ရော်နယ်ဒိုထက် ဆာလက်သာတဲ့ နေရာကို ကလော့ပ်ဖွင့်ဟပြောကြားလာ

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားနဲ့ပတ်သက်ပြီးအငြင်းအခုံတွေဖြစ်လေ့ရှိပါတယ်။အရင်တုန်းကခရစ္စတီယာနိုရော်နယ်ဒိုနဲ့မက်ဆီအကြား ဘယ်သူကအကောင်းဆုံးဆိုတာနဲ့ပတ်သက်ပြီးငြင်းခုံခဲ့ကြပါတယ်။ဒါပေမယ့်လတ်တလောမှာမိုဟာမက်ဆာလက်ဟာလည်းထိပ်တန်းခြေစွမ်းပြသလာမှုနဲ့အတူအကောင်းဆုံးကစားသမားအငြင်းအခုံမှာပါဝင်လာပါတယ်။

အီဂျစ်ဘုရင်လို့ချစ်စနိုးအမည်ပေးခြင်းခံထားရတဲ့မိုဟာမက်ဆာလက်ဟာယခုရာသီမှာလီဗာပူးအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၁၁ပွဲကစားထားရာမှာ၁၂ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ကလော့ပ်ကတော့မိုဟာမက်ဆာလက်ကိုလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဆိုပြီးပရိုမိုးရှင်းလုပ်ထားပါတယ်။

ကလော့ပ်က “ဘယ်သူကအကောင်းဆုံးလဲ။ကမ္ဘာ့ဘောလုံးမှာမက်ဆီနဲ့ရော်နယ်ဒိုတို့လုပ်ပြခဲ့တာတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့မပြောခဲ့ဘူး။သူတို့လွှမ်းမိုးခဲ့ကြပါတယ်။ဒါပေမယ့်အခုအချိန်မှာသူ(ဆာလက်)ကအကောင်းဆုံးကစားသမားပါ”လို့ ဝက်ဖို့ဒ်အား၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးမှာပြောကြားသွားပါတယ်။

လီဗာပူးဟာလာမယ့်တနင်္ဂနွေနေ့မှာအိုးထရက်ဖို့ဒ်ကွင်းသို့သွားရောက်ကာမန်ယူအားရင်ဆိုင်ကစားရပါမယ်။အဆိုပါပွဲစဉ်တွင်မိုဟာမက်ဆာလက်ဟာခရစ္စတီယာနိုရော်နယ်ဒိုနဲ့ထိပ်တိုက်ရင်ဆိုင်ကစားရပါမယ်။

ကလော့ပ်က “သူတို့နှစ်ဦးကဘာလို့နှိုင်းယှဉ်ရမှာလဲ။နှစ်ဦးလုံးကကမ္ဘာ့အဆင့်ကစားသမားတွေပါ။မိုကဘယ်ခြေနဲ့ကန်တာပိုကောင်းတယ်။ခရစ္စတီယာနိုကလေထဲမှာနည်းနည်းပိုကောင်းတယ်။ပြီးတော့ညာခြေနဲ့ကန်တဲ့အခါပိုကောင်းတယ်။နှစ်ဦးလုံးကအရမ်းမြန်ပြီးဂိုးသွင်းဖို့စိတ်ပြင်းပြကြတယ်”လို့ပြောကြားသွားပါတယ်။

ရော်နယ်ဒိုရောမိုဟာမက်ဆာလက်ပါက Ballon d’Or ဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်ကြပါတယ်။

မိုဟာမက်ဆာလက်က Ballon d’Or ဆုကိုတစ်ကြိမ်မျှဆွတ်ခူးခဲ့ဖူးခြင်းမရှိပါဘူး။ဒါပေမယ့်သူဟာ၂၀၁၇နှင့်၂၀၁၈တို့မှာအာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့ဖူးပါတယ်။

ZawGyi

ေရာ္နယ္ဒိုထက္ ဆာလက္သာတဲ့ ေနရာကို ကေလာ့ပ္ဖြင့္ဟေျပာၾကားလာ

ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားနဲ႔ပတ္သက္ၿပီးအျငင္းအခုံေတြျဖစ္ေလ့ရွိပါတယ္။အရင္တုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔မက္ဆီအၾကား ဘယ္သူကအေကာင္းဆုံးဆိုတာနဲ႔ပတ္သက္ၿပီးျငင္းခုံခဲ့ၾကပါတယ္။ဒါေပမယ့္လတ္တေလာမွာမိုဟာမက္ဆာလက္ဟာလည္းထိပ္တန္းေျခစြမ္းျပသလာမႈနဲ႔အတူအေကာင္းဆုံးကစားသမားအျငင္းအခုံမွာပါဝင္လာပါတယ္။

အီဂ်စ္ဘုရင္လို႔ခ်စ္စႏိုးအမည္ေပးျခင္းခံထားရတဲ့မိုဟာမက္ဆာလက္ဟာယခုရာသီမွာလီဗာပူးအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၁၁ပြဲကစားထားရာမွာ၁၂ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။ကေလာ့ပ္ကေတာ့မိုဟာမက္ဆာလက္ကိုလက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားဆိုၿပီးပ႐ိုမိုးရွင္းလုပ္ထားပါတယ္။

ကေလာ့ပ္က “ဘယ္သူကအေကာင္းဆုံးလဲ။ကမာၻ႔ေဘာလုံးမွာမက္ဆီနဲ႔ေရာ္နယ္ဒိုတို႔လုပ္ျပခဲ့တာေတြနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္တို႔မေျပာခဲ့ဘူး။သူတို႔လႊမ္းမိုးခဲ့ၾကပါတယ္။ဒါေပမယ့္အခုအခ်ိန္မွာသူ(ဆာလက္)ကအေကာင္းဆုံးကစားသမားပါ”လို႔ ဝက္ဖို႔ဒ္အား၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲအၿပီးမွာေျပာၾကားသြားပါတယ္။

လီဗာပူးဟာလာမယ့္တနဂၤေႏြေန႔မွာအိုးထရက္ဖို႔ဒ္ကြင္းသို႔သြားေရာက္ကာမန္ယူအားရင္ဆိုင္ကစားရပါမယ္။အဆိုပါပြဲစဥ္တြင္မိုဟာမက္ဆာလက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ထိပ္တိုက္ရင္ဆိုင္ကစားရပါမယ္။

ကေလာ့ပ္က “သူတို႔ႏွစ္ဦးကဘာလို႔ႏႈိင္းယွဥ္ရမွာလဲ။ႏွစ္ဦးလုံးကကမာၻ႔အဆင့္ကစားသမားေတြပါ။မိုကဘယ္ေျခနဲ႔ကန္တာပိုေကာင္းတယ္။ခရစၥတီယာႏိုကေလထဲမွာနည္းနည္းပိုေကာင္းတယ္။ၿပီးေတာ့ညာေျခနဲ႔ကန္တဲ့အခါပိုေကာင္းတယ္။ႏွစ္ဦးလုံးကအရမ္းျမန္ၿပီးဂိုးသြင္းဖို႔စိတ္ျပင္းျပၾကတယ္”လို႔ေျပာၾကားသြားပါတယ္။

ေရာ္နယ္ဒိုေရာမိုဟာမက္ဆာလက္ပါက Ballon d’Or ဆုအတြက္ဆန္ကာတင္စာရင္းတြင္ပါဝင္ၾကပါတယ္။

မိုဟာမက္ဆာလက္က Ballon d’Or ဆုကိုတစ္ႀကိမ္မွ်ဆြတ္ခူးခဲ့ဖူးျခင္းမရွိပါဘူး။ဒါေပမယ့္သူဟာ၂၀၁၇ႏွင့္၂၀၁၈တို႔မွာအာဖရိကတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးခဲ့ဖူးပါတယ္။