ရော်နယ်ဒိုကို ဓာတ်ပုံတွဲရိုက်ခွင့်တောင်းရန် ကြောက်နေခဲ့တဲ့ ဂျာမနီစတား

ဂျာမနီအလယ်တန်းကစားသမားမီမက်ကန်အေဒင်ကသူ့ရဲ့ရှော်လ်ကေးကစားသမားဘဝအစောပိုင်းတုန်းကခရစ္စတီယာနိုရော်နယ်ဒိုနှင့်ဆုံစည်းစဉ်ဓာတ်ပုံတွဲရိုက်ကူးရေး တောင်းဆိုမှုပြုလုပ်ရန်ကြောက်လန့်နေခဲ့ကြောင်းဖွင့်ဟဝန်ခံလာပါတယ်။

အေဒင်ဟာ၂၀၁၄ခုနှစ်တုန်းကအသက်၁၂နှစ်အရွယ်တွင်ရှော်လ်ကေးအကယ်ဒမီသို့ ရောက်လာခဲ့တာဖြစ်ပြီးထိုစဉ်ကရှော်လ်ကေးမှာချန်ပီယံလိဂ်တွင်ပုံမှန်ကစားနေတဲ့အသင်းအဖြစ်ရပ်တည်နေပါတယ်။

ဂျာမနီအလယ်တန်းကစားသမားဟာရှော်လ်ကေးနှင့်ရီးရဲလ်မက်ဒရစ်တို့ရဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ထိုစဉ်ကရီးရဲလ်တွင်ကစားနေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုနှင့်အနီးကပ်ဆုံစည်းခွင့်ရရှိခဲ့ပါတယ်။

အေဒင်ကသူဟာလက်ရှိမန်ယူစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကိုသာမကရှော်လ်ကေးတွင်ကစားခဲ့တဲ့ရာအူးလ်၊ဂျူလီယန်ဒရက်စ်လာတို့ကိုလည်း ဓာတ်ပုံတွဲကူးပေးရေး တောင်းဆိုရန်ရှက်ရွံ့နေခဲ့ကြောင်းဆိုသွားပါတယ်။

၎င်းက “ငယ်ငယ်တုန်းကကျွန်တော်ကအရမ်းရှက်တတ်တဲ့ကလေးပါ။ရှော်လ်ကေးမှာရာအူးလ်၊ဒရက်စ်လာတို့ကစားနေတုန်းကတောင်သူတို့ကိုဓာတ်ပုံလေးတွဲရိုက်ကူးပေးဖို့ခွင့်မတောင်းရဲခဲ့ပါဘူး။ဗဲလ်တင်အရီနာမှာလူငယ်ကစားသမားတစ်ဦးအဖြစ်ချန်ပီယံလိဂ်ပွဲပထမဆုံးကြည့်ခဲ့ရတာရှော်လ်ကေးနဲ့ရီးရဲလ်မက်ဒရစ်ပွဲမှာဖြစ်ပါတယ်။ပွဲပြီးတော့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့နှစ်ပေအကွာလောက်မှာရပ်နေခဲ့တယ်။ဒါပေမယ့်သူ့ကိုဓာတ်ပုံကလေးတစ်ပုံတွဲရိုက်ခွင့်ပေးပါလားလို့ပြောဖို့ကြောက်နေခဲ့တယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်အေဒင်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုသူ့ရဲ့စံပြကစားသမားအဖြစ်မသတ်မှတ်ထားပါဘူး။အသက်၁၉နှစ်ရှိအလယ်တန်းကစားသမားကသူလေးစားအားကျရတဲ့ကစားသမားတွေကဘိုင်ယန်မှကမ်မစ်ချ်နှင့်လီဗာပူးမှထရန်းအလက်ဇန္ဒားအာနိုးတို့ဖြစ်ကြောင်းဆိုသွားပါတယ်။

ZawGyi

ေရာ္နယ္ဒိုကို ဓာတ္ပုံတြဲ႐ိုက္ခြင့္ေတာင္းရန္ ေၾကာက္ေနခဲ့တဲ့ ဂ်ာမနီစတား

ဂ်ာမနီအလယ္တန္းကစားသမားမီမက္ကန္ေအဒင္ကသူ႔ရဲ႕ေရွာ္လ္ေကးကစားသမားဘဝအေစာပိုင္းတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ဆုံစည္းစဥ္ဓာတ္ပုံတြဲ႐ိုက္ကူးေရး ေတာင္းဆိုမႈျပဳလုပ္ရန္ေၾကာက္လန႔္ေနခဲ့ေၾကာင္းဖြင့္ဟဝန္ခံလာပါတယ္။

ေအဒင္ဟာ၂၀၁၄ခုႏွစ္တုန္းကအသက္၁၂ႏွစ္အ႐ြယ္တြင္ေရွာ္လ္ေကးအကယ္ဒမီသို႔ ေရာက္လာခဲ့တာျဖစ္ၿပီးထိုစဥ္ကေရွာ္လ္ေကးမွာခ်န္ပီယံလိဂ္တြင္ပုံမွန္ကစားေနတဲ့အသင္းအျဖစ္ရပ္တည္ေနပါတယ္။

ဂ်ာမနီအလယ္တန္းကစားသမားဟာေရွာ္လ္ေကးႏွင့္ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ထိုစဥ္ကရီးရဲလ္တြင္ကစားေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္အနီးကပ္ဆုံစည္းခြင့္ရရွိခဲ့ပါတယ္။

ေအဒင္ကသူဟာလက္ရွိမန္ယူစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုကိုသာမကေရွာ္လ္ေကးတြင္ကစားခဲ့တဲ့ရာအူးလ္၊ဂ်ဴလီယန္ဒရက္စ္လာတို႔ကိုလည္း ဓာတ္ပုံတြဲကူးေပးေရး ေတာင္းဆိုရန္ရွက္႐ြံ႕ေနခဲ့ေၾကာင္းဆိုသြားပါတယ္။

၎က “ငယ္ငယ္တုန္းကကြၽန္ေတာ္ကအရမ္းရွက္တတ္တဲ့ကေလးပါ။ေရွာ္လ္ေကးမွာရာအူးလ္၊ဒရက္စ္လာတို႔ကစားေနတုန္းကေတာင္သူတို႔ကိုဓာတ္ပုံေလးတြဲ႐ိုက္ကူးေပးဖို႔ခြင့္မေတာင္းရဲခဲ့ပါဘူး။ဗဲလ္တင္အရီနာမွာလူငယ္ကစားသမားတစ္ဦးအျဖစ္ခ်န္ပီယံလိဂ္ပြဲပထမဆုံးၾကည့္ခဲ့ရတာေရွာ္လ္ေကးနဲ႔ရီးရဲလ္မက္ဒရစ္ပြဲမွာျဖစ္ပါတယ္။ပြဲၿပီးေတာ့ ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ႏွစ္ေပအကြာေလာက္မွာရပ္ေနခဲ့တယ္။ဒါေပမယ့္သူ႔ကိုဓာတ္ပုံကေလးတစ္ပုံတြဲ႐ိုက္ခြင့္ေပးပါလားလို႔ေျပာဖို႔ေၾကာက္ေနခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္ေအဒင္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုသူ႔ရဲ႕စံျပကစားသမားအျဖစ္မသတ္မွတ္ထားပါဘူး။အသက္၁၉ႏွစ္ရွိအလယ္တန္းကစားသမားကသူေလးစားအားက်ရတဲ့ကစားသမားေတြကဘိုင္ယန္မွကမ္မစ္ခ်္ႏွင့္လီဗာပူးမွထရန္းအလက္ဇႏၵားအာႏိုးတို႔ျဖစ္ေၾကာင္းဆိုသြားပါတယ္။