
ခရစ္စတီယာနိုရော်နယ်ဒိုနှင့်ကာလရှည်ကြာလက်တွဲလာတဲ့စူပါအေးဂျင့်ဂျော့မန်ဒက်စ်တို့အကြားအဆင်မပြေဖြစ်နေပြီး၎င်းတို့အကြားအကွဲအပြဲဖြစ်လာတော့မှာဖြစ်ကြောင်းသတင်းထွက်နေပါတယ်။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့လတုန်းကပီယာ့စ်မော်ဂန်နှင့်အင်တာဗျူးထွက်ပေါ်လာပြီးနောက်မန်ချက်စတာယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။
သူဟာယူနိုက်တက်မှထွက်ခွာလာပြီးနောက်ကလပ်လက်မဲ့အဖြစ်ပေါ်တူဂီနှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးရေးအာရုံစိုက်ခဲ့ပါတယ်။
ဒါပေမဲ့ပေါ်တူဂီဟာမော်ရိုကိုအားရှုံးနိမ့်ကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရပါတယ်။
ဒါကြောင့်လည်းရော်နယ်ဒိုဟာကလပ်လက်မဲ့အဖြစ်ကာတာမှပြန်ခဲ့ရပြီး ကလပ်သစ်ရှာဖွေမှုစတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
ရော်နယ်ဒိုဟာဆော်ဒီကလပ်အယ်ဟီလာနှင့်အယ်နက်စ်တို့ရဲ့ဆက်သွယ်ခြင်းခံနေရသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့သူဟာယင်းကမ်းလှမ်းမှုနှစ်ခုလုံးကိုပယ်ချထားခြင်းမရှိသေးဘဲအခြားကမ်းလှမ်းမှုများကိုလည်းစောင့်ဆိုင်းနေပါတယ်။
ဒါပေမဲ့စပိန်သတင်းစာ AS ကကလပ်များဟာရော်နယ်ဒိုရဲ့အပြောင်းအရွှေ့အတွက်အေးဂျင့်ဂျော့မန်ဒက်စ်ကိုမဆက်သွယ်ဘဲကစားသမားထံတိုက်ရိုက်ဆက်သွယ်နေကြောင်းသိရပါတယ်။
အသက်၅၆နှစ်ရှိမန်ဒက်စ်ဟာ၂၀၀၃ခုနှစ်တုန်းကစပို့တင်းလစ္စဘွန်းမှယူနိုက်တက်သို့ပြောင်းစဉ်ကတည်းကခရစ္စတီယာနိုရော်နယ်ဒိုရဲ့အေးဂျင့်အဖြစ်ထမ်းဆောင်လာခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့၎င်းတို့အကြားတွင်အဆင်မပြေဖြစ်လာပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့စာချုပ်ကိစ္စရပ်များတွင်ပါဝင်လုပ်ဆောင်မှုနည်းပါးလာခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကွာတားမှထွက်ခဲ့ရပေမဲ့ ကမ္ဘာ့ဖလားငါးကြိမ်ဆက်ဂိုးသွင်းနိုင်တဲ့ပထမဆုံးကစားသမားအဖြစ်သမိုင်းမှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။
ZawGyi
ေရာ္နယ္ဒိုႏွင့္ေအးဂ်င့္မန္ဒက္စ္အၾကား ဆက္ဆံေရးအဆင္မေျပျဖစ္ေနၿပီး ကလပ္မ်ား ကစားသမားထံ တိုက္႐ိုက္ဆက္သြယ္ေန
ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ကာလရွည္ၾကာလက္တြဲလာတဲ့စူပါေအးဂ်င့္ေဂ်ာ့မန္ဒက္စ္တို႔အၾကားအဆင္မေျပျဖစ္ေနၿပီး၎တို႔အၾကားအကြဲအၿပဲျဖစ္လာေတာ့မွာျဖစ္ေၾကာင္းသတင္းထြက္ေနပါတယ္။
အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့လတုန္းကပီယာ့စ္ေမာ္ဂန္ႏွင့္အင္တာဗ်ဴးထြက္ေပၚလာၿပီးေနာက္မန္ခ်က္စတာယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရသူျဖစ္ပါတယ္။
သူဟာယူႏိုက္တက္မွထြက္ခြာလာၿပီးေနာက္ကလပ္လက္မဲ့အျဖစ္ေပၚတူဂီႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးေရးအာ႐ုံစိုက္ခဲ့ပါတယ္။
ဒါေပမဲ့ေပၚတူဂီဟာေမာ္႐ိုကိုအားရႈံးနိမ့္ကာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွထြက္ခြာခဲ့ရပါတယ္။
ဒါေၾကာင့္လည္းေရာ္နယ္ဒိုဟာကလပ္လက္မဲ့အျဖစ္ကာတာမွျပန္ခဲ့ရၿပီး ကလပ္သစ္ရွာေဖြမႈစတင္လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။
ေရာ္နယ္ဒိုဟာေဆာ္ဒီကလပ္အယ္ဟီလာႏွင့္အယ္နက္စ္တို႔ရဲ႕ဆက္သြယ္ျခင္းခံေနရသူလည္းျဖစ္ပါတယ္။
ဒါေပမဲ့သူဟာယင္းကမ္းလွမ္းမႈႏွစ္ခုလုံးကိုပယ္ခ်ထားျခင္းမရွိေသးဘဲအျခားကမ္းလွမ္းမႈမ်ားကိုလည္းေစာင့္ဆိုင္းေနပါတယ္။
ဒါေပမဲ့စပိန္သတင္းစာ AS ကကလပ္မ်ားဟာေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕အတြက္ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကိုမဆက္သြယ္ဘဲကစားသမားထံတိုက္႐ိုက္ဆက္သြယ္ေနေၾကာင္းသိရပါတယ္။
အသက္၅၆ႏွစ္ရွိမန္ဒက္စ္ဟာ၂၀၀၃ခုႏွစ္တုန္းကစပို႔တင္းလစၥဘြန္းမွယူႏိုက္တက္သို႔ေျပာင္းစဥ္ကတည္းကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအးဂ်င့္အျဖစ္ထမ္းေဆာင္လာခဲ့သူျဖစ္ပါတယ္။
ဒါေပမဲ့၎တို႔အၾကားတြင္အဆင္မေျပျဖစ္လာၿပီးေနာက္ ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕စာခ်ဳပ္ကိစၥရပ္မ်ားတြင္ပါဝင္လုပ္ေဆာင္မႈနည္းပါးလာခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ကြာတားမွထြက္ခဲ့ရေပမဲ့ ကမာၻ႔ဖလားငါးႀကိမ္ဆက္ဂိုးသြင္းႏိုင္တဲ့ပထမဆုံးကစားသမားအျဖစ္သမိုင္းမွတ္တမ္းေရးထိုးႏိုင္ခဲ့ပါတယ္။