ရော်နယ်ဒိုနှင့်အိုင်ကာဒီကို ဂျူဗင်တပ်နှင့်ပီအက်စ်ဂျီအလဲအထပ်ပြုလုပ်နိုင်

ဂျူဗင်တပ်နှင့်ပီအက်စ်ဂျီတို့ဟာယခုနွေရာသီအပြောင်းအရွှေ့မှာခရစ္စတီယာနိုရော်နယ်ဒိုနှင့်မော်ရိုအိုင်ကာဒီတို့အားအံ့ဩသင့်ဖွယ်အလဲအထပ်ပြုလုပ်နိုင်ကြောင်းသိရပါတယ်။

ဂျူဗင်တပ်ကပီအက်စ်ဂျီတိုက်စစ်မှူးအိုင်ကာဒီကိုခေါ်ယူရန်ပစ်မှတ်ထားနေသလိုပီအက်စ်ဂျီကလည်းခရစ္စတီယာနိုရော်နယ်ဒိုကိုပစ်မှတ်ထားနေပါတယ်။ပီအက်စ်ဂျီဟာချန်ပီယံလိဂ်ဖလားရရှိအောင်ကူညီနိုင်မှု၊ဂလိုဘယ်စတားဖြစ်မှုတို့ကြောင့်ရော်နယ်ဒိုကိုခေါ်ယူနေတာပါ။

ဂျူဗင်တပ်ဟာလည်းခရစ္စတီယာနိုရော်နယ်ဒိုကိုချန်ပီယံလိဂ်ဖလားရယူရေးရည်မှန်းချက်ဖြင့်ခေါ်ယူခဲ့တာဖြစ်ပေမယ့်မအောင်မြင်သေးပါဘူး။

အိုင်ကာဒီဟာအင်တာမီလန်မှပီအက်စ်ဂျီသို့မပြောင်းမီဂျူဗင်တပ်သို့ပြောင်းမယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်ခဲ့ဖူးပါတယ်။

သူဟာပီအက်စ်ဂျီသို့ရောက်စဉ်အတွင်းဆက်တိုက်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်ရမှုနဲ့အတူအသင်းပြောင်းရန်စဉ်းစားနေပါတယ်။

ယင်းသို့အနေအထားများကြောင့်ပြင်သစ်မီဒီယာများကဂျူဗင်တပ်နှင့်ပီအက်စ်ဂျီတို့ဟာခရစ္စတီယာနိုရော်နယ်ဒိုနှင့်အိုင်ကာဒီတို့အားတိုက်ရိုက်အလဲအထပ်ပြုလုပ်နိုင်ကြောင်းရေးသားနေပါတယ်။

ZawGyi

ေရာ္နယ္ဒိုႏွင့္အိုင္ကာဒီကို ဂ်ဴဗင္တပ္ႏွင့္ပီအက္စ္ဂ်ီအလဲအထပ္ျပဳလုပ္ႏိုင္

ဂ်ဴဗင္တပ္ႏွင့္ပီအက္စ္ဂ်ီတို႔ဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ေမာ္႐ိုအိုင္ကာဒီတို႔အားအံ့ဩသင့္ဖြယ္အလဲအထပ္ျပဳလုပ္ႏိုင္ေၾကာင္းသိရပါတယ္။

ဂ်ဴဗင္တပ္ကပီအက္စ္ဂ်ီတိုက္စစ္မႉးအိုင္ကာဒီကိုေခၚယူရန္ပစ္မွတ္ထားေနသလိုပီအက္စ္ဂ်ီကလည္းခရစၥတီယာႏိုေရာ္နယ္ဒိုကိုပစ္မွတ္ထားေနပါတယ္။ပီအက္စ္ဂ်ီဟာခ်န္ပီယံလိဂ္ဖလားရရွိေအာင္ကူညီႏိုင္မႈ၊ဂလိုဘယ္စတားျဖစ္မႈတို႔ေၾကာင့္ေရာ္နယ္ဒိုကိုေခၚယူေနတာပါ။

ဂ်ဴဗင္တပ္ဟာလည္းခရစၥတီယာႏိုေရာ္နယ္ဒိုကိုခ်န္ပီယံလိဂ္ဖလားရယူေရးရည္မွန္းခ်က္ျဖင့္ေခၚယူခဲ့တာျဖစ္ေပမယ့္မေအာင္ျမင္ေသးပါဘူး။

အိုင္ကာဒီဟာအင္တာမီလန္မွပီအက္စ္ဂ်ီသို႔မေျပာင္းမီဂ်ဴဗင္တပ္သို႔ေျပာင္းမယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚခဲ့ဖူးပါတယ္။

သူဟာပီအက္စ္ဂ်ီသို႔ေရာက္စဥ္အတြင္းဆက္တိုက္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ရမႈနဲ႔အတူအသင္းေျပာင္းရန္စဥ္းစားေနပါတယ္။

ယင္းသို႔အေနအထားမ်ားေၾကာင့္ျပင္သစ္မီဒီယာမ်ားကဂ်ဴဗင္တပ္ႏွင့္ပီအက္စ္ဂ်ီတို႔ဟာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္အိုင္ကာဒီတို႔အားတိုက္႐ိုက္အလဲအထပ္ျပဳလုပ္ႏိုင္ေၾကာင္းေရးသားေနပါတယ္။