ရော်နယ်ဒိုထက် မြင့်မားတဲ့လုပ်ခအဖြစ် တစ်နှစ်လုပ်ခ ပေါင် ၂၄၅ သန်းဖြင့် Al Hilal သို့ ပြောင်းရန် မက်ဆီရဲ့ဖခင် ဆွေးနွေးနေ

ဆော်ဒီကလပ်ရဲ့လီယွန်နယ်မက်ဆီကိုခေါ်ယူရေးစိတ်ဝင်စားမှုကမီးခိုးငွေ့များအဖြစ်ပျောက်ကွယ်သွားခဲ့ခြင်းမရှိပါဘူး။မီဒီယာများရဲ့ဖော်ပြချက်အရကမ္ဘာ့ဖလားချန်ပီယံရဲ့ဖခင်ဟာဆော်ဒီနိုင်ငံ၊ Riyadh သို့ရောက်ရှိနေပြီဖြစ်ပြီး Al Hilal နှင့်ဆွေးနွေးနေကြောင်းသိရပါတယ်။

Al Hilal ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုပြိုင်ဘက် Al Nassr ကခေါ်ယူလိုက်ပြီးတဲ့နောက် လီယွန်နယ်မက်ဆီကိုခေါ်ယူဖို့စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။

ယခုအခါလီယွန်နယ်မက်ဆီရဲ့ဖခင်ဂျော့ဟာ Al Hilal နှင့်ဆွေးနွေးမှုပြုလုပ်ရန် ဆော်ဒီရဲ့မြို့တော် Riyahd သို့ရောက်နေပြီး The New Arab ကဖော်ပြလာပါတယ်။

Al Hilal ဟာပြိုင်ဘက် Al Nassr ကခရစ္စတီယာနိုရော်နယ်ဒိုကိုပေးတဲ့လုပ်ခထက်လီယွန်နယ်မက်ဆီကိုပိုမိုများပြားတဲ့လုပ်ခပေးရန်လည်းအသင့်ရှိနေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာAl Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၃သန်းဖြင့်ပြောင်းပြီးတဲ့နောက်အားကစားသမိုင်းတွင်လုပ်ခအမြင့်မားဆုံးကစားသမားဖြစ်လာပါတယ်။

ယခု Al Hilal ဟာလီယွန်နယ်မက်ဆီကိုတစ်နှစ်လုပ်ခပေါင်၂၄၅သန်းအထိပေးရန်အသင့်ရှိနေပါတယ်။ယင်းပမာဏမှခရစ္စတီယာနိုရော်နယ်ဒိုလုပ်ခထက်ပေါင်သန်း၇၀ပိုမိုများပြားနေပါတယ်။

လီယွန်နယ်မက်ဆီဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သက်တမ်းတိုးရန်နှုတ်အားဖြင့်သဘောထားပြီးဖြစ်ကြောင်းသတင်းထွက်ပေါ်နေပေမဲ့စာချုပ်ထဲမှာလက်မှတ်မထိုးရသေးပါဘူး။

Al Hilal က Al Nassr ရဲ့ဆော်ဒီဒေသတွင်းအဓိကပြိုင်ဘက်ဖြစ်သလို Riyadh Derby လည်းဖြစ်ပါတယ်။Al Nassr ဟာဆော်ဒီအမှတ်ပေးဇယားတွင် Al Hilal ကိုသုံးမှတ်ဖြတ်ပြီးဦးဆောင်နေပါတယ်။

ZawGyi

ေရာ္နယ္ဒိုထက္ ျမင့္မားတဲ့လုပ္ခအျဖစ္ တစ္ႏွစ္လုပ္ခ ေပါင္ ၂၄၅ သန္းျဖင့္ Al Hilal သို႔ ေျပာင္းရန္ မက္ဆီရဲ႕ဖခင္ ေဆြးေႏြးေန

ေဆာ္ဒီကလပ္ရဲ႕လီယြန္နယ္မက္ဆီကိုေခၚယူေရးစိတ္ဝင္စားမႈကမီးခိုးေငြ႕မ်ားအျဖစ္ေပ်ာက္ကြယ္သြားခဲ့ျခင္းမရွိပါဘူး။မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရကမာၻ႔ဖလားခ်န္ပီယံရဲ႕ဖခင္ဟာေဆာ္ဒီႏိုင္ငံ၊ Riyadh သို႔ေရာက္ရွိေနၿပီျဖစ္ၿပီး Al Hilal ႏွင့္ေဆြးေႏြးေနေၾကာင္းသိရပါတယ္။

Al Hilal ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုၿပိဳင္ဘက္ Al Nassr ကေခၚယူလိုက္ၿပီးတဲ့ေနာက္ လီယြန္နယ္မက္ဆီကိုေခၚယူဖို႔စိတ္ဝင္စားေနခဲ့တာျဖစ္ပါတယ္။

ယခုအခါလီယြန္နယ္မက္ဆီရဲ႕ဖခင္ေဂ်ာ့ဟာ Al Hilal ႏွင့္ေဆြးေႏြးမႈျပဳလုပ္ရန္ ေဆာ္ဒီရဲ႕ၿမိဳ႕ေတာ္ Riyahd သို႔ေရာက္ေနၿပီး The New Arab ကေဖာ္ျပလာပါတယ္။

Al Hilal ဟာၿပိဳင္ဘက္ Al Nassr ကခရစၥတီယာႏိုေရာ္နယ္ဒိုကိုေပးတဲ့လုပ္ခထက္လီယြန္နယ္မက္ဆီကိုပိုမိုမ်ားျပားတဲ့လုပ္ခေပးရန္လည္းအသင့္ရွိေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာAl Nassr သို႔တစ္ႏွစ္လုပ္ခေပါင္၁၇၃သန္းျဖင့္ေျပာင္းၿပီးတဲ့ေနာက္အားကစားသမိုင္းတြင္လုပ္ခအျမင့္မားဆုံးကစားသမားျဖစ္လာပါတယ္။

ယခု Al Hilal ဟာလီယြန္နယ္မက္ဆီကိုတစ္ႏွစ္လုပ္ခေပါင္၂၄၅သန္းအထိေပးရန္အသင့္ရွိေနပါတယ္။ယင္းပမာဏမွခရစၥတီယာႏိုေရာ္နယ္ဒိုလုပ္ခထက္ေပါင္သန္း၇၀ပိုမိုမ်ားျပားေနပါတယ္။

လီယြန္နယ္မက္ဆီဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သက္တမ္းတိုးရန္ႏႈတ္အားျဖင့္သေဘာထားၿပီးျဖစ္ေၾကာင္းသတင္းထြက္ေပၚေနေပမဲ့စာခ်ဳပ္ထဲမွာလက္မွတ္မထိုးရေသးပါဘူး။

Al Hilal က Al Nassr ရဲ႕ေဆာ္ဒီေဒသတြင္းအဓိကၿပိဳင္ဘက္ျဖစ္သလို Riyadh Derby လည္းျဖစ္ပါတယ္။Al Nassr ဟာေဆာ္ဒီအမွတ္ေပးဇယားတြင္ Al Hilal ကိုသုံးမွတ္ျဖတ္ၿပီးဦးေဆာင္ေနပါတယ္။