ရော်နယ်ဒိုကို လေးစားအားကျလွန်းလို့ သူ့လို အောင်ပွဲခံတာလို့ ဆိုလာတဲ့ တောင်းဆင့်

ခရစ္စတီယာနိုရော်နယ်ဒိုဟာယနေ့ညအဲဗာတန်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးမှာသူ့အောင်ပွဲခံမှုပုံစံအတိုင်းဂိုးသွင်းအောင်ပွဲခံမှုပြုလုပ်ခဲ့တဲ့အင်ဒရို့စ်တောင်းဆင့်ရဲ့နှစ်သိမ့်မှုကိုလှည့်မကြည့်ဘဲဥမင်လှိုဏ်ခေါင်းအတွင်းသို့ဝင်ရောက်သွားခဲ့ပါတယ်။

အနိုင်ရလိုစိတ်ပြင်းထန်တဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာယနေ့ညအဲဗာတန်နှင့်သရေကျကာ ရမှတ်တစ်မှတ်တည်းသာရရှိခဲ့မှုအပေါ်အကြီးအကျယ်စိတ်ပျက်ဒေါသထွက်နေခဲ့ပါတယ်။

မန်ယူဟာအန်တိုနီမာရှယ်ရဲ့ပထမပိုင်းသွင်းဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပေမယ့်လည်းဒုတိယပိုင်းမှာအင်ဒရို့စ်တောင်းဆင့်ကအဲဗာတန်အတွက်အဖိုးတန်ချေပဂိုးသွင်းယူခဲ့ပါတယ်။ အင်ဒရို့စ်တောင်းဆင့်ဟာအဲဗာတန်အတွက်ချေပဂိုးသွင်းယူပြီးနောက်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးသွင်းအောင်ပွဲခံမှုပုံစံဖြစ်တဲ့ SiiiUUU ဖြင့်အောင်ပွဲခံခဲ့ပါတယ်။

ပွဲသိမ်းခရာမှုတ်ပြီးချိန်တွင်အင်ဒရို့စ်တောင်းဆင့်ဟာခရစ္စတီယာနိုရော်နယ်ဒိုထံသို့သွားရောက်ကာနှစ်သိမ့်မှုပြုလုပ်ခဲ့ပေမယ့်လည်းမန်ယူစူပါစတားကလှည့်ပင်မကြည့်ဘဲ ဥမင်လှိုဏ်ခေါင်းအတွင်းသို့ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။

ပွဲပြီးအင်တာဗျူးတွင်အင်ဒရို့စ်တောင်းဆင့်ကယင်းသို့အောင်ပွဲခံမှုမှာခရစ္စတီယာနိုရော်နယ်ဒိုကိုလှောင်ပြောင်တဲ့သဘောဖြင့်အောင်ပွဲခံခြင်းမဟုတ်ဘဲသူ့ရဲ့စံပြကစားသမားဖြစ်တဲ့ပေါ်တူဂီစတားကိုဂုဏ်ပြုသောအားဖြင့်အောင်ပွဲခံခြင်းမျှသာဖြစ်ကြောင်းဖွင့်ဟသွားခဲ့ပါတယ်။

၎င်းက “သူကကျုပ်ရဲ့စံပြကစားသမားပါ။ခရစ္စတီယာနိုရော်နယ်ဒိုကိုကြည့်ပြီးကြီးပြင်းလာခဲ့တာပါ။သူ့ရဲ့နည်းစနစ်တွေကိုလေ့ကွင်းရေးကွင်းမှာနာရီပေါင်းများစွာလေ့ကျင့်လာခဲ့တာပါ။သူ့လိုအောင်ပွဲခံဖို့နာရီများစွာလေ့ကျင့်ဖို့တော့လိုမယ်ထင်တယ်။သူ့လောက်အောင်ပွဲခံတာမလှပါဘူး။ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုကိုလေးစားလို့ဒီလိုအောင်ပွဲခံတာပါ။သူနဲ့တစ်ကွင်းမှာကစားပြီးတော့ဂုဏ်ပြုတာပါ”လို့ပြောကြားသွားခဲ့ပါတယ်။

ZawGyi

ေရာ္နယ္ဒိုကို ေလးစားအားက်လြန္းလို႔ သူ႔လို ေအာင္ပြဲခံတာလို႔ ဆိုလာတဲ့ ေတာင္းဆင့္

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယေန႔ညအဲဗာတန္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲအၿပီးမွာသူ႔ေအာင္ပြဲခံမႈပုံစံအတိုင္းဂိုးသြင္းေအာင္ပြဲခံမႈျပဳလုပ္ခဲ့တဲ့အင္ဒ႐ို႕စ္ေတာင္းဆင့္ရဲ႕ႏွစ္သိမ့္မႈကိုလွည့္မၾကည့္ဘဲဥမင္လႈိဏ္ေခါင္းအတြင္းသို႔ဝင္ေရာက္သြားခဲ့ပါတယ္။

အႏိုင္ရလိုစိတ္ျပင္းထန္တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယေန႔ညအဲဗာတန္ႏွင့္သေရက်ကာ ရမွတ္တစ္မွတ္တည္းသာရရွိခဲ့မႈအေပၚအႀကီးအက်ယ္စိတ္ပ်က္ေဒါသထြက္ေနခဲ့ပါတယ္။

မန္ယူဟာအန္တိုနီမာရွယ္ရဲ႕ပထမပိုင္းသြင္းဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္းဒုတိယပိုင္းမွာအင္ဒ႐ို႕စ္ေတာင္းဆင့္ကအဲဗာတန္အတြက္အဖိုးတန္ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။ အင္ဒ႐ို႕စ္ေတာင္းဆင့္ဟာအဲဗာတန္အတြက္ေခ်ပဂိုးသြင္းယူၿပီးေနာက္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ဂိုးသြင္းေအာင္ပြဲခံမႈပုံစံျဖစ္တဲ့ SiiiUUU ျဖင့္ေအာင္ပြဲခံခဲ့ပါတယ္။

ပြဲသိမ္းခရာမႈတ္ၿပီးခ်ိန္တြင္အင္ဒ႐ို႕စ္ေတာင္းဆင့္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုထံသို႔သြားေရာက္ကာႏွစ္သိမ့္မႈျပဳလုပ္ခဲ့ေပမယ့္လည္းမန္ယူစူပါစတားကလွည့္ပင္မၾကည့္ဘဲ ဥမင္လႈိဏ္ေခါင္းအတြင္းသို႔ဝင္ေရာက္သြားခဲ့တာျဖစ္ပါတယ္။

ပြဲၿပီးအင္တာဗ်ဴးတြင္အင္ဒ႐ို႕စ္ေတာင္းဆင့္ကယင္းသို႔ေအာင္ပြဲခံမႈမွာခရစၥတီယာႏိုေရာ္နယ္ဒိုကိုေလွာင္ေျပာင္တဲ့သေဘာျဖင့္ေအာင္ပြဲခံျခင္းမဟုတ္ဘဲသူ႔ရဲ႕စံျပကစားသမားျဖစ္တဲ့ေပၚတူဂီစတားကိုဂုဏ္ျပဳေသာအားျဖင့္ေအာင္ပြဲခံျခင္းမွ်သာျဖစ္ေၾကာင္းဖြင့္ဟသြားခဲ့ပါတယ္။

၎က “သူကက်ဳပ္ရဲ႕စံျပကစားသမားပါ။ခရစၥတီယာႏိုေရာ္နယ္ဒိုကိုၾကည့္ၿပီးႀကီးျပင္းလာခဲ့တာပါ။သူ႔ရဲ႕နည္းစနစ္ေတြကိုေလ့ကြင္းေရးကြင္းမွာနာရီေပါင္းမ်ားစြာေလ့က်င့္လာခဲ့တာပါ။သူ႔လိုေအာင္ပြဲခံဖို႔နာရီမ်ားစြာေလ့က်င့္ဖို႔ေတာ့လိုမယ္ထင္တယ္။သူ႔ေလာက္ေအာင္ပြဲခံတာမလွပါဘူး။ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေလးစားလို႔ဒီလိုေအာင္ပြဲခံတာပါ။သူနဲ႔တစ္ကြင္းမွာကစားၿပီးေတာ့ဂုဏ္ျပဳတာပါ”လို႔ေျပာၾကားသြားခဲ့ပါတယ္။