ရော်နယ်ဒိုနှင့်ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ ရီယိုဖာဒီနန်ကို ဆိုးလ်ရှား တုံ့ပြန်လာ

အိုလီဂန်းနားဆိုးလ်ရှားဟာ ‘ငါကမန်ယူနည်းပြ’ဆိုပြီးတုံ့ပြန်ကာ ရီယိုဖာဒီနန်အားတုံ့ပြန်မှုပြုလုပ်လာပါတယ်။

မန်ယူဂန္ထဝင်နောက်ခံလူရီယိုဖာဒီနန်ဟာကြားရက်တုန်းကယန်းဘွိုင်းစ်အားရှုံးနိမ့်တဲ့ပွဲတွင် ကွင်းဘေးစည်းတွင်အော်ဟစ်ကာအမိန့်ပေးနေခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုအား ဝေဖန်မှုပြုလုပ်ခဲ့ပြီး ရော်နယ်ဒိုမှာ ဆိုးလ်ရှားရဲ့အလုပ်ကိုလုပ်ဆောင်နေကြောင်းပြောကြားခဲ့ပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားက “ရီယိုရေ။နောက်တစ်ကြိမ်ပေါ့။တစ်ခါတလေသူမှတ်ချက်ပြုတာတွေကသူမသိတာတွေနဲ့ပတ်သက်ပြီးပြောနေတာပါ။သူ(ရော်နယ်ဒို)ကကစားသမားတွေကိုနည်းပြနေသလိုမျိုးလုပ်နေတာမဟုတ်ပါဘူး။ဘရူနိုရောခရစ္စတီယာနိုတို့ပါအနိုင်လိုစိတ်ပြင်းတဲ့သူတွေပါ။သူတို့ကခဏ္ဏတာလောက်ပဲလုပ်ကြတာပါ။ပြီးတော့ဒိုင်လူကြီးကိုအော်ကြတာဖြစ်ပါတယ်။ကျွန်တော်တို့ကိုဆိုးရွားတဲ့ဆုံးဖြတ်ချက်တစ်ချို့ချလို့သူတို့ဒီလိုအော်ကြတာပါ။ဒါပေမယ့်နောက်တော့ဘရူနိုရောခရစ္စတီယာနိုရောအရန်ခုံမှာသွားထိုင်နေကြပါတယ်”လို့ပြောကြားသွားပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားနှင့်ရီယိုဖာဒီနန်တို့ဟာမန်ယူအသင်းမှာ၂၀၀၂ခုနှစ်မှ၂၀၀၇ခုနှစ်အထိတွဲကစားခဲ့ကြသူများလည်းဖြစ်ပါတယ်။

ZawGyi

ေရာ္နယ္ဒိုႏွင့္ပတ္သက္ၿပီး ေဝဖန္ခဲ့တဲ့ ရီယိုဖာဒီနန္ကို ဆိုးလ္ရွား တုံ႔ျပန္လာ

အိုလီဂန္းနားဆိုးလ္ရွားဟာ ‘ငါကမန္ယူနည္းျပ’ဆိုၿပီးတုံ႔ျပန္ကာ ရီယိုဖာဒီနန္အားတုံ႔ျပန္မႈျပဳလုပ္လာပါတယ္။

မန္ယူဂႏၴဝင္ေနာက္ခံလူရီယိုဖာဒီနန္ဟာၾကားရက္တုန္းကယန္းဘြိဳင္းစ္အားရႈံးနိမ့္တဲ့ပြဲတြင္ ကြင္းေဘးစည္းတြင္ေအာ္ဟစ္ကာအမိန႔္ေပးေနခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုအား ေဝဖန္မႈျပဳလုပ္ခဲ့ၿပီး ေရာ္နယ္ဒိုမွာ ဆိုးလ္ရွားရဲ႕အလုပ္ကိုလုပ္ေဆာင္ေနေၾကာင္းေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားက “ရီယိုေရ။ေနာက္တစ္ႀကိမ္ေပါ့။တစ္ခါတေလသူမွတ္ခ်က္ျပဳတာေတြကသူမသိတာေတြနဲ႔ပတ္သက္ၿပီးေျပာေနတာပါ။သူ(ေရာ္နယ္ဒို)ကကစားသမားေတြကိုနည္းျပေနသလိုမ်ိဳးလုပ္ေနတာမဟုတ္ပါဘူး။ဘ႐ူႏိုေရာခရစၥတီယာႏိုတို႔ပါအႏိုင္လိုစိတ္ျပင္းတဲ့သူေတြပါ။သူတို႔ကခဏၰတာေလာက္ပဲလုပ္ၾကတာပါ။ၿပီးေတာ့ဒိုင္လူႀကီးကိုေအာ္ၾကတာျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ကိုဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္တစ္ခ်ိဳ႕ခ်လို႔သူတို႔ဒီလိုေအာ္ၾကတာပါ။ဒါေပမယ့္ေနာက္ေတာ့ဘ႐ူႏိုေရာခရစၥတီယာႏိုေရာအရန္ခုံမွာသြားထိုင္ေနၾကပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားႏွင့္ရီယိုဖာဒီနန္တို႔ဟာမန္ယူအသင္းမွာ၂၀၀၂ခုႏွစ္မွ၂၀၀၇ခုႏွစ္အထိတြဲကစားခဲ့ၾကသူမ်ားလည္းျဖစ္ပါတယ္။