ရော်နယ်ဒိုကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုမည်ဟု ဆိုးလ်ရှားအတည်ပြု

အိုလီဂန်းနားဆိုးလ်ရှားကလခရစ္စတီယာနိုရော်နယ်ဒိုအားမန်ယူတွင်အထောင်တိုက်စစ်မှူးအဖြစ်အသုံးပြုသွားမည်ဖြစ်ကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။

ပေါ်တူဂီစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုဟာအသင်းဟောင်းမန်ယူသို့ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိထားသူဖြစ်ပါတယ်။ဆိုးလ်ရှားဟာမန်ယူတွင်အတူတွဲကစားဖူးတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုဧရိယာအတွင်းအဓိကဂိုးသွင်းသူအဖြစ်အသုံးပြုရန်စီစဉ်ထားပါတယ်။

ရော်နယ်ဒိုဟာမန်ယူသို့တစ်ပတ်လုပ်ခပေါင်၄၈၀၀၀၀တန်၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့လာမှာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကစားသမားဘဝအစပိုင်းတုန်းကမန်ယူတွင်တောင်ပံကစားသမားအဖြစ်ကစားလာခဲ့ခြင်းဖြစ်သော်လည်းဂိုးသွင်းနှုန်းမြင့်မားလာမှုနဲ့အတူရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်၊ပေါ်တူဂီတို့တွင်အထောင်တိုက်စစ်မှူးအဖြစ်ကစားလာခဲ့သူလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားက “သူကညာတောင်ပံ၊ဘယ်တောင်ပံနဲ့ရှေ့တန်းတို့မှာကစားခဲ့တယ်။တိုက်စစ်သုံးနေရာလုံးမှာကစားခဲ့တယ်။ဒါပေမယ့်အခုအချိန်မှာသူကကျွန်တော့်အတွက်ဗဟိုတိုက်စစ်မှူးတစ်ဦးပါ။လုံးဝသေချာပါတယ်။ဒါပေမယ့်ကျွန်တော်တို့ဟာပွဲတွေမှာတိုက်စစ်သမားနှစ်ဦးသုံးတာရှိသလိုသုံးဦးသုံးတာလည်းရှိပါတယ်။ကျွန်တော်ကသူ့ကိုဂိုးတွေသွင်းစေချင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

ေရာ္နယ္ဒိုကို အေထာင္တိုက္စစ္မႉးအျဖစ္ အသုံးျပဳမည္ဟု ဆိုးလ္ရွားအတည္ျပဳ

အိုလီဂန္းနားဆိုးလ္ရွားကလခရစၥတီယာႏိုေရာ္နယ္ဒိုအားမန္ယူတြင္အေထာင္တိုက္စစ္မႉးအျဖစ္အသုံးျပဳသြားမည္ျဖစ္ေၾကာင္းအတည္ျပဳေျပာၾကားလိုက္ပါတယ္။

ေပၚတူဂီစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသင္းေဟာင္းမန္ယူသို႔ေျပာင္းေ႐ႊ႕ကစားရန္သေဘာတူညီမႈရရွိထားသူျဖစ္ပါတယ္။ဆိုးလ္ရွားဟာမန္ယူတြင္အတူတြဲကစားဖူးတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုဧရိယာအတြင္းအဓိကဂိုးသြင္းသူအျဖစ္အသုံးျပဳရန္စီစဥ္ထားပါတယ္။

ေရာ္နယ္ဒိုဟာမန္ယူသို႔တစ္ပတ္လုပ္ခေပါင္၄၈၀၀၀၀တန္၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕လာမွာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကစားသမားဘဝအစပိုင္းတုန္းကမန္ယူတြင္ေတာင္ပံကစားသမားအျဖစ္ကစားလာခဲ့ျခင္းျဖစ္ေသာ္လည္းဂိုးသြင္းႏႈန္းျမင့္မားလာမႈနဲ႔အတူရီးရဲလ္မက္ဒရစ္၊ဂ်ဴဗင္တပ္၊ေပၚတူဂီတို႔တြင္အေထာင္တိုက္စစ္မႉးအျဖစ္ကစားလာခဲ့သူလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားက “သူကညာေတာင္ပံ၊ဘယ္ေတာင္ပံနဲ႔ေရွ႕တန္းတို႔မွာကစားခဲ့တယ္။တိုက္စစ္သုံးေနရာလုံးမွာကစားခဲ့တယ္။ဒါေပမယ့္အခုအခ်ိန္မွာသူကကြၽန္ေတာ့္အတြက္ဗဟိုတိုက္စစ္မႉးတစ္ဦးပါ။လုံးဝေသခ်ာပါတယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ဟာပြဲေတြမွာတိုက္စစ္သမားႏွစ္ဦးသုံးတာရွိသလိုသုံးဦးသုံးတာလည္းရွိပါတယ္။ကြၽန္ေတာ္ကသူ႔ကိုဂိုးေတြသြင္းေစခ်င္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။