ရော်နယ်ဒိုပြန်လာမည်ဟု စပို့တင်းလစ္စဘွန်းဥက္ကဌပြောကြား

စပို့တင်းလစ္စဘွန်းဥက္ကဌဖရီဒီရီကိုဗာရန်ဒက်စ်ကခရစ္စတီယာနိုရော်နယ်ဒိုမှာတစ်နေ့တွင်စပို့တင်းလစ္စဘွန်းသို့ပြန်လာမှာဖြစ်ကြောင်းပြောကြားသွားပါတယ်။

Ballon d’Or ဆုကိုငါးကြိမ်ဆွတ်ခူးထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်နှင့်တစ်နှစ်စာချုပ်ကျန်ရှိနေသေးသော်လည်းယခုရာသီအကုန်တွင်ထွက်ခွာမည်လို့သတင်းထွက်နေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ကသားဖြစ်သူကိုပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ရာစပို့တင်းလစ္စဘွန်းသို့ပြန်လည်ပြောင်းရေးအတွက်ဖျောင်းဖျပြောဆိုသွားမည်ဖြစ်ကြောင်းပြောကြားထားပါတယ်။

ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အေးဂျင့်ဂျော့မန်ဒက်စ်ကမူပေါ်တူဂီအသင်းခေါင်းဆောင်မှာယခုနွေတွင်စပို့တင်းလစ္စဘွန်းသို့ပြန်ပြောင်းဖွယ်မရှိကြောင်းပြောကြားထားပါတယ်။

စပို့တင်းဥက္ကဌဗာရန်ဒက်စ်က “တစ်နေ့မှာသူပြန်လာကစားမယ်လို့ထင်ပါတယ်။ချန်ပီယံအောင်ပွဲအတွက်ကျွန်တော့်ဆီကိုဂုဏ်ပြုကြောင်းမက်ဆော့ချ်ပို့တဲ့သူတွေထဲမှာသူကအဦးဆုံးထဲမှာပါဝင်ပါတယ်။အခုသူ့မှာဂျူဗင်တပ်နှင့်တစ်နှစ်စာချုပ်ကျန်ပါသေးတယ်။သူဟာချန်ပီယံလိဂ်ကစားချင်တယ်လို့ထင်ပါတယ်။သေချာတာကတော့သူပြန်လာရင်တော့အသင်းအတွက်ကြီးကျယ်တဲ့ကစားသမားတစ်ဦးအားဖြည့်မှုဖြစ်လာပါမယ်။ခရစ္စတီယာနိုကစပို့တင်းရဲ့အမာခံပရိသတ်ကြီးတစ်ဦးပါ”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၈ခုနှစ်တွင်ဂျူဗင်တပ်သို့ပြောင်းရွှေ့လာပြီးနောက်မကြာသေးမီတုန်းကဂိုး၁၀၀ပြည့်သွင်းယူနိုင်ခဲ့သူဖြစ်ပြီးဂျူဗင်တပ်သမိုင်းတွင်ဂိုးရာပြည့်အမြန်ဆုံးပြည့်သူဖြစ်လာခဲ့ပါတယ်။

ဂျူဗင်တပ်ဟာယခုညမှာကစားမယ့်ဘိုလော့ဂ်နာနှင့်ပွဲတွင်အနိုင်ရရှိပြီးအေစီမီလန်(သို့မဟုတ်)နာပိုလီတို့ကနိုင်ပွဲမရရှိမှသာလျှင်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါမယ်။

ZawGyi

ေရာ္နယ္ဒိုျပန္လာမည္ဟု စပို႔တင္းလစၥဘြန္းဥကၠဌေျပာၾကား

စပို႔တင္းလစၥဘြန္းဥကၠဌဖရီဒီရီကိုဗာရန္ဒက္စ္ကခရစၥတီယာႏိုေရာ္နယ္ဒိုမွာတစ္ေန႔တြင္စပို႔တင္းလစၥဘြန္းသို႔ျပန္လာမွာျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

Ballon d’Or ဆုကိုငါးႀကိမ္ဆြတ္ခူးထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္ႏွင့္တစ္ႏွစ္စာခ်ဳပ္က်န္ရွိေနေသးေသာ္လည္းယခုရာသီအကုန္တြင္ထြက္ခြာမည္လို႔သတင္းထြက္ေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မိခင္ကသားျဖစ္သူကိုပေရာ္ဖက္ရွင္နယ္ကစားသမားဘဝစတင္ရာစပို႔တင္းလစၥဘြန္းသို႔ျပန္လည္ေျပာင္းေရးအတြက္ေဖ်ာင္းဖ်ေျပာဆိုသြားမည္ျဖစ္ေၾကာင္းေျပာၾကားထားပါတယ္။

ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကမူေပၚတူဂီအသင္းေခါင္းေဆာင္မွာယခုေႏြတြင္စပို႔တင္းလစၥဘြန္းသို႔ျပန္ေျပာင္းဖြယ္မရွိေၾကာင္းေျပာၾကားထားပါတယ္။

စပို႔တင္းဥကၠဌဗာရန္ဒက္စ္က “တစ္ေန႔မွာသူျပန္လာကစားမယ္လို႔ထင္ပါတယ္။ခ်န္ပီယံေအာင္ပြဲအတြက္ကြၽန္ေတာ့္ဆီကိုဂုဏ္ျပဳေၾကာင္းမက္ေဆာ့ခ်္ပို႔တဲ့သူေတြထဲမွာသူကအဦးဆုံးထဲမွာပါဝင္ပါတယ္။အခုသူ႔မွာဂ်ဴဗင္တပ္ႏွင့္တစ္ႏွစ္စာခ်ဳပ္က်န္ပါေသးတယ္။သူဟာခ်န္ပီယံလိဂ္ကစားခ်င္တယ္လို႔ထင္ပါတယ္။ေသခ်ာတာကေတာ့သူျပန္လာရင္ေတာ့အသင္းအတြက္ႀကီးက်ယ္တဲ့ကစားသမားတစ္ဦးအားျဖည့္မႈျဖစ္လာပါမယ္။ခရစၥတီယာႏိုကစပို႔တင္းရဲ႕အမာခံပရိသတ္ႀကီးတစ္ဦးပါ”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၈ခုႏွစ္တြင္ဂ်ဴဗင္တပ္သို႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္မၾကာေသးမီတုန္းကဂိုး၁၀၀ျပည့္သြင္းယူႏိုင္ခဲ့သူျဖစ္ၿပီးဂ်ဴဗင္တပ္သမိုင္းတြင္ဂိုးရာျပည့္အျမန္ဆုံးျပည့္သူျဖစ္လာခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာယခုညမွာကစားမယ့္ဘိုေလာ့ဂ္နာႏွင့္ပြဲတြင္အႏိုင္ရရွိၿပီးေအစီမီလန္(သို႔မဟုတ္)နာပိုလီတို႔ကႏိုင္ပြဲမရရွိမွသာလွ်င္ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိပါမယ္။