ရော်နယ်ဒိုကို ယခင်ပုံစံမရှိတော့ကြောင်း ပြောကြားပြီးနောက် ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ရောက်လာတဲ့ ဝိန်းရွန်းနီ

ဝိန်းရွန်းနီဟာအင်္ဂါနေ့တုန်းကမန်ချက်စတာယူနိုက်တက်ရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ရောက်လာခဲ့ကြောင်းသိရပါတယ်။

ဒီစီယူနိုက်တက်နည်းပြဟာကစားဖော်ဟောင်းခရစ္စတီယာနိုရော်နယ်ဒိုမှာအသက်အရွယ်ကြောင့်ယခင်လိုပုံစံမျိုးမရှိတော့ကြောင်းပြောကြားခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ရောက်လာခဲ့တာဖြစ်ပါတယ်။

ဝိန်းရွန်းနီဟာ အမေရိကန်မေဂျာလိဂ်အရှေ့ပိုင်းကွန်ဖရင့်တွင် ဒီစီယူနိုက်တက်မှာအမှတ်ပေးဇယားအောက်ဆုံးတွင်ရပ်တည်ပြီး ပလေးအော့ဖ်နဲ့လွဲခဲ့ရပြီးနောက်ပြီးခဲ့တဲ့အပတ်ကတည်းကဗြိတိန်သို့လာရောက်ကာမိသားစုအတွက်အချိန်ပေးနေပါတယ်။

သူဟာဗြိတိန်သို့ရောက်ရှိနေစဉ်အတွင်းတွင်အသင်းဟောင်းရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းသို့သွားရောက်မှုပြုလုပ်ခဲ့ပါတယ်။

အင်္ဂါနေ့တုန်းကလေ့ကျင့်ရေးအစီအစဉ်သို့ခရစ္စတီယာနိုရော်နယ်ဒိုဟာလည်း ဘော်ဒီဂတ်အမြွာညီနောင်နှစ်ဦးနှင့်အတူ ရောက်ရှိလာခဲ့ရာ ဝိန်းရွန်းနီနှင့်ဆုံတွေ့လာဖို့ရှိနေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်ယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၂ပွဲကစားထားရတယ်ဆိုပေမဲ့အများစုကိုအရန်အဖြစ်ကစားထားရတာဖြစ်ပြီးနှစ်ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

ZawGyi






