ရော်နယ်ဒိုနှင့်မက်ဆီတို့ရဲ့ချန်ပီယံလိဂ်စံချိန်ကို ဟက်ထရစ်သွင်းပြီး ရိုက်ချိုးလိုက်တဲ့ လီဝန်ဒေါ့စကီး

ရောဘတ်လီဝန်ဒေါ့စကီးဟာချန်ပီယံလိဂ်ပွဲ၁၀၀မှာ၈၁ဂိုးအထိသွင်းယူပြီးခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့ရဲ့စံချိန်ကိုရိုက်ချိုးလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာမနေ့ညတုန်းကဘိုင်ယန်မြူးနစ်ကဘင်ဖီကာကို၅-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာပင်နယ်တီလွဲခဲ့ပေမယ့်လည်းဟက်ထရစ်သွင်းယူနိုင်ခဲ့ကာချန်ပီယံလိဂ်ပွဲ၁၀၀မှာသွင်းဂိုး၈၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာချန်ပီယံလိဂ်ဂိုး၈၀ကိုပွဲ၁၀၀ဖြင့်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ယခင်တုန်းကမက်ဆီကချန်ပီယံလိဂ်ဂိုး၈၀အား၁၀၂ပွဲကစားပြီးသွင်းယူကာစံချိန်တင်ထားပြီးရော်နယ်ဒိုက၁၁၆ပွဲကစားပြီးမှဂိုး၈၀သွင်းနိုင်ခဲ့တာပါ။

လီဝန်ဒေါ့စကီးဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်မက်ဆီတို့ရဲ့ချန်ပီယံလိဂ်ဂိုး၈၀အမြန်ဆုံးသွင်းယူနိုင်သူအဖြစ်စံချိန်တင်နိုင်ခဲ့ပေမယ့်၎င်းတို့ရဲ့ချန်ပီယံလိဂ်သွင်းဂိုးမှတ်တမ်းကိုလိုက်မီဖို့တော့အများကြီးလိုပါသေးတယ်။

အတ္တလန္တာနှင့်၂ဂိုးစီသရေကျတဲ့ပွဲမှာနှစ်ဂိုးသွင်းယူခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်သွင်းဂိုး၁၃၉ဂိုးအထိရှိသွားပြီဖြစ်ပြီးမက်ဆီကလည်း ချန်ပီယံလိဂ်သွင်းဂိုး၁၂၃ဂိုးသွင်းထားပါတယ်။

ဒါပေမယ့်လီဝန်ဒေါ့စကီးဟာချန်ပီယံလိဂ်သွင်းဂိုးအများဆုံးစတုတ္ထနေရာမှာရပ်တည်နေတဲ့ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဘန်ဇီးမားရဲ့၇၃ဂိုးကိုတော့ပြတ်သားစွာဖြတ်ထားနိုင်ခဲ့ပါတယ်။

ZawGyi

ေရာ္နယ္ဒိုႏွင့္မက္ဆီတို႔ရဲ႕ခ်န္ပီယံလိဂ္စံခ်ိန္ကို ဟက္ထရစ္သြင္းၿပီး ႐ိုက္ခ်ိဳးလိုက္တဲ့ လီဝန္ေဒါ့စကီး

ေရာဘတ္လီဝန္ေဒါ့စကီးဟာခ်န္ပီယံလိဂ္ပြဲ၁၀၀မွာ၈၁ဂိုးအထိသြင္းယူၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လီယြန္နယ္မက္ဆီတို႔ရဲ႕စံခ်ိန္ကို႐ိုက္ခ်ိဳးလိုက္ပါတယ္။

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးဟာမေန႔ညတုန္းကဘိုင္ယန္ျမဴးနစ္ကဘင္ဖီကာကို၅-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာပင္နယ္တီလြဲခဲ့ေပမယ့္လည္းဟက္ထရစ္သြင္းယူႏိုင္ခဲ့ကာခ်န္ပီယံလိဂ္ပြဲ၁၀၀မွာသြင္းဂိုး၈၁ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးဟာခ်န္ပီယံလိဂ္ဂိုး၈၀ကိုပြဲ၁၀၀ျဖင့္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ယခင္တုန္းကမက္ဆီကခ်န္ပီယံလိဂ္ဂိုး၈၀အား၁၀၂ပြဲကစားၿပီးသြင္းယူကာစံခ်ိန္တင္ထားၿပီးေရာ္နယ္ဒိုက၁၁၆ပြဲကစားၿပီးမွဂိုး၈၀သြင္းႏိုင္ခဲ့တာပါ။

လီဝန္ေဒါ့စကီးဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္မက္ဆီတို႔ရဲ႕ခ်န္ပီယံလိဂ္ဂိုး၈၀အျမန္ဆုံးသြင္းယူႏိုင္သူအျဖစ္စံခ်ိန္တင္ႏိုင္ခဲ့ေပမယ့္၎တို႔ရဲ႕ခ်န္ပီယံလိဂ္သြင္းဂိုးမွတ္တမ္းကိုလိုက္မီဖို႔ေတာ့အမ်ားႀကီးလိုပါေသးတယ္။

အတၱလႏၲာႏွင့္၂ဂိုးစီသေရက်တဲ့ပြဲမွာႏွစ္ဂိုးသြင္းယူခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာခ်န္ပီယံလိဂ္သြင္းဂိုး၁၃၉ဂိုးအထိရွိသြားၿပီျဖစ္ၿပီးမက္ဆီကလည္း ခ်န္ပီယံလိဂ္သြင္းဂိုး၁၂၃ဂိုးသြင္းထားပါတယ္။

ဒါေပမယ့္လီဝန္ေဒါ့စကီးဟာခ်န္ပီယံလိဂ္သြင္းဂိုးအမ်ားဆုံးစတုတၳေနရာမွာရပ္တည္ေနတဲ့ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးဘန္ဇီးမားရဲ႕၇၃ဂိုးကိုေတာ့ျပတ္သားစြာျဖတ္ထားႏိုင္ခဲ့ပါတယ္။