ရော်နယ်ဒိုကြောင့် ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံးကလပ်ဖြစ်လာတဲ့ ယူနိုက်တက်

ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကမန်ချက်စတာယူနိုက်တက်အတွက်၂၄ဂိုးသွင်းယူပေးခဲ့ပါတယ်။သူ့ယူနိုက်တက်အတွက်အကြီးကျယ်ဆုံးလုပ်ဆောင်ပေးလာမှုကတော့ပရီးမီးယားလိဂ်သမိုင်းမှာအဆိုးရွားရမှတ်ရရှိခဲ့တဲ့ရာသီမှာယူနိုက်တက်ကိုကော်မာရှယ်ပိုင်းမှာများစွာအထောက်အပံ့ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကကွင်းထဲမှာနာကျင်ခံခဲ့ရပေမဲ့ဆိုရှယ်မီဒီယာမှာတော့အကြီးအကျယ်အောင်မြင်မှုရယူနိုင်ခဲ့ပါတယ်။

အင်စတာဂရမ်တွင် Follower ၄၆၅သန်းပိုင်ဆိုင်ထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၂၁ခုနှစ်၊ဩဂုတ်လတုန်းကဂျူဗင်တပ်မှယူနိုက်တက်သို့တကျော့ပြန်ရောက်လာခဲ့တာဖြစ်ပြီးသူရောက်လာမှုနဲ့အတူယူနိုက်တက်ဟာအွန်လိုင်းမှာပရိသတ်များရဲ့တုံ့ပြန်မှု၂ဘီလီယံကျော်အထိရရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်ကလပ်များရဲ့လူတုံ့ပြန်မှုအများဆုံးပို့စ်၂၅ခုတွင်ခရစ္စတီယာနိုရော်နယ်ဒိုနဲ့သက်ဆိုင်တဲ့ပို့စ်က၁၀ခုအထိပါဝင်နေပါတယ်။ထိပ်ဆုံး၃ခုလုံးကစူပါစတားတိုက်စစ်မှူးနဲ့ပတ်သက်တဲ့ပို့စ်တွေဖြစ်ပါတယ်။

ဒါကြောင့်လည်းယူနိုက်တက်ဟာဆိုရှယ်မီဒီယာတွင်ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံးကလပ်အဖြစ်ရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာတို့ကိုကျော်ဖြတ်ပြီးပထမဆုံးအကြိမ်အဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်ရာသီတွင်ချန်ပီယံလိဂ်ဝင်ခွင့်မရရှိထားပါဘူး။သူဟာယူနိုက်တက်ရဲ့ရာသီကြိုခရီးစဉ်နှင့်လိုက်ပါခဲ့ခြင်းမရှိပါဘူး။

ရှက်ဖီးလ်ဟယ်လမ်တက္ကသိုလ်အားကစားစီးပွားရေးကျွမ်းကျင်သူဒေါက်တာရော့ဘ်ဝီလ်ဆင်က “ယူနိုက်တက်ဟာပေါလ်ပေါ့ဘာထွက်ခွာသွားလို့ဘာမှစိတ်အနှောက်အယှက်မဖြစ်ပါဘူး။ဒါပေမဲ့ရော်နယ်ဒိုထွက်ခွာဖို့ကြိုးစားမှုနဲ့နောက်ကွယ်မှာတော့အကြီးအကျယ်ဆွေးနွေးနေကြပါလိမ့်မယ်။သူ့ကိုခေါ်ယူလိုက်မှုကြောင့်သူတို့ဟာကော်မာရှယ်ဈေးကွက်မှာထိပ်ဆုံးမှာရပ်တည်နိုင်ဖို့အထောက်အကူဖြစ်စေခဲ့တယ်။တကယ်လို့သူတို့ခြေစွမ်းကြောင့်အများကြီးကျဆင်းလာရမှာ။ဒါကြေင့်လည်းမန်ချက်စတာယူနိုက်တက်ဟာသူ့ကိုမရောင်းချချင်တာပါ။သူ့ဈေးကွက်တန်ဖိုးကကစားသမားတစ်ဦးအဖြစ်သာမကကော်မာရှယ်မှာလည်းအလွန်ကိုကြီးမားလွန်းလှတယ်”လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီးဒေါက်တာရော့ဘ်ဝီလ်ဆင်ကယူနိုက်တက်ရဲ့နောက်ဆုံးစပွန်ဆာဖြစ်တဲ့အင်္ကျီလက်မောင်းကြော်ငြာ DXC နဲ့ တစ်နှစ်ပေါင်သန်း၂၀တန်စပွန်ဆာစာချုပ်ချုပ်ဆိုနိုင်မှုမှာ ခရစ္စတီယာနိုရော်နယ်ဒိုကြောင့်သာဖြစ်ကြောင်းပြောကြားသွားပါတယ်။

ZawGyi

ေရာ္နယ္ဒိုေၾကာင့္ ကမာၻ႔ေပၚျပဴလာအျဖစ္ဆုံးကလပ္ျဖစ္လာတဲ့ ယူႏိုက္တက္

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကမန္ခ်က္စတာယူႏိုက္တက္အတြက္၂၄ဂိုးသြင္းယူေပးခဲ့ပါတယ္။သူ႔ယူႏိုက္တက္အတြက္အႀကီးက်ယ္ဆုံးလုပ္ေဆာင္ေပးလာမႈကေတာ့ပရီးမီးယားလိဂ္သမိုင္းမွာအဆိုး႐ြားရမွတ္ရရွိခဲ့တဲ့ရာသီမွာယူႏိုက္တက္ကိုေကာ္မာရွယ္ပိုင္းမွာမ်ားစြာအေထာက္အပံ့ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကကြင္းထဲမွာနာက်င္ခံခဲ့ရေပမဲ့ဆိုရွယ္မီဒီယာမွာေတာ့အႀကီးအက်ယ္ေအာင္ျမင္မႈရယူႏိုင္ခဲ့ပါတယ္။

အင္စတာဂရမ္တြင္ Follower ၄၆၅သန္းပိုင္ဆိုင္ထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၂၁ခုႏွစ္၊ဩဂုတ္လတုန္းကဂ်ဴဗင္တပ္မွယူႏိုက္တက္သို႔တေက်ာ့ျပန္ေရာက္လာခဲ့တာျဖစ္ၿပီးသူေရာက္လာမႈနဲ႔အတူယူႏိုက္တက္ဟာအြန္လိုင္းမွာပရိသတ္မ်ားရဲ႕တုံ႔ျပန္မႈ၂ဘီလီယံေက်ာ္အထိရရွိလာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္ကလပ္မ်ားရဲ႕လူတုံ႔ျပန္မႈအမ်ားဆုံးပို႔စ္၂၅ခုတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔သက္ဆိုင္တဲ့ပို႔စ္က၁၀ခုအထိပါဝင္ေနပါတယ္။ထိပ္ဆုံး၃ခုလုံးကစူပါစတားတိုက္စစ္မႉးနဲ႔ပတ္သက္တဲ့ပို႔စ္ေတြျဖစ္ပါတယ္။

ဒါေၾကာင့္လည္းယူႏိုက္တက္ဟာဆိုရွယ္မီဒီယာတြင္ကမာၻ႔ေပၚျပဴလာအျဖစ္ဆုံးကလပ္အျဖစ္ရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာတို႔ကိုေက်ာ္ျဖတ္ၿပီးပထမဆုံးအႀကိမ္အျဖစ္ရပ္တည္လာႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလာမယ့္ရာသီတြင္ခ်န္ပီယံလိဂ္ဝင္ခြင့္မရရွိထားပါဘူး။သူဟာယူႏိုက္တက္ရဲ႕ရာသီႀကိဳခရီးစဥ္ႏွင့္လိုက္ပါခဲ့ျခင္းမရွိပါဘူး။

ရွက္ဖီးလ္ဟယ္လမ္တကၠသိုလ္အားကစားစီးပြားေရးကြၽမ္းက်င္သူေဒါက္တာေရာ့ဘ္ဝီလ္ဆင္က “ယူႏိုက္တက္ဟာေပါလ္ေပါ့ဘာထြက္ခြာသြားလို႔ဘာမွစိတ္အေႏွာက္အယွက္မျဖစ္ပါဘူး။ဒါေပမဲ့ေရာ္နယ္ဒိုထြက္ခြာဖို႔ႀကိဳးစားမႈနဲ႔ေနာက္ကြယ္မွာေတာ့အႀကီးအက်ယ္ေဆြးေႏြးေနၾကပါလိမ့္မယ္။သူ႔ကိုေခၚယူလိုက္မႈေၾကာင့္သူတို႔ဟာေကာ္မာရွယ္ေဈးကြက္မွာထိပ္ဆုံးမွာရပ္တည္ႏိုင္ဖို႔အေထာက္အကူျဖစ္ေစခဲ့တယ္။တကယ္လို႔သူတို႔ေျခစြမ္းေၾကာင့္အမ်ားႀကီးက်ဆင္းလာရမွာ။ဒါေၾကင့္လည္းမန္ခ်က္စတာယူႏိုက္တက္ဟာသူ႔ကိုမေရာင္းခ်ခ်င္တာပါ။သူ႔ေဈးကြက္တန္ဖိုးကကစားသမားတစ္ဦးအျဖစ္သာမကေကာ္မာရွယ္မွာလည္းအလြန္ကိုႀကီးမားလြန္းလွတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးေဒါက္တာေရာ့ဘ္ဝီလ္ဆင္ကယူႏိုက္တက္ရဲ႕ေနာက္ဆုံးစပြန္ဆာျဖစ္တဲ့အက်ႌလက္ေမာင္းေၾကာ္ျငာ DXC နဲ႔ တစ္ႏွစ္ေပါင္သန္း၂၀တန္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုႏိုင္မႈမွာ ခရစၥတီယာႏိုေရာ္နယ္ဒိုေၾကာင့္သာျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။