ရော်နယ်ကိုးမန်းကို ရည်ရွယ်ကာ ဖုန်းဆက်တဲ့ပုံစံဖြင့် အောင်ပွဲခံခြင်းမဟုတ်ကြောင်း ဆွာရက်ဇ် ငြင်းဆို

လူးဝစ်ဆွာရက်ဇ်ကစနေနေ့တုန်းကအသင်းဟောင်းဘာစီလိုနာအားအနိုင်ရရှိတဲ့ပွဲတွင်ဂိုးသွင်းယူနိုင်ပြီးနောက်ဖုန်းဆက်သကဲ့သို့ပြုလုပ်အောင်ပွဲခံခဲ့ခြင်းမှာဘာစီလိုနာနည်းပြရော်ယ်ကိုးမန်းကိုရည်ရွယ်လှောင်ပြောင်အောင်ပွဲခံခဲ့ခြင်းမဟုတ်ကြောင်းရှင်းလင်းလာပါတယ်။

လူးဝစ်ဆွာရက်ဇ်ဟာစနေနေ့တုန်းကအသင်းဟောင်းဘာစီလိုနာအား၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဂိုးသွင်းယူပြီးနောက်ဖုန်းဆက်သကဲ့သို့ပြုလုပ်ခဲ့ပြီးယင်းမှာကိုးမန်းအပြင်ဘာစီလိုနာပရိသတ်ကိုလည်းရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပါဘူး။

လူးဝစ်ဆွာရက်ဇ်ဟာလွန်ခဲ့တဲ့တစ်နှစ်တုန်းကကလပ်နှင့်နည်းပြကိုးမန်းတို့ကအလိုမရှိမှုနဲ့အတူအက်သလက်တီကိုသို့ပြောင်းခဲ့ပါတယ်။ကိုးမန်းဟာသူ့ကိုစက္ကန့်၆၀ဝန်းကျင်ခန့်ဖုန်းဆက်သွယ်ပြောကြားကာအလိုမရှိခဲ့ကြောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့်လည်းဆွာရက်ဇ်ဟာဘာစီလိုနာနှင့်ပွဲတွင်ဂိုးသွင်းယူပြီးနောက်ဖုန်းဆက်သကဲ့သို့အောင်ပွဲခံမှုပြုလုပ်ခြင်းမှာကိုးမန်းကိုရည်ရွယ်တယ်လို့အားလုံးကယူဆကြပါယ်။

ဒါပေမယ့်ဆွာရက်ဇ်က “ကျွန်တော့်ဟာအရင်နံပါတ်ဘဲကိုင်နေတုန်းဆိုတာပြသတာပါ။ကျွန်တော့်ကလေးတွေနဲ့သဘောတူညီမှုယူပြီးလုပ်ခဲ့တာပါ”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ဆွာရက်ဇ်ကယင်းသို့ပြုမူခြင်းမှာအောင်ပွဲခံခြင်းမဟုတ်ကြောင်းနှင့်အစောကတည်းကဘာစီလိုနာဘက်သို့ဂိုးသွင်းနိုင်လျှင်အောင်ပွဲမခံရန်ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။

ZawGyi






