ရော်နယ်ဒိုနှင့်ဇီဒန်းကဲ့သို့ Ballon d’Or ဆွတ်ခူးနိုင်ရန် ဘန်ဇီးမားမျှော်လင့်နေ

ပြင်သစ်စတားကာရမ်ဘန်ဇီးမားကရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားများဖြစ်ကဲ့သို့ Ballon d’Or ဆုကိုဆွတ်ခူးကာခြေရာနင်းနိုင်ရန်အိပ်မက်မက်နေကြောင်းပြောကြားလိုက်ပါတယ်။ကာရမ်ဘန်ဇီးမားဟာသူ့ရဲ့စံပြကစားသမားများဖြစ်ကြတဲ့ရော်နယ်ဒို၊ဇီဒန်းတို့ကဲ့သို့ Ballon d’Or ဆွတ်ခူးလိုနေတာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟာ၂၀၂၁ခုနှစ်တွင်အထူးခြေစွမ်းပြကစားနေမှုနဲ့အတူ Ballon d’Or ဆုအတွက်ဆန်ကာတင်စာရင်းတွင်ပါဝင်နေသူဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကလာလီဂါတွင်ဒုတိယဂိုးသွင်းအများဆုံးအဖြစ်ရပ်တည်ခဲ့သလိုယခုရာသီတွင်လာလီဂါတွင်ဂိုးသွင်းအများဆုံးနှင့်ဖန်တီးမှုအများဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။

ဘန်ဇီးမားက “Ballon d’Or ဆွတ်ခူးရေးကကျွန်တော်ငယ်စဉ်ကတည်းကမက်လာခဲ့တဲ့အိပ်မက်တွေထဲကတစ်ခုပါ။ငယ်စဉ်ကတည်းကမက်လာတဲ့အိပ်မက်ပါ။ကျွန်တော့်စံပြတွေဖြစ်တဲ့ R9 နဲ့ဇီဇူး(ရော်နယ်ဒိုနဲ့ဇီဒန်း)တို့ဟာလည်းရီးရဲလ်မက်ဒရစ်သို့ရောက်လာချိန်မှာ Ballon d’Or ဆွတ်ခူးခဲ့ကြတယ်။အခုဒီကနေ့အချိန်မှာကျွန်တော်လည်းဆွတ်ခူးနိုင်ဖို့မဝေးတော့ဘူးလို့ထင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဇီဒန်းကလည်းယခုတစ်ကြိမ်မှာကာရမ်ဘန်ဇီးမားဆွတ်ခူးသင့်တဲ့အချိန်ဖြစ်ကြောင်းထောက်ခံပြောကြားလိုက်ပါတယ်။

ဇီဒန်းက “ဒီ Ballon d’Or ဆုနဲ့ထိုက်တန်တဲ့ကစားသမားတစ်ဦးအကြောင်းကိုကျွန်တော်တို့ပြောနေကြတာပါ။သူကတကယ့်ကိုကောင်းမွန်တဲ့သူပါ။သူ့ကိုနည်းပြခွင့်ရခဲ့တဲ့အတွက်ဂုဏ်ယူပါတယ်။သူကအခြားသူတွေနဲ့လည်းအလွတ်တကူအပေါင်းအသင်းဖွဲ့နိုင်တယ်။ကွင်းထဲမှာဘာလုပ်ရမလဲဆိုတာအားလုံးသိတဲ့သူပါ။ဒီနှစ်ဆုကိုသူရဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင် Ballon d”Or ဆုကိုဆွတ်ခူးရန်မက်ဆီ၊ဂျော်ဂျင်ဟို၊ကန်တီနှင့်လီဝန်ဒေါ့စကီးတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။

ZawGyi

ေရာ္နယ္ဒိုႏွင့္ဇီဒန္းကဲ့သို႔ Ballon d’Or ဆြတ္ခူးႏိုင္ရန္ ဘန္ဇီးမားေမွ်ာ္လင့္ေန

ျပင္သစ္စတားကာရမ္ဘန္ဇီးမားကရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကစားသမားမ်ားျဖစ္ကဲ့သို႔ Ballon d’Or ဆုကိုဆြတ္ခူးကာေျခရာနင္းႏိုင္ရန္အိပ္မက္မက္ေနေၾကာင္းေျပာၾကားလိုက္ပါတယ္။ကာရမ္ဘန္ဇီးမားဟာသူ႔ရဲ႕စံျပကစားသမားမ်ားျဖစ္ၾကတဲ့ေရာ္နယ္ဒို၊ဇီဒန္းတို႔ကဲ့သို႔ Ballon d’Or ဆြတ္ခူးလိုေနတာလည္းျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဟာ၂၀၂၁ခုႏွစ္တြင္အထူးေျခစြမ္းျပကစားေနမႈနဲ႔အတူ Ballon d’Or ဆုအတြက္ဆန္ကာတင္စာရင္းတြင္ပါဝင္ေနသူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ရာသီတုန္းကလာလီဂါတြင္ဒုတိယဂိုးသြင္းအမ်ားဆုံးအျဖစ္ရပ္တည္ခဲ့သလိုယခုရာသီတြင္လာလီဂါတြင္ဂိုးသြင္းအမ်ားဆုံးႏွင့္ဖန္တီးမႈအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

ဘန္ဇီးမားက “Ballon d’Or ဆြတ္ခူးေရးကကြၽန္ေတာ္ငယ္စဥ္ကတည္းကမက္လာခဲ့တဲ့အိပ္မက္ေတြထဲကတစ္ခုပါ။ငယ္စဥ္ကတည္းကမက္လာတဲ့အိပ္မက္ပါ။ကြၽန္ေတာ့္စံျပေတြျဖစ္တဲ့ R9 နဲ႔ဇီဇူး(ေရာ္နယ္ဒိုနဲ႔ဇီဒန္း)တို႔ဟာလည္းရီးရဲလ္မက္ဒရစ္သို႔ေရာက္လာခ်ိန္မွာ Ballon d’Or ဆြတ္ခူးခဲ့ၾကတယ္။အခုဒီကေန႔အခ်ိန္မွာကြၽန္ေတာ္လည္းဆြတ္ခူးႏိုင္ဖို႔မေဝးေတာ့ဘူးလို႔ထင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းဇီဒန္းကလည္းယခုတစ္ႀကိမ္မွာကာရမ္ဘန္ဇီးမားဆြတ္ခူးသင့္တဲ့အခ်ိန္ျဖစ္ေၾကာင္းေထာက္ခံေျပာၾကားလိုက္ပါတယ္။

ဇီဒန္းက “ဒီ Ballon d’Or ဆုနဲ႔ထိုက္တန္တဲ့ကစားသမားတစ္ဦးအေၾကာင္းကိုကြၽန္ေတာ္တို႔ေျပာေနၾကတာပါ။သူကတကယ့္ကိုေကာင္းမြန္တဲ့သူပါ။သူ႔ကိုနည္းျပခြင့္ရခဲ့တဲ့အတြက္ဂုဏ္ယူပါတယ္။သူကအျခားသူေတြနဲ႔လည္းအလြတ္တကူအေပါင္းအသင္းဖြဲ႕ႏိုင္တယ္။ကြင္းထဲမွာဘာလုပ္ရမလဲဆိုတာအားလုံးသိတဲ့သူပါ။ဒီႏွစ္ဆုကိုသူရဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္ Ballon d”Or ဆုကိုဆြတ္ခူးရန္မက္ဆီ၊ေဂ်ာ္ဂ်င္ဟို၊ကန္တီႏွင့္လီဝန္ေဒါ့စကီးတို႔ကထိပ္ဆုံးမွေရပန္းစားေနပါတယ္။