
ဖီဖာကမ္ဘာ့ဖလားရဲ့တရားဝင်တွစ်တာအကောင့်ဟာခရစ္စတီယာနိုရော်နယ်ဒိုပရိသတ်များရဲ့တုံ့ပြန်မှုကြောင့်လီယွန်နယ်မက်ဆီနှင့်ပတ်သက်ပြီးတင်ထားတဲ့ပို့စ်ကိုဖျက်လိုက်ရပါတယ်။
လီယွန်နယ်မက်ဆီဟာအာဂျင်တီးနားကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ဦးဆောင်နိုင်ခဲ့ပြီးနောက် GOAT အဖြစ်ပရိသတ်များရဲ့တင်စားခြင်းခံနေရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုနှင့်မက်ဆီတို့အကြား GOAT နဲ့ပတ်သက်ပြီးအငြင်းပွားလာခဲ့တာနှစ်ပေါင်းများစွာကြာမြင့်လာပြီဖြစ်ပါတယ်။
ဖီဖာကမ္ဘာ့ဖလားရဲ့တွစ်တာအကောင့်ဟာတနင်္ဂနွေနေ့ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်အာဂျင်တီးနားအသင်းချန်ပီယံဖြစ်သွားပြီးနောက် ““The GOAT debate is settled. The ultimate prize is now part of the collection. The legacy is complete.””လို့ ရေးသားပို့စ်တင်ခဲ့ပါတယ်။
ဒါကြောင့်လည်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပရိသတ်များဟာဖီဖာကိုဘက်လိုက်ရေးသားတယ်ဆိုပြီးအကြီးအကျယ်ပေါက်ကွဲတုံ့ပြန်ခဲ့ကြပါတယ်။
ပရိသတ်အချို့တို့ကလည်းဖီဖာဟာမက်ဆီကိုဖက်လိုက်ပြီးကမ္ဘာ့ဖလားရရှိစေခြင်းကြောင်းရေးသားတုံ့ပြန်ခဲ့ကြပါတယ်။
ZawGyi
ရော်နယ်ဒိုပရိသတ်များရဲ့ဝေဖန်မှုကြောင့် လီယွန်မက်ဆီ GOAT ပို့စ်ကို ဖျက်လိုက်ရတဲ့ ဖီဖာ