ရော်နယ်ဒိုက ဆိုးလ်ရှားရဲ့ဘဝကိုခက်ခဲနေတယ်လို့ ပြောဆိုနေသူများကို ရေနီယာရီ ဝေဖန်

ဝက်ဖို့ဒ်နည်းပြကလော်ဒီယိုရေနီယာရီကခရစ္စတီယာနိုရော်နယ်ဒိုကအိုလီဂန်းနားဆိုးလ်ရှားရဲ့ဘဝကိုခက်ခဲအောင်လုပ်နေတယ်လို့ပြောဆိုနေသူများကို ဝေဖန်မှုပြုလုပ်လိုက်ပါတယ်။

ဝက်ဖို့ဒ်ဟာစနေနေ့တွင် Vicarage Road တွင်ဖိအားများနှင့်ရင်ဆိုင်ရပါမယ်။မန်ယူဟာနွေရာသီတုန်းကစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူခဲ့ပေမယ့်လည်းနောက်ဆုံး၁၂ပွဲတွင်၆ပွဲအထိရှုံးနိမ့်ထားပါတယ်။

ဆိုးလ်ရှားနှင့်ပတ်သက်ပြီးရေနီယာရီက “နည်းပြတိုင်းမှာတော့အမြဲဖိအားရှိပါတယ်။နိုင်ငံတိုင်း၊အချိန်တိုင်းမှာဖိအားရှိပါတယ်။ဒါကကျွန်တော်တို့ရဲ့ဘဝပါ။ကျွန်တော်တို့တိုက်ပွဲဝင်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုကဆိုးလ်ရှားကိုပိုမိုခက်ခဲအောင်လုပ်နေတယ်လို့ရေးသားနေကြမှုနှင့်ပတ်သက်ပြီးရေနီယာရီက “ခရစ္စတီယနိုကိုကျုပ်ကိုပေးလိုက်ပါ။ကျေးဇူးပြုပြီး။ဘာပြဿနာမှမရှိပါဘူး။ကျုပ်ကဖိအားနဲ့ပါ။ဒီဖိအားကိုချစ်တယ်။အသင်းကြီးနဲ့အောက်အသင်းရင်ဆိုင်ရတဲ့အထိခံစားမှုနှစ်မျိုးနဲ့ရှင်သန်ရပါတယ်။ကျုပ်ကစားသမားတွေကိုသူတို့ရဲ့တိုက်ပွဲဝင်လိုစိတ်ကိုပြသစေချင်ပါတယ်။ပွဲကစားရမယ့်အချိန်သို့ရောက်လာပါပြီ။ဥရောပအကောင်းဆုံးအသင်းတွေထဲကအသင်းတစ်သင်းဖြစ်တဲ့အသင်းကိုတိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာဝက်ဖို့ဒ်နှင့်ပွဲစဉ်တွင်ရှုံးနိမ့်ပါကရာထူးမှထုတ်ပယ်ခံရရန်သေချာသလောက်အနေအထားမျိုးရှိပါတယ်။

ZawGyi

ေရာ္နယ္ဒိုက ဆိုးလ္ရွားရဲ႕ဘဝကိုခက္ခဲေနတယ္လို႔ ေျပာဆိုေနသူမ်ားကို ေရနီယာရီ ေဝဖန္

ဝက္ဖို႔ဒ္နည္းျပကေလာ္ဒီယိုေရနီယာရီကခရစၥတီယာႏိုေရာ္နယ္ဒိုကအိုလီဂန္းနားဆိုးလ္ရွားရဲ႕ဘဝကိုခက္ခဲေအာင္လုပ္ေနတယ္လို႔ေျပာဆိုေနသူမ်ားကို ေဝဖန္မႈျပဳလုပ္လိုက္ပါတယ္။

ဝက္ဖို႔ဒ္ဟာစေနေန႔တြင္ Vicarage Road တြင္ဖိအားမ်ားႏွင့္ရင္ဆိုင္ရပါမယ္။မန္ယူဟာေႏြရာသီတုန္းကစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူခဲ့ေပမယ့္လည္းေနာက္ဆုံး၁၂ပြဲတြင္၆ပြဲအထိရႈံးနိမ့္ထားပါတယ္။

ဆိုးလ္ရွားႏွင့္ပတ္သက္ၿပီးေရနီယာရီက “နည္းျပတိုင္းမွာေတာ့အၿမဲဖိအားရွိပါတယ္။ႏိုင္ငံတိုင္း၊အခ်ိန္တိုင္းမွာဖိအားရွိပါတယ္။ဒါကကြၽန္ေတာ္တို႔ရဲ႕ဘဝပါ။ကြၽန္ေတာ္တို႔တိုက္ပြဲဝင္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုကဆိုးလ္ရွားကိုပိုမိုခက္ခဲေအာင္လုပ္ေနတယ္လို႔ေရးသားေနၾကမႈႏွင့္ပတ္သက္ၿပီးေရနီယာရီက “ခရစၥတီယႏိုကိုက်ဳပ္ကိုေပးလိုက္ပါ။ေက်းဇူးျပဳၿပီး။ဘာျပႆနာမွမရွိပါဘူး။က်ဳပ္ကဖိအားနဲ႔ပါ။ဒီဖိအားကိုခ်စ္တယ္။အသင္းႀကီးနဲ႔ေအာက္အသင္းရင္ဆိုင္ရတဲ့အထိခံစားမႈႏွစ္မ်ိဳးနဲ႔ရွင္သန္ရပါတယ္။က်ဳပ္ကစားသမားေတြကိုသူတို႔ရဲ႕တိုက္ပြဲဝင္လိုစိတ္ကိုျပသေစခ်င္ပါတယ္။ပြဲကစားရမယ့္အခ်ိန္သို႔ေရာက္လာပါၿပီ။ဥေရာပအေကာင္းဆုံးအသင္းေတြထဲကအသင္းတစ္သင္းျဖစ္တဲ့အသင္းကိုတိုက္ပြဲဝင္ဖို႔အသင့္ျဖစ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားဟာဝက္ဖို႔ဒ္ႏွင့္ပြဲစဥ္တြင္ရႈံးနိမ့္ပါကရာထူးမွထုတ္ပယ္ခံရရန္ေသခ်ာသေလာက္အေနအထားမ်ိဳးရွိပါတယ္။