နောက်တော့ဆိုရှယ်မီဒီယာမှာလူတစ်ဦးကအန်ကီလိုလုပ်ဖို့မက်ဆေ့အပို့ခံရပါတယ်။ဒါကိုဖတ်ပြီးတဲ့နောက်ဆိုရှယ်မီဒီယာမှာလူရိုင်းတွေအများကြီးရှိတာဘဲလို့တွေးမိခဲ့တယ်။ဒါကြောင့်လည်းကျွန်တော်ဟာကောင်းတာဘဲဖြစ်ဖြစ်၊ ဆိုးတာဘဲဖြစ်ဖြစ်ဘာမှမဖတ်ပါဘူး။ဒါတွေကကျွန်တော့်အတွက်ဘာအကျိုးမှမရှိပါဘူး။အချိန်ကုန်တာဘဲအဖတ် တင်ပါမယ်။အကောင့်တုတွေကလည်းအများကြီးပါ။ကွန်ပျူတာနောက်မှာပုန်းပြီးဆိုးရွားအောင်လုပ်နေတဲ့သူတွေ လည်းအများကြီးပါ။ဖတ်လည်းမဖတ်ဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ေရာဘတ္အင္ကီကဲ့သို႔ကိုယ့္ကိုယ္ကိုအဆုံးစီရင္ေျပာဆိုခံခဲ့ရတဲ့အာဆင္နယ္ဂိုးသမားလီႏို

အာဆင္နယ္ဂိုးသမားဘန္႔လီႏိုကဂ်ာမနီဂိုးသမားေဟာင္းေရာဘတ္အန္ကီကဲ့သို႔ကိုယ့္ကိုယ္ကိုအဆုံးစီရင္ရန္ဆိုရွယ္မီဒီယာတြင္ေျပာၾကားျခင္းခံရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

အသက္၃၂ႏွစ္ရွိအန္ကီဟာ၂၀၀၉ခုႏွစ္တုန္းကစိတ္က်ေဝဒနာခံစားရၿပီးေနာက္ကိုယ့္ကိုယ္ကိုအဆုံးစီရင္သြားခဲ့ပါတယ္။အန္ကီဟာဘာစီလိုနာ၊ဘင္ဖီကာ၊မိုခ်င္ဂလက္ဘတ္၊ဟန္ႏိုဗာတို႔တြင္ကစားခဲ့သူျဖစ္ၿပီးသူ႔ရဲ႕အဆုံးစီရင္မႈ ေၾကာင့္ကမာၻ႔ေဘာလုံးေလာကတစ္ခုလုံးတုန္လႈပ္ခဲ့ၾကရပါတယ္။

အသက္၂၈ႏွစ္ရွိအာဆင္နယ္ဂိုးသမားကအသင္းေဟာင္းေလဗာကူဆင္တြင္ကစားစဥ္တုန္းကပြဲတစ္ပြဲတြင္အေကာင္းဆုံးလက္စြမ္းမျပႏိုင္ခဲ့ၿပီးေနာက္ကိုယ့္ကိုယ္ကိုအဆုံးစီရင္ရန္ေျပာၾကားျခင္းခံခဲ့ရေၾကာင္းဆိုသြားပါတယ္။

၎က “အြန္လိုင္းမွာဆဲဆိုေျပာၾကားမႈခံရတာနဲ႔ပတ္သက္ၿပီးဒီမွာ(အဂၤလန္)ေရာဂ်ာမနီမွာပါႀကဳံခဲ့ရပါတယ္။ဒါေတြ နဲ႔ပတ္သက္ၿပီးစိတ္ထဲမွာတစ္ခုဘဲရွိတယ္။႐ူးေၾကာင္မူးေၾကာင္ႏိုင္တယ္လို႔ဘဲထင္တယ္။ပြဲဆိုးတစ္ပြဲနဲ႔ႀကဳံခဲ့ရတယ္။ ေနာက္ေတာ့ဆိုရွယ္မီဒီယာမွာလူတစ္ဦးကအန္ကီလိုလုပ္ဖို႔မက္ေဆ့အပို႔ခံရပါတယ္။ဒါကိုဖတ္ၿပီးတဲ့ေနာက္ဆိုရွယ္မီဒီယာမွာလူ႐ိုင္းေတြအမ်ားႀကီးရွိတာဘဲလို႔ေတြးမိခဲ့တယ္။ဒါေၾကာင့္လည္းကြၽန္ေတာ္ဟာေကာင္းတာဘဲျဖစ္ျဖစ္၊ ဆိုးတာဘဲျဖစ္ျဖစ္ဘာမွမဖတ္ပါဘူး။ဒါေတြကကြၽန္ေတာ့္အတြက္ဘာအက်ိဳးမွမရွိပါဘူး။အခ်ိန္ကုန္တာဘဲအဖတ္ တင္ပါမယ္။အေကာင့္တုေတြကလည္းအမ်ားႀကီးပါ။ကြန္ပ်ဴတာေနာက္မွာပုန္းၿပီးဆိုး႐ြားေအာင္လုပ္ေနတဲ့သူေတြ လည္းအမ်ားႀကီးပါ။ဖတ္လည္းမဖတ္ဘူး”လို႔ေျပာၾကားသြားပါတယ္။