ရော်နယ်ဒိုကို ပွဲတိုင်း အသုံးပြုသွားမည်မဟုတ်ကြောင်း ဆိုးလ်ရှားအတည်ပြု

အိုလီဂန်းနားဆိုးလ်ရှားကစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုရဲ့အကောင်းဆုံးခြေစွမ်းထွက်ပေါ်လာစေရန်အတွက်အနားပေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်းအတည်ပြု ပြောကြားလိုက်ပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာစနေနေ့တုန်းကနယူးကာဆယ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်မန်ယူအတွက်ဒုတိယမြောက်ပထမဆုံးပွဲကိုကစားသွားခဲ့ပြီးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားက “ခရစ္စတီယာနိုကသူ့ကိုယ်သူအရမ်းဂရုစိုက်တော့အမြန်ဆုံးပြန်လည်အားပြည့်လာမယ်ဆိုတာကျွန်တော်သိပြီးသားပါ။သူဟာရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်လည်းလုပ်ခဲ့ပါတယ်။သူကိုပွဲထွက်စာရင်းမှာချန်ထားဖို့ကမဖြစ်နိုင်တာမဟုတ်ပါဘူး။သူ့အသက်၃၆နှစ်ရှိပါပြီ။မေဆင်က၁၉နှစ်ပါ။ဒီတော့အတူတူပါပဲ။ကျွန်တော်တို့အနေနဲ့သူ့ကစားပွဲချိန်ကိုစီမံရပါမယ်။အသက်၃၆နှစ်ရှိကစားသမားရဲ့ပွဲကစားချိန်ကိုလည်းစီမံရပါမယ်။အင်္ဂါနေ့မှာပွဲကစားဖို့ရှိတယ်။ကျွန်တော်တို့ဘာလုပ်လာမယ်ကြည့်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကြံ့ခိုင်မှုပြည့်ဝတိုင်းပွဲထွက်ကစားသမားအဖြစ်ကစားလေ့ရှိသူဖြစ်ပြီးယခုအခါမန်ယူပရိသတ်များကလည်းသူ့ကိုပွဲထွက်ကစားသမားအဖြစ်ပင်မြင်တွေ့လိုနေပါတယ်။မန်ယူဟာမနက်ဖြန်မှာဆွစ်ဇာလန်သို့သွားရောက်ကာယန်းဘိုင်းနှင့်ချန်ပီယံလိဂ်ပွဲကစားရပါမယ်။

ZawGyi

ေရာ္နယ္ဒိုကို ပြဲတိုင္း အသုံးျပဳသြားမည္မဟုတ္ေၾကာင္း ဆိုးလ္ရွားအတည္ျပဳ

အိုလီဂန္းနားဆိုးလ္ရွားကစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အေကာင္းဆုံးေျခစြမ္းထြက္ေပၚလာေစရန္အတြက္အနားေပးမႈျပဳလုပ္သြားမည္ျဖစ္ေၾကာင္းအတည္ျပဳ ေျပာၾကားလိုက္ပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာစေနေန႔တုန္းကနယူးကာဆယ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္မန္ယူအတြက္ဒုတိယေျမာက္ပထမဆုံးပြဲကိုကစားသြားခဲ့ၿပီးႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဆိုးလ္ရွားက “ခရစၥတီယာႏိုကသူ႔ကိုယ္သူအရမ္းဂ႐ုစိုက္ေတာ့အျမန္ဆုံးျပန္လည္အားျပည့္လာမယ္ဆိုတာကြၽန္ေတာ္သိၿပီးသားပါ။သူဟာရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္လည္းလုပ္ခဲ့ပါတယ္။သူကိုပြဲထြက္စာရင္းမွာခ်န္ထားဖို႔ကမျဖစ္ႏိုင္တာမဟုတ္ပါဘူး။သူ႔အသက္၃၆ႏွစ္ရွိပါၿပီ။ေမဆင္က၁၉ႏွစ္ပါ။ဒီေတာ့အတူတူပါပဲ။ကြၽန္ေတာ္တို႔အေနနဲ႔သူ႔ကစားပြဲခ်ိန္ကိုစီမံရပါမယ္။အသက္၃၆ႏွစ္ရွိကစားသမားရဲ႕ပြဲကစားခ်ိန္ကိုလည္းစီမံရပါမယ္။အဂၤါေန႔မွာပြဲကစားဖို႔ရွိတယ္။ကြၽန္ေတာ္တို႔ဘာလုပ္လာမယ္ၾကည့္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာႀကံ့ခိုင္မႈျပည့္ဝတိုင္းပြဲထြက္ကစားသမားအျဖစ္ကစားေလ့ရွိသူျဖစ္ၿပီးယခုအခါမန္ယူပရိသတ္မ်ားကလည္းသူ႔ကိုပြဲထြက္ကစားသမားအျဖစ္ပင္ျမင္ေတြ႕လိုေနပါတယ္။မန္ယူဟာမနက္ျဖန္မွာဆြစ္ဇာလန္သို႔သြားေရာက္ကာယန္းဘိုင္းႏွင့္ခ်န္ပီယံလိဂ္ပြဲကစားရပါမယ္။