ရောမဒါဘီရှုံးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဂျာနယ်လစ်များနှင့်ပြဿနာတက်ခဲ့တဲ့ မော်ရင်ဟို

ဟိုဆေးမော်ရင်ဟိုဟာရောမဒါဘီရှုံးပွဲအပြီးသတင်းစာရှင်းလင်းပွဲအပြီးတွင်ဂျာနယ်လစ်အချို့တို့နှင့်ပြဿနာတက်ခဲ့ကြောင်းသိရပါတယ်။

မော်ရင်ဟိုဦးဆောင်တဲ့ရိုးမားဟာမနေ့ညတုန်းကမြို့ခံပြိုင်ဘက်လာဇီယိုကို၃-၂ဂိုးဖြင့်ရှုံးနိမ့်ကာယခုရာသီစီးရီးအေမှာဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။

သူဟာပွဲပြီးအင်တာဗျူးတွင်လည်းသူ့ရဲ့ဒေါသနှင့်စိတ်ပျက်မှုကိုသိုဝှက်မထားနိုင်ခဲ့ပါဘူး။သူဟာဒိုင်လူကြီးနှင့်VAR တို့ရဲ့ဆုံးဖြတ်ချက်ကြောင့်ရောမဒါဘီပွဲရှုံးတာလို့အပြစ်ဖို့သွားခဲ့ပါတယ်။

သူဟာသတင်းစာရှင်းလင်းပွဲမှာ Sky Sport ဂျာနယ်လစ်အင်ဂျဲလိုမင်ဂီယန်တီအပြင်အခြားဂျာနယ်လစ်အချို့တို့နှင့်အချင်းများခဲ့ပါတယ်။ဒါပေမယ့်မော်ရင်ဟိုနှင့်ဂျာနယ်လစ်တို့အကြားဘာပြဿနာတက်တယ်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ZawGyi




