ရော်နယ်ဒိုနှင့်တွဲပြီး အမိုက်စားခြေစွမ်းမပြမီ မန်ယူလေ့ကျင့်ရေးကွင်းမှာ ကာဗာနီ ဘယ်လို လုပ်ပြခဲ့လဲ ဆိုးလ်ရှားဖွင့်ချလာ

အိုလီဂန်းနားဆိုးလ်ရှားကအက်ဒီဆင်ကာဗာနီဟာစပါးစ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီလေ့ကျင့်ခန်းအစီအစဉ်တွင် သူ့ရဲ့ကလပ်နည်းပြဘဝတွင်ကစားသမားတစ်ဦးရဲ့အကောင်းဆုံးခြေစွမ်းကိုမြင်တွေ့ခဲ့ရကြောင်းပြောကြားလာပါတယ်။

ကာဗာနီဟာမနေ့ညတုန်းကစပါးစ်နှင့်ပွဲတွင်ယခုရာသီဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲအဖြစ်ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီးယူနိုက်တက်အတွက်ဒုတိယဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

အသက်၃၄နှစ်ရှိတိုက်စစ်မှူးဟာဆိုးလ်ရှားရဲ့၃-၅-၂ကစားကွက်တွင် ခရစ္စတီယာနိုရော်နယ်ဒိုနှင့်တွဲပြီးတိုက်စစ်ကိုဦးဆောင်ခဲ့ပါတယ်။မန်ယူဟာနောက်ဆုံး၂၂ပွဲတွင်ဒုတိယမြောက်ဂိုးမပေးရတဲ့ပွဲကိုပိုင်ဆိုင်ခဲ့ပြီးပရီးမီးယားလိဂ်လေးပွဲဆက်နိုင်ပွဲပျောက်မှုကိုလည်းအဆုံးသတ်နိုင်ခဲ့ပါတယ်။

စပါးစ်အားအနိုင်ရတဲ့ပွဲမှာခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်ဦးဆောင်ဂိုးအားထောင့်ဖြတ်မြေမကျဘောလှပစွာကန်သွင်းခဲ့သလိုကာဗာနီ ဒုတိယဂိုးသွင်းနိုင်အောင်လည်းဖန်တီးခဲ့ပါတယ်။

ဆိုးလ်ရှားက “နှစ်ဦးလုံးကအရမ်းအရမ်းကိုကောင်းကြပါတယ်။အင်္ဂါနေ့လေ့ကျင့်ရေးတုန်းကကာဗာနီရဲ့ခြေစွမ်းကမန်ယူကိုကျွန်တော်ရောက်တဲ့ကာလအတွင်းတစ်ဦးချင်းအကောင်းဆုံးခြေစွမ်းကိုမြင်ခဲ့ရတယ်။သူဟာတိုက်စစ်ကိုအားလုံးလေးစားအားကျရအောင်ဦးဆောင်နိုင်ခဲ့တယ်။အခြေအနေအပေါ်မူတည်ပြီးဘယ်လိုပြောင်းရမယ်၊စွမ်းဆောင်ရည်ဘယ်လိုပြောင်းရမယ်ဆိုတာပြသခဲ့တယ်။သူတို့နှစ်ဦးကအစောကြီးကတည်းကတွဲပေးသင့်တယ်ဆိုတာပြသခဲ့တယ်။သူတို့နှစ်ဦးကအခွံတစ်ခုထဲကပဲစေ့နှစ်စေ့လိုပဲ။ဒီနေ့အလုပ်ဖြစ်ခဲ့ပါတယ်။အရမ်းကောင်းတဲ့ဂိုးနှစ်ဂိုးပါ”လို့ပြောကြားသွားပါတယ်။

ဆိုးလ်ရှားဟာပြီးခဲ့တဲ့အပတ်တုန်းကအိုးထရက်ဖို့ဒ်တွင်လီဗာပူးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဖိအားများနှင့်ရင်ဆိုင်လာခဲ့ရသူဖြစ်ပြီးစပါးစ်နှင့်ပွဲတွင် ရှုံးနိမ့်ပါကအထုတ်ခံရမယ်လို့သတင်းထွက်နေပါတယ်။ယခုအခါစပါးစ်အားအဝေးကွင်းတွင်အနိုင်ရရှိမှုနဲ့အတူဆိုးလ်ရှားရဲ့ဖိအားအချို့လျှော့ကျသွားပြီဖြစ်ပါတယ်။

ZawGyi

ေရာ္နယ္ဒိုႏွင့္တြဲၿပီး အမိုက္စားေျခစြမ္းမျပမီ မန္ယူေလ့က်င့္ေရးကြင္းမွာ ကာဗာနီ ဘယ္လို လုပ္ျပခဲ့လဲ ဆိုးလ္ရွားဖြင့္ခ်လာ

အိုလီဂန္းနားဆိုးလ္ရွားကအက္ဒီဆင္ကာဗာနီဟာစပါးစ္အား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္မီေလ့က်င့္ခန္းအစီအစဥ္တြင္ သူ႔ရဲ႕ကလပ္နည္းျပဘဝတြင္ကစားသမားတစ္ဦးရဲ႕အေကာင္းဆုံးေျခစြမ္းကိုျမင္ေတြ႕ခဲ့ရေၾကာင္းေျပာၾကားလာပါတယ္။

ကာဗာနီဟာမေန႔ညတုန္းကစပါးစ္ႏွင့္ပြဲတြင္ယခုရာသီဒုတိယေျမာက္ပရီးမီးယားလိဂ္ပြဲအျဖစ္ပြဲထြက္ကစားခြင့္ရရွိခဲ့ၿပီးယူႏိုက္တက္အတြက္ဒုတိယဂိုးကိုသြင္းယူေပးခဲ့ပါတယ္။

အသက္၃၄ႏွစ္ရွိတိုက္စစ္မႉးဟာဆိုးလ္ရွားရဲ႕၃-၅-၂ကစားကြက္တြင္ ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္တြဲၿပီးတိုက္စစ္ကိုဦးေဆာင္ခဲ့ပါတယ္။မန္ယူဟာေနာက္ဆုံး၂၂ပြဲတြင္ဒုတိယေျမာက္ဂိုးမေပးရတဲ့ပြဲကိုပိုင္ဆိုင္ခဲ့ၿပီးပရီးမီးယားလိဂ္ေလးပြဲဆက္ႏိုင္ပြဲေပ်ာက္မႈကိုလည္းအဆုံးသတ္ႏိုင္ခဲ့ပါတယ္။

စပါးစ္အားအႏိုင္ရတဲ့ပြဲမွာခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူအတြက္ဦးေဆာင္ဂိုးအားေထာင့္ျဖတ္ေျမမက်ေဘာလွပစြာကန္သြင္းခဲ့သလိုကာဗာနီ ဒုတိယဂိုးသြင္းႏိုင္ေအာင္လည္းဖန္တီးခဲ့ပါတယ္။

ဆိုးလ္ရွားက “ႏွစ္ဦးလုံးကအရမ္းအရမ္းကိုေကာင္းၾကပါတယ္။အဂၤါေန႔ေလ့က်င့္ေရးတုန္းကကာဗာနီရဲ႕ေျခစြမ္းကမန္ယူကိုကြၽန္ေတာ္ေရာက္တဲ့ကာလအတြင္းတစ္ဦးခ်င္းအေကာင္းဆုံးေျခစြမ္းကိုျမင္ခဲ့ရတယ္။သူဟာတိုက္စစ္ကိုအားလုံးေလးစားအားက်ရေအာင္ဦးေဆာင္ႏိုင္ခဲ့တယ္။အေျခအေနအေပၚမူတည္ၿပီးဘယ္လိုေျပာင္းရမယ္၊စြမ္းေဆာင္ရည္ဘယ္လိုေျပာင္းရမယ္ဆိုတာျပသခဲ့တယ္။သူတို႔ႏွစ္ဦးကအေစာႀကီးကတည္းကတြဲေပးသင့္တယ္ဆိုတာျပသခဲ့တယ္။သူတို႔ႏွစ္ဦးကအခြံတစ္ခုထဲကပဲေစ့ႏွစ္ေစ့လိုပဲ။ဒီေန႔အလုပ္ျဖစ္ခဲ့ပါတယ္။အရမ္းေကာင္းတဲ့ဂိုးႏွစ္ဂိုးပါ”လို႔ေျပာၾကားသြားပါတယ္။

ဆိုးလ္ရွားဟာၿပီးခဲ့တဲ့အပတ္တုန္းကအိုးထရက္ဖို႔ဒ္တြင္လီဗာပူးအား၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဖိအားမ်ားႏွင့္ရင္ဆိုင္လာခဲ့ရသူျဖစ္ၿပီးစပါးစ္ႏွင့္ပြဲတြင္ ရႈံးနိမ့္ပါကအထုတ္ခံရမယ္လို႔သတင္းထြက္ေနပါတယ္။ယခုအခါစပါးစ္အားအေဝးကြင္းတြင္အႏိုင္ရရွိမႈနဲ႔အတူဆိုးလ္ရွားရဲ႕ဖိအားအခ်ိဳ႕ေလွ်ာ့က်သြားၿပီျဖစ္ပါတယ္။