ရော်နယ်ဒိုနှင့်ပတ်သက်ပြီး ကတောက်ကဆဖြစ်ပြီးနောက် သူ့ထံ ဖုန်းဆက်ရန် ဆိုးလ်ရှားကို ဖာဒီနန်ပြောကြားလာ

ရီယိုဖာဒီနန်ဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်ပတ်သက်ပြီးမီဒီယာထက်တွင်ကတောက်ကဆဖြစ်ပြီးနောက်မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားအားသူ့ထံဖုန်းဆက်ရန်ပြောကြားလာပါတယ်။

မန်ယူဂန္ထဝင်နောက်ခံလူရီယိုဖာဒီနန်ဟာဖီးလ်ဂျုံးစ်ရဲ့ဒဏ်ရာပြဿနာ၊ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်နေဂျာအလုပ်ကိုဝင်စွက်ဖက်မှုတို့အားဝေဖန်ပြောကြားခဲ့ပြီးဆိုးလ်ရှားကလည်းယင်းတို့ကိုတုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။

ရီယိုဖာဒီနန်ဟာယန်းဘွိုင်းစ်နှင့်ပွဲတွင်ကွင်းဘေးတွင်ကစားသမားများကိုညွှန်ကြားမှုပြုလုပ်ခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုအားနည်းပြအလုပ်ကိုဝင်ရောက်စွက်ဖက်နေတယ်လို့ဝေဖန်ခဲ့ပါတယ်။ဒါပေမယ့်ဆိုးလ်ရှားကရော်နယ်ဒိုမှာနည်းပြအလုပ်ကိုဝင်စွက်ဖက်ခြင်းမဟုတ်ဘဲဒိုင်လူကြီးကိုစောဒကတက်ခြင်းမျှသာဖြစ်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။

ယခုအခါဖာဒီနန်က “နောက်တစ်နေ့ကျတော့သတင်းစာထက်မှာအိုလီတုံ့ပြန်လာလို့မယုံနိုင်အောင်ဖြစ်ရတယ်။အိုလီကိုတွေ့ရင်သူ့ကိုဖက်ပြီးလက်ဆွဲနှုတ်ဆက်မယ်။’ချစ်လို့ပြောတာပါ၊မင်းကိုချစ်တယ်။လူကြီးရေ’လို့ပြောမယ်။ကျွန်တော်ကသူ့ပရိသတ်ပါ။အမုန်းတရားတွေဖြစ်နေတယ်လို့တချို့ကပြသနေပါတယ်။ခင်ဗျားမှားနေတယ်။ဖုန်းလေးတစ်ချက်ဆက်စမ်းပါ။ကျုပ်ဆီဖုန်းလေးသာချက်လိုက်ပါ”လို့ဟာသနှောပြောကြားသွားပါတယ်။

ZawGyi

ေရာ္နယ္ဒိုႏွင့္ပတ္သက္ၿပီး ကေတာက္ကဆျဖစ္ၿပီးေနာက္ သူ႔ထံ ဖုန္းဆက္ရန္ ဆိုးလ္ရွားကို ဖာဒီနန္ေျပာၾကားလာ

ရီယိုဖာဒီနန္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ပတ္သက္ၿပီးမီဒီယာထက္တြင္ကေတာက္ကဆျဖစ္ၿပီးေနာက္မန္ခ်က္စတာယူႏိုက္တက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားအားသူ႔ထံဖုန္းဆက္ရန္ေျပာၾကားလာပါတယ္။

မန္ယူဂႏၴဝင္ေနာက္ခံလူရီယိုဖာဒီနန္ဟာဖီးလ္ဂ်ဳံးစ္ရဲ႕ဒဏ္ရာျပႆနာ၊ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မန္ေနဂ်ာအလုပ္ကိုဝင္စြက္ဖက္မႈတို႔အားေဝဖန္ေျပာၾကားခဲ့ၿပီးဆိုးလ္ရွားကလည္းယင္းတို႔ကိုတုံ႔ျပန္မႈျပဳလုပ္ခဲ့ပါတယ္။

ရီယိုဖာဒီနန္ဟာယန္းဘြိဳင္းစ္ႏွင့္ပြဲတြင္ကြင္းေဘးတြင္ကစားသမားမ်ားကိုၫႊန္ၾကားမႈျပဳလုပ္ခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုအားနည္းျပအလုပ္ကိုဝင္ေရာက္စြက္ဖက္ေနတယ္လို႔ေဝဖန္ခဲ့ပါတယ္။ဒါေပမယ့္ဆိုးလ္ရွားကေရာ္နယ္ဒိုမွာနည္းျပအလုပ္ကိုဝင္စြက္ဖက္ျခင္းမဟုတ္ဘဲဒိုင္လူႀကီးကိုေစာဒကတက္ျခင္းမွ်သာျဖစ္ေၾကာင္းတုံ႔ျပန္ခဲ့ပါတယ္။

ယခုအခါဖာဒီနန္က “ေနာက္တစ္ေန႔က်ေတာ့သတင္းစာထက္မွာအိုလီတုံ႔ျပန္လာလို႔မယုံႏိုင္ေအာင္ျဖစ္ရတယ္။အိုလီကိုေတြ႕ရင္သူ႔ကိုဖက္ၿပီးလက္ဆြဲႏႈတ္ဆက္မယ္။’ခ်စ္လို႔ေျပာတာပါ၊မင္းကိုခ်စ္တယ္။လူႀကီးေရ’လို႔ေျပာမယ္။ကြၽန္ေတာ္ကသူ႔ပရိသတ္ပါ။အမုန္းတရားေတြျဖစ္ေနတယ္လို႔တခ်ိဳ႕ကျပသေနပါတယ္။ခင္ဗ်ားမွားေနတယ္။ဖုန္းေလးတစ္ခ်က္ဆက္စမ္းပါ။က်ဳပ္ဆီဖုန္းေလးသာခ်က္လိုက္ပါ”လို႔ဟာသေႏွာေျပာၾကားသြားပါတယ္။