ရောမတွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာမှုအတွက် အီတလီရဲ့ယူရိုသူရဲကောင်းများ အပြစ်ဖို့ခံနေရ

အီတလီမှကျန်းမာရေးဝန်ထမ်းများဟာရောမတွင်ကိုဗစ်ကူးစက်မှုမြင့်တက်လာမှုအတွက်နိုင်ငံရဲ့ယူရို၂၀၂၀သူရဲကောင်းများအားအပြစ်တင်လျက်ရှိပါတယ်။

အီတလီအသင်းဟာဝင်ဘာလေကွင်းတွင်အင်္ဂလန်ကိုအနိုင်ရရှိကာယူရို၂၀၂၀ချန်ပီယံဖြစ်ပြီးနောက်ဇူလိုင်လ၁၂ရက်နေ့တုန်းကအမိုးဖွင့်ဘတ်စ်ကားဖြင့်ရောမမြို့ရှိလမ်းများတွင်လည်ပတ် အောင်ပွဲခံခဲ့ပါတယ်။

ယင်းသို့အီတလီအသင်းရဲ့ယူရို၂၀၂၀အောင်ပွဲခံမှုကိုရောမရှိထောင်ပေါင်းများစွာသောပရိသတ်များကလမ်းမပေါ်သို့ထွက်ကာကြိုဆိုမှုပြုလုပ်ခဲ့ကြပါတယ်။

လာဇီယိုဒေသကျန်းမာရေးဆိုင်ရာဝန်ထမ်းအလက်စီယိုဒီအေမာတိုကအမိုးဖွင့်ဘတ်စ်ကားဖြင့်ရောမမြို့တွင်လှည့်လည်အောင်ပွဲခံရန်ဆုံးဖြတ်ခဲ့တဲ့အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂါဘရီရယ်ဂါရာဗီနာကိုဝေဖန်ခဲ့ပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ဟာကျန်းမာရေးဌာန၊ပြည်ထဲရေးဌာနအပါအဝင်အစိုးရအဖွဲ့အစည်းများပိတ်ပင်မှုများကြားထဲမှလှည့်လည်အောင်ပွဲခံမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းကရောမတွင်ကိုဗစ်ကူးစက်မှုအသစ် ၆၈၁ခုအထိရှိခဲ့ပါတယ်။အီတလီအသင်း မြို့ပတ်လည့်လည်ခြင်းမပြုမီကတစ်နေ့လျှင်ကူးစက်မှု၁၆၄ခုမျှသာရှိခဲ့ရာမှကူစက်မှုပမာဏမြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

ေရာမတြင္ ကိုဗစ္ကူးစက္မႈ ျမင့္တက္လာမႈအတြက္ အီတလီရဲ႕ယူ႐ိုသူရဲေကာင္းမ်ား အျပစ္ဖို႔ခံေနရ

အီတလီမွက်န္းမာေရးဝန္ထမ္းမ်ားဟာေရာမတြင္ကိုဗစ္ကူးစက္မႈျမင့္တက္လာမႈအတြက္ႏိုင္ငံရဲ႕ယူ႐ို၂၀၂၀သူရဲေကာင္းမ်ားအားအျပစ္တင္လ်က္ရွိပါတယ္။

အီတလီအသင္းဟာဝင္ဘာေလကြင္းတြင္အဂၤလန္ကိုအႏိုင္ရရွိကာယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ၿပီးေနာက္ဇူလိုင္လ၁၂ရက္ေန႔တုန္းကအမိုးဖြင့္ဘတ္စ္ကားျဖင့္ေရာမၿမိဳ႕ရွိလမ္းမ်ားတြင္လည္ပတ္ ေအာင္ပြဲခံခဲ့ပါတယ္။

ယင္းသို႔အီတလီအသင္းရဲ႕ယူ႐ို၂၀၂၀ေအာင္ပြဲခံမႈကိုေရာမရွိေထာင္ေပါင္းမ်ားစြာေသာပရိသတ္မ်ားကလမ္းမေပၚသို႔ထြက္ကာႀကိဳဆိုမႈျပဳလုပ္ခဲ့ၾကပါတယ္။

လာဇီယိုေဒသက်န္းမာေရးဆိုင္ရာဝန္ထမ္းအလက္စီယိုဒီေအမာတိုကအမိုးဖြင့္ဘတ္စ္ကားျဖင့္ေရာမၿမိဳ႕တြင္လွည့္လည္ေအာင္ပြဲခံရန္ဆုံးျဖတ္ခဲ့တဲ့အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌဂါဘရီရယ္ဂါရာဗီနာကိုေဝဖန္ခဲ့ပါတယ္။

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာက်န္းမာေရးဌာန၊ျပည္ထဲေရးဌာနအပါအဝင္အစိုးရအဖြဲ႕အစည္းမ်ားပိတ္ပင္မႈမ်ားၾကားထဲမွလွည့္လည္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အဂၤါေန႔တုန္းကေရာမတြင္ကိုဗစ္ကူးစက္မႈအသစ္ ၆၈၁ခုအထိရွိခဲ့ပါတယ္။အီတလီအသင္း ၿမိဳ႕ပတ္လည့္လည္ျခင္းမျပဳမီကတစ္ေန႔လွ်င္ကူးစက္မႈ၁၆၄ခုမွ်သာရွိခဲ့ရာမွကူစက္မႈပမာဏျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။